ပန်ချာဂါရ်ယာ
အကြောင်းပြောရာမှာ အိန္နိယနိုင်ငံသားများဟာ နွားကို အမေမိဘလို တင်စားကြ
သလို တင်စားလောက်အောင် နွားမှထွက်ကုန် မှန်သမျှကို လူ၊ တိရိစ္ဆာန်၊
စိုက်ခင်းတွေမှာ အလေအလွင့်မရှိအသုံးပြုလို့ အကျိုးများလှပါတယ်။ နွားနို့၊
နွားချေး၊ နွားသေး စတာတွေကို ထုတ်ကုန် ပုံစံမျိုးစုံနဲ့ ရှေးယခင်တည်းက
အသုံးပြုလာတာ ယနေ့ထိပါပဲ။ မင်္ဂလာပွဲတွေ၊ နေ့ထူးနေ့မြတ် တွေမှာ သူတို့ဟာ
နွားသေး gomutra ကို လာသမျှလူများကို တည်ခင်းတိုက်ကျွေးတဲ့ အလေ့ အထဟာ
မြန်မာပြည်
ဂေါ်ရခါးလူမျိုး၊ ဟိန္နူလူမျိုးများပါ ကျင့်သုံးကြပါတယ်။ ကျန်းမာရေးအ ထောက်အကူပြု ဆေးတစ်လက်လို့ ဆိုကြပါသေးတယ်။
ပန်ချာဂါရ်ယာဟာ နွားကနေ အခြေခံ ၅မျိုး၊ အပင်က အခြေခံ ၄မျိုး ရောစပ်ထုတ်တဲ့ ဆေးစွမ်း ကောင်းတစ်ခုပါ။
နွားချေးအစို ၇ကီလို
ထောပတ် ၁ကီလို သို့မဟုတ် ၆၅ကျပ်သား
အထက် ပစ္စည်း ၂မျိုးဟာ အပင်ကြီးထွားမှု ပန်းပွင့်များ သန္ဓေအောင်စေသော အာနိသင်အတွက် ရည်ရွယ် ထည့်သွင်းကြပါတယ်။ မနက်စောစော ညနေပိုင်းတို့မှာ အဓိကထား ရောစပ်ပြီး ၃ရက် ကြာ ထားရှိလိုက်ပါတယ်။
နွားသေး ၁၀လီတာ
ရေ ၁၀လီတာ
နွားသေး ၁၀လီတာ + ရေ ၁၀လီတာကို အပေါ်က သိမ်းစည်းထားတဲ့ နွားချေး ထောပတ် အရောမှာ မနက်ခင်း သို့မဟုတ် ညနေအချိန်မှာ ထပ်မံဖျော်ထည့်လိုက်ပါတယ်။ ထိုဖျော်ရည်ကို ၁၅ ရက်ကြာ ဖုံးအုပ်ပြီး အရိပ်အောက်မှာ သိမ်းပေးဖို့ လိုပါလိမ့်မယ်။
နွားနို့ ၃လီတာ
ဒိန်ချဉ် (buttwrmilk) ၂လီတာ
ထန်းလျက် ၁ကီလို
အုန်းရည် ၃လီတာ
ဒုတိယအဆင့်
အထက်ပါ ပစ္စည်းများကို ဖျော်ရည်တွင် ထပ်မံ ဖျော်စပ်ပြီး
ဖုံးအုပ်ပြီး အရိပ်အောက်မှာ သိမ်းပေးဖို့ လိုပါလိမ့်မယ်။ အိုးကို မြေအိုး အသုံးပြုပါက ပိုမိုကောင်း မွန်စေပြီး ရက်၃၀ခန့် ထားရှိပေးလျှင် ကောင်းမွန်တဲ့ ပန်ချာဂါရာကို ရပါလိမ့်မယ်။
ပန်ချာဂါရ်ယာ နောက်တစ်နည်း
နွားချေးအစို ၅ကီလို
ထောပတ် ၅၀၀ဂရမ်
နွားသေး ၃လီတာ
နွားနို့ ကျိုပြီး အအေးခံ ၂လီတာ
ငှက်ပျောသီးမှည့် ၁၂လုံး ဖီးကြမ်းပိုကောင်းပါသည်။
သကာရည် ၅၀၀ဂရမ်
ရေ ၃လီတာ
အုန်းရည် ၃လီတာ
စပျစ်သီးဖျော်ရည် ၂လီတာ
ပြုလုပ်နည်း
မနက်စောစော ညနေ ပိုင်းတို့မှာ အဓိကထားပြီး နွားချေး ထောပတ် ရောစပ်ပြီး ကြေညက်အောင် နယ်ကာ ၃ရက် ကြာ ထားရှိလိုက်ပါတယ်။
၎ရက်မြောက်နေ့တွင် နွားသေး ၁၀လီတာ + ငှက်ပျောသီး + အုန်းရည်+ သကာရည် + စပျစ်ဖျော်ရည် + ရေ ၁၀လီတာ ကို အပေါ်က သိမ်းစည်းထားတဲ့ နွားချေး ထောပတ် အရောမှာ မနက်ခင်း သို့မဟုတ် ညနေအချိန်မှာ ထပ်မံဖျော်ထည့်လိုက်ပါတယ်။ ထိုဖျော်ရည်ကို ၁၅ရက် ကြာ ဖုံးအုပ်ပြီး အရိပ်အောက်မှာ သိမ်းပေးဖို့လိုပါလိမ့်မယ်။ နေ့စဉ် မနက်တစ်ကြိမ် ညတစ်ကြိမ် သစ်သားတုတ်ဖြင့် မွှေပေးပါ။
၁လ ကျော်လျှင် ပန်ချာဂါရ်ယာ ဖျော်ရည်ရရှိပြီး အေး၍ခြောက်သွေ့သောနေရာတွင် သိမ်းစည်းပါ က ၂လ အထိ အသုံးပြုလို့ရပါတယ်။
အသုံးပြုပုံ
ပန်ချာဂါရာ ၆၀ - ၈၀စီစီ (ဟင်းစားဇွန်း ၆ဇွန်းမှ ၈ဇွန်း) ရေ ၄ ဂါလံဖြင့် မနက်စောစော ညနေ နေအေးချိန် ဖျန်းပေးပါက ပိုမို ထိရောက်စေပါတယ်။
အကျိုးကျေးဇူး
ပန်ချာဂါရာဆေးကို အပင် စိုက်ခင်းများသာမက လူနှင့် တိရိစ္ဆာန်များပါ ကျန်းမာရေးဓာတ်စာ အဖြစ် သောက်သုံးမှီဝဲပြပါသေးတယ်။ စိုက်ခင်းများတွင်
၁။ အရွက်များများထွက်ခြင်း အရွက်အရွယ်စားကြီးမားသည့်အပြင် အစာချက်နှုန်း ပိုမိုကောင်း မွန်အောင် ထောက်ပံ့ပေးပါတယ်။
၂။ ကိုင်းဝေ ကိုင်းထွက်အား ပိုမိုတိုးတက်စေပါတယ်။
၃။ အမြစ်သစ်ထွက်ရှိမှု ပိုမိုကောင်းမွန်ကာ အမြစ်ကုတ်အားကအစ တိုးတက်စေပါတယ်။
ဝက်များအတွက်
ဟင်းစားဇွန်း ၁ဇွန်းမှ ၅ဇွန်း သောက်ရေမှာ ထည့်သွင်းကျွေးမွေးပါက အသားတိုး ဝိတ်ချိန်တိုး ရန် အထောက်ကူပြုပါတယ်။
ကြက်များအတွက်
တစ်ကောင်ကို ၁၀စီစီ နှုန်း ထည့်သွင်းကျွေးမွေးပေးရင် ကျန်းမာသန်စွမ်း ရောဂါကင်းစေပါ တယ်။
နွားများအတွက်
ဟင်းစားဇွန်း ၁၀ဇွန်းမှ ၁၅ဇွန်း သောက်ရေမှာ ထည့်သွင်းကျွေးမွေးနိုင်ပြီး ကောက်ရိုးကို ပုလဲ စိမ်ကျွေးရာမယ့်နေရာမှာ ပုလဲအစား ပန်ချာဂါရာ အစားထိုးနိုင်ပါတယ်။
ငါးကန်များမှာ
နွားချေးကို ပန်ချာဂါရ်ယာ နဲ့ ရောစပ် ထည့်ပေးပါက ငါးစာ၊ ရေညှိများတိုးတက်ပြီး ရေတွင်း အောက်စီဂျင်ပမာဏ ပိုတိုးစေပါတယ်။
လူများအတွက်
ပါကစ်စတန် ရောဂါ၊ ဆီးချို ရောဂါတွေနဲ့ ကိုယ်ခံအားမြင့်တင်ရန် ဓာတ်စာအဖြစ် အိန္ဒိယလူမျိုး များ အသုံးပြုကြပါတယ်။
ပန်ချာဂါရ်ယာ အကြောင်းအသေးစိတ်ကို ထပ်မံတင်ပေးပါမည်။
အပင်ဆေးဖျန်းရာတွင် အသုံးပြုပါက
ပန်ချာဂါရ်ယာ၂၅လီတာ ကို ရေဖျန်းစနစ်တွင် ထည့်သွင်း ပို့လွှတ်နိုင်ပါတယ်။
မျိုးစေ့လူးနယ်ဆေးအဖြစ်
ဟင်းစားဇွန်း ၁၀ဇွန်း ရေ တစ်ဂါလံနှုန်းဖြင့် မျိုးစေ့များကို ၂၀ မိနစ်စိမ် စိုက်နိုင်ပါတယ်။
ဆေးဖျန်းချိန်
ပန်းမပွင့်ခင် သီးနှံအမျိုးအစားလိုက်ပြီး ပန်းမပွင့်ခင် ၁၀ ရက်မှ ၁၅ ရက်ခြား ၂ကြိမ် အသုံးပြုရ ပါမယ်။
ပန်းပွင့်ပြီး အသီးယူချိန် ၁၀ ရက်ခြား ၂ကြိမ်
အသီးရင့်မှည့်ချိန် ၁ကြိမ် အသုံးပြုရပါမယ်။
ပန်ချာဂါရ်ယာ လို ဆင်တူဆေးနည်း Amrut Jal
နွားချေးစို ၁ကီလို
နွားသေး ၁လီတာ
ထန်းလျက် ၅၀ ဂရမ်
ရေ ၁၀လီတာ
ငှက်ပျောသီး ၆လုံး
- ပါဝင်ပစ္စည်းများကို အရည်ဖြစ်အာင် ခြေမွပြီး အိုးတစ်လုံးတွင် ဖျော်ပါ။
- မွှေရာတွင် တဘက်သတ်မွှေပေးပါ။ ၁၅ရက်ကျော်လျှင် သုံးလို့ရပါပြီ။
အသုံးပြုပုံ
ရေသွင်းစိုက်ခင်းတွေမှာ သွင်းရေအဖြစ် ၃ရက်ခြား ၅ရက်ခြား ထည့်သွင်းပေးခြင်းဟာ မြေတွင်း အဟာရနဲ့ အကျိုးပြု အနုဇီဝပိုးတွေ တိုးတက်စေပါတယ်။ မျိုးစေ့စီရင်ဆေးအဖြစ် ဟင်းစားဇွန်း ၁၀ ဇွန်း ရေတစ်ဂါလံနှုန်းဖြင့် မျိုးစေ့များကို ၂၄ နာရီစိမ် စိုက်နိုင်ပါတယ်။
ref; TNAU organic farming
Organic Terrace
ကျွန်တော် ငတုံးပါ။
Khant Zaw Htet

No comments:
Post a Comment