Showing posts with label အထွေထွေဗဟုသုတ. Show all posts
Showing posts with label အထွေထွေဗဟုသုတ. Show all posts

Wednesday, April 1, 2020

PayPal အကောက် Verify အလွယ်တကူ လုပ်နည်း




PayPal အကောက်ကို Verify ဖြစ်အောင် လုပ်မယ် ဆိုရင် အရင်က ကျွန်တော်ပြောခဲ့သလို VisaCard တို့  Master card တို့ လိုအပ်ပါတယ် ကျွန်တော်က အခု ထိုင်းမှာ နေတဲ့ အတွက် ထိုင်းနိုင်ငံက ကဒ်တွေကို အခြေခံပြီး ပြောပြပေးသွားပါမယ်.. ကျွန်တော်ကတော့ ထိုင်းဘဏ် တစ်ခုဖြစ်တဲ့ K-Bank မှာ VISA card တစ်ခု ကျွန်တော့် နာမည်နဲ့ လုပ်လိုက်ပါတယ် ..။ ရိုးရိုးက ဘတ် ၃၀၀ အာမခံနဲ့က ဘတ် ၈၀၀ ဖြစ်ပါတယ်..။ ဒါပေမဲ့ ကဒ်လုပ်ပြီးတာနဲ့ တစ်ခါတည်း အင်တာနက်မှာ သုံးလို့ မရသေးပါဘူး အင်တာနက်မှာ သုံးလို့ ရဖို့အတွက် Bank service ထဲဝင်ပြီးတော့ internet shopping  ပြန်လုပ်ရပါတယ်။

Friday, January 10, 2020

ဆားဝက်ခြံအတွက် သဘာဝ နည်းလမ်းကောင်းများ




 ဒီဆောင်းပါးလေးမှာတော့ ဆားဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေနိုင်တဲ့ ရိုးရှင်း လွယ်ကူတဲ့ သဘာဝနည်းလမ်း လေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။


မုန်လာဥနီကိုအနှစ်ဖြစ်အောင်ကျိတ်ပြီးမျက်နှာမှာလူးပါ။ဆားဝက်ခြံတွေသိသိသာသာ ပျောက်ကင်းသွားတာ

တွေ့ရမှာ ဖြစ်ပါတယ်။

လိမ္မော်သီးအခွံကို ကျိတ်ပြီး ရေနဲ့ပျစ်ပျစ်လေး ရောမွှေ ပေးပါ။ ဆားဝက်ခြံရှိတဲ့ နေရာတွေကို သုတ်လိမ်းပြီး တစ်ည ထားလိုက်ပါ။ ပျောက်ကင်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
 
ပူဒီနာရွက် အရည်နဲ့ နနွင်းမှုန်ကို ရောပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေကို လိမ်းပေးပါ။ မိနစ် ၃ဝ လောက် ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ 


ဆားဝက်ခြံရှိတဲ့ နေရာမှာ သွားတိုက်ဆေး သုတ်လိမ်းပြီး ခြောက်သွားတဲ့အခါ ခွာချလိုက်ရင်လည်း ဆားဝက်ခြံတွေ ပျောက်ကင်း သွားမှာဖြစ်ပါတယ်။

Saturday, December 1, 2018


မိမိစိုက်ပျိုးမယ့်မြေကွက်ရဲ့ မြေဆီလွှာဖွဲ့စည်းပုံကို စစ်ဆေးကြည့်ရှု့ပါ။ အကြမ်းဖျင်းခံစားကြည့်နိုင်ရင် ကောင်းပါတယ်။ မြေကြီးအနည်းငယ်ကို မိမိရဲ့ လက်ညှိုးနဲ့လက်မကြားထည့်ပြီး ပွတ်ကြည့်လိုက်ပါ။ မြေကြီးအမှုန်တွေက နူးညံ့ချောမွေ့ နေရင်တော့ ရွှံ့မြေလို့ အကြမ်းဖျင်းမှတ်နိုင်ပြီး အကယ်၍ လက်ထဲမှာ ကြမ်းတမ်းနေမယ်ဆိုရင်တော့ သဲမြေပေါ့။
ထို့အတူ မြေကြီးကိုယူပြီး ဆုပ်ကိုင်ကြည့်လိုက်ပါ။ အလွယ်တကူ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသလား။ ဒါမှမဟုတ် စေးကပ်နေသလား။ ဒါမှမဟုတ် ပေါင်ဒါမှုန့်လို မှုန့်ညံ့နေသလား။ မာနေသလားပေါ့။ မြေသားကောင်းတာကတော့ အားလုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားတာမျိုး မဟုတ်ရပါဘူး။

Wednesday, November 21, 2018

စ⁠တော်​ဘယ်​ရီပင်​ စိုက်​ပျိုး​နည်

28277361_1993502257582242_4997370869519982345_n.jpg
⁠မြန်​မာအမည်​ – စ⁠တော်​ဘယ်​ရီ
အင်္ဂလိပ်​အမည်​ – STRAWBERRY
ရုက္ခ⁠ဗေဒအမည်​ – Fragaria virginiana
မျိုး​ရင်း​အမည်​ – ROSACEAE
၁။ မူရင်း​⁠ဒေသ
ေ⁠မြာက်​အ⁠မေရိက။
၂။ မျိုး​များ
ရှမ်း​⁠ပြည်​နယ်​ ဟိုပုံး​⁠မြို့​နယ်​၊ မဲနယ်​⁠တောင်​⁠ဒေသတွင်​ ပအိုဝ်​နီမျိုး​ကို စိုက်​ပျိုး​⁠ပြီး​ ⁠ပြင်​ဦး​လွင်​⁠မြို့​နယ်​တွင်​မူ စစ်​မ⁠ဖြစ်​မီက ⁠ရောက်​ရှိလာခဲ့​⁠သော မျိုး​များ​မှ ပွား​များ​စိုက်​ပျိုး​လာခဲ့ေ⁠ကြာင်း​ သိရပါသည်​။
အသီး​အ⁠ရောင်​အဆင်း​မှာ အနီ၊ ပန်း​⁠ရောင်​⁠နှင့်​​ အ⁠ဖြူ⁠ရောင်​များ​⁠တွေ့​ရ⁠ပြီး​ အသီး​ပုံသဏ္ဍန်​မှာ ထုလုံး​ချွန်​ပုံမှ

Saturday, October 20, 2018

လက်တွေ့အသုံးချ ဆေးနည်းတို (ဆေးမြီးတို)များ (၆၂)


ကြည်လွင်မြင့်(မုဒြာ)
ဆရာကြီးရှင့်၊ သင်္ဘောရွက်က ကင်ဆာပျောက်တယ် ပြောတာ အဖိုပင်နဲ့ အမပင် ဘယ်အရွက်ကို သောက်ရ တာလဲ၊  ဘယ်လိုသောက်ရတာလဲ   သိချင်လို့ပါ။ ကျေးဇူးပြုပြီး ပြောပြပေးပါရှင့်။
ကင်ဆာရောဂါအတွက် တိုင်းရင်းဆေးကို ယုံကြည် သုံးစွဲလိုသူတွေ တစ်ဖက်တစ်လမ်းက အထောက်အကူ အဖြစ် သင်္ဘောရွက်ပြုတ်ရည် သောက်သုံးကြပါတယ်။ တစ်နေ့ကို ပြုတ်ရည် မတ်ခွက်တစ်လုံးကနေ နှစ်လုံးထိ သောက်သုံးတာတွေ့ရပါတယ်။ တချို့ကလည်း သတ္တုရည် (သင်္ဘောရွက်ကို ကြိတ်ပြီး ရရှိတဲ့အရည်) ဟင်းစား ဇွန်း နှစ်ဇွန်းကို ပျားရည်တစ်ဇွန်း စပ်ပြီး သောက်သုံးတာ တွေ့ဖူးပါတယ်။ ရောဂါဝေဒနာ သက်သာတာတွေလည်း တွေ့ဖူးပါတယ်။ မထူးခြားတဲ့သူလည်း ရှိပါတယ်။ အဖို ပင်နဲ့

Tuesday, October 16, 2018

ကလေးတွေကို အသီးအရွက်စားဝင်အောင် ဘယ်လိုကျွေးမလဲ?



ကလေးတွေကို အသီးအရွက်ကျွေးရတာဟာ မေမေတို့ အတွက်အခက်ခဲဆုံး အလုပ်လို့တောင်ပြောလို့ ရပါတယ်။ ကိုယ့်ကလေးကို အသီးအရွက်ကလည်း ကျွေးချင် ကလေးက လုံးဝမစား နဲ့ တော်တော် စိတ်ညစ်ရပါတယ်။ တချို့မေမေ တွေဆို လက်လျှော့ပြီး ဆက်မကျွေးတော့ပါဘူး။ ကျမပြောချင်တာကတော့ လွယ်လွယ် လက်မလျှော့ကြပါနဲ့လို့။ အသီးအရွက် စုံလင်အောင်စားမှ ကလေးငယ်ဟာ ကောင်းကောင်း

Sunday, October 14, 2018

သင်္ဘောပွင့်အကြောင်း သိကောင်းစရာ



ကင်ဆာကို ကာကွယ်ခြင်း
ဖောရောင်ခြင်းနှင့် ကင်ဆာ ဖြစ်စေသော tumor cell များ စတင်ဖြစ်ပေါ်ချိန် ရောင်ရမ်းမှုနှင့် ကြီးမားလာစေသော နှုန်းကို လျော့ချ ပေးသည်။

Ulcer များကို ပျောက်ကင်းစေနိုင် ခြင်း
မြင့်မားသော အင်တီအောက် ဆီးဒင့်များ ပါဝင်သဖြင့် ၀မ်းဗိုက် အတွင်း ရောင်ရမ်းမှုများအတွက်

ရုံးပတီသီး၏ ကျန်းမာရေးအစွမ်းများ



ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ရင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး မေးလာသူများအတွက် နည်းလမ်း ရှာကြည့်လိုက်တော့ အလွယ်တကူ ၀ယ်ယူ သုံးစွဲနိုင်တဲ့ ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်တစ်ခု ရှာတွေ့လိုက်ပါတယ်။ အဲဒါကတော့ ရုံးပတီသီးပါပဲ။

ဒါကို အမျိုးသား အမျိုးသမီး ဆီးချိုဖြစ်နေသူတိုင်း စားသောက်နိုင်ပါတယ်။ ရုံးပတီသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အာဟာရဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ fiber အမျှင်ဓာတ်၊ ဗစ်တာမင် အေ၊ စီ နဲ့ folate လို့ခေါ်တဲ့ ဖောလစ်အက်ဆစ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဗစ်တာမင် ဘီ၊ ဗစ်တာမင် ကေ၊ ကယ်လ်စီယမ်၊

Sunday, September 16, 2018

ပိုတက်စီယမ်နိုက်ထရိတ် (ယမ်းစိမ်း)

Photo - potasium nitrate

ယမ်းစိမ်းဟုလူသိများသော ဓာတုပစ္စည်းကို အသွင်နှစ်မျိုးနှင့် တွေ့နိုင်သည်။ ပထမတစ်မျိုးမှာ ပိုတက်စီယမ်နိုက်ထရိတ် ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ဆိုဒီယမ်နိုက်ထရိတ်ဖြစ်သည်။ ထို ဓါတ်ပေါင်းနှစ်မျိုးလုံးကို မြေဩဇာအဖြစ် အသုံးပြုနိုင်သော် လည်း ပိုတက်စီယမ်နိုက်ထရိတ်ကိုသာ

Friday, August 31, 2018

နဂါး‌မောက်‌ စိုက်‌ပျိုးခြင်းနှင့် နဂါးမောက်သီး၏ အကျိုးကျေးဇူးများ==




.နဂါး‌မောက်‌ စိုက်‌ပျိုးခြင်းနှင့် နဂါးမောက်သီး၏ အကျိုးကျေးဇူးများ=============
=========================နဂါးမောက်စိုက်ပျိုးခြင်းနဂါးမောက်သီးမှာမြန်မာနိုင်ငံ အတွက် သစ်သီးပင် အသစ် တစ်မျိုးဖြစ်သည်။ဈေးကွက် အလားအလာကောင်း သဖြင့်စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံ တစ်မျိုးဖြစ်ပါ သည်။ အသီး ပုံသဏ္ဍာန်နှင့် အသီးအခွံ အရောင်(အနီနှင့်ပန်ရောင်) မှာ ဆွဲဆောင်မှု ရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များပန်းခြံများတွင် အလှပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။ မူရင်းဒေသ မျိုးစု(Hylocerus) အောက်တွင်မျိုးစိပ်ပေါင်း(၂၆)ခုရှိရာမျိုးစိန်အလိုက်မူရင်းေ

Wednesday, August 15, 2018

ကွမ်းရွက် ၏ပင်ကိုယ်အစွမ်းများ


ကွမ်းရွက် ညှစ်၍ ရသော သတ္တုနှင့် ဂျင်းပြုတ်ရည်၊ ဆားအနည်းငယ်နှင့် တိုက်ကျွေးပါက
ပန်းနာ ရင်ကျပ်၊ ရင်အောင့် ရင်ကယ်၊ ကြက်ညှာ ချောင်းဆိုး ရောဂါများ ပျောက်၏။

ကလေးများ လေပွခြင်း၊ အစာ မကြေဖြစ်ခြင်း၊ ၀မ်းသွားခြင်း၊ ဖျာ...းနာခြင်းများ၌ ကွမ်းရွက် သတ္တုရည်နှင့် ပျားရည်များ ရော၍ တိုက်ကျွေးလျှင် ပျောက်ကင်း နိုင်၏။


ကွမ်းသီး သွေး၍လိမ်းပေးစေခြင်းဖြင့်မီးလောင်အမာရွတ် ပျောက်ကင်း


မီးလောင်, အပူလောင်, ဆီပူလောင်သူများအား ကြုံတွေ့ခဲ့ရပါက ခရုသင်းကဲ့သို့ အဖြူကွက်နှင့် အပူလောင်အမာရွတ်ကျန်မနေရစ်ဘဲနဂိုအသားအရေရောင်ကဲ့သို့ ပြန်လည်ဖြစ်စေရန်  (အနာသက်သာ ပျောက်ကင်းစမှစ၍)  ကွမ်းသီးအား ကျောက်ပျဉ်တွင် သွေး၍ရရှိသောကွမ်းသီးအရည်အား နေ့စဉ် မကြာခဏ အနည်းဆုံး တနေ့(၃)ကြိမ်ထက်မနည်း

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ


ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ

Saturday, July 7, 2018

ချဉ်ပေါင်ဖာလာ စိုက်ပျိုးနည်း




ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၂၀၀၀-၄၀၀၀) အတွင်း ဖြစ်ထွန်းမှုကောင်းသည်။ အမြင့်ပေ (၁၀၀၀)အောက်တွင် အပင်ဖြစ်ထွန်းမှု ကောင်းမွန်သော်လည်း သီးပွင့်မှုနည်းပါး၍ အချို့နေရာများတွင် သီးပွင့်မှု မရှိသည်ကို တွေ့ရသည်။
ရာသီဥတုအနေဖြင့် စွတ်စိုမှုများပြား၍ အေးမြေသာရာသီကို နှစ်သက်သည်။ နှစ်စဉ် ပျမ်းမျှမိုးရေချိန် (၁၂၀-၁၆၀) လက်မအတွင်း ပျမ်းမျှအပူချိန် (၁၃-၂၅) ဒီဂရီစင်တီဂရိတ် အတွင်းရှိသော ဒေသများ တွင်

Friday, June 1, 2018

ရွက်ဖျန်းအားဆေး (ရွက်ဖျန်းအာဟာရရည်များ) ရဲ့ ကောင်းကျိုးအာနိသင်များ






“အပင်တစ်သျှူးများရဲ့ ၉၆% ကို ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ ကာဗွန်နဲ့ ဖွဲ့စည်းထားပြီး ကျန် ၄% ကို N-P-K ပမာဏ ၂.၇ % နဲ့ အခြားသော အနည်းလို အာဟာရဒြပ်စင်များ ၁.၃% နဲ့ ဖွဲ့စည်းထားပါတယ်။”
ရွက်ဖျန်းအားဆေးဆိုတာ ဘာလဲ??
အပင်ကိုအာဟာရများရရှိအောင် အရည်ပုံစံနဲ့ ဖျန်းပက်ကျွေးရတဲ့ အရည်မှန်သမျှကို ရွက်ဖျန်း အားဆေးလို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ ယနေ့ခေတ်မှာ တွင်ကျယ်စွာသုံးနေကြတဲ့ ရွက် ဖြန်းဆေးရည်ပြင်းများမှာတော့ N-P-K အာဟာရဓါတ်များကို လိုချင်တဲ့ အချိုးအစားနဲ့ အပင် က လျှင်မြန်စွာ စုပ်ယူနိုင်အောင် ခေတ်မီစွာ ဖော်စပ်ထားပြီးဖြစ်လို့ ရေနဲ့ရောစပ်ကာ အလွယ်တ ကူဖျန်းလိုက်ရုံပါပဲ။ မြေအတွင်း ကြဲပက်/ထည့်သွင်းကျွေးရတဲ့ မြေသြဇာအတုံးအခဲများလို အပင် မှ လွယ်ကူလျင်မြန်စွာ မစုပ်ယူနိုင်တဲ့ ပုံစံအဖြစ်နဲ့ရှိနေမှာ၊ သွင်းရေထုတ်ရေတို့နဲ့အတူ ပျော်ဝင် ဆုံးရှုံးသွားမှာလည်း

အာဟာရချို့တဲ့ပြသနာနဲ့ ရွက်ဖျန်းဆေးများ






ရွက်ဖျန်းအားဆေး အသုံးပြုခြင်းသာလျှင် အာဟာရချို့တဲ့ပြသနာကို အလျှင်မြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြေရှင်း ပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ချို့တဲ့နေတဲ့အာဟာရဓါတ်တစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပိုတဲ့ အာဟာရဓါတ်များကို ရွက်ဖျန်းအားဆေးရည် ဖျော်စပ်မှုပုံစံအတွင်း ရောစပ်ထည့်သွင်းရုံနဲ့ အာဟာရချို့တဲ့ ပြသနာဟာ ရက်အနည်းငယ်အတွင်း သိသိသာသာ သက်သာသွားစေနိုင်ပါတယ်။ အချို့မြေများမှာ အာဟာရဓါတ် များဟာ အပင်မြစ်များကနေ အလွယ်စုပ်ယူမရနိုင်တဲ့ပုံစံနဲ့

Thursday, May 31, 2018

ကြက်သား ဒန်ပေါက်

ကြက်သား ဒန်ပေါက် (၈ယောက်စာ)

မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။ မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…

Wednesday, May 16, 2018

ဓာတုမြေဩဇာများ သုံးစွဲခြင်း






မြေဆီလွှာအတွင်း ဖြစ်နိုင်သမျှ အာဟာရဓာတ်များ ဖြည့်စွက်ပေးရန် နိုက်တြိုဂျင်၊ ဖော့စဖရပ် နှင့် ပိုတက်စီယမ် မြေဩဇာများကို သုံးစွဲပေးရန် ဖြစ်ပါသည်။ လိုအပ်သော မြေဩဇာပမာဏမှာ ဇီဝ မြေဩဇာများနှင့် မြေဆီလွှာ ဓာတ်ခွဲစစ်ဆေးချက်များမှ ထောက်ခံပေးထားသော မြေဆီလွှာရှိ ယင်း အာဟာရဓာတ်များနှင့် သီးနှံပင်မှ စုစုပေါင်း လိုအပ်ချက်ထက် လျော့နည်းနေမှုဖြင့် ဆုံးဖြတ်ရန် ဖြစ်ပါသည်။
 မည်သို့ပင်ဖြစ်စေ ဓာတုမြေဩဇာများကို အသုံးပြုခြင်း နည်းလမ်းများ ရှိပါသည်။ လိုအပ် သော နိုက်တြိုဂျင်ဓာတ်မြေဩဇာသည် အပင်၏ ဖြည့်စွက်ပေးရမည့် နိုက်တြိုဂျင် လိုအပ်မှုကို အကောင်းဆုံး ရရှိစေရန် သီးနှံစိုက်ပျိုးသည့် ရာသီကာလအတွင်း အကြိမ်ကြိမ် ထည့်သွင်းပေးရမှုပင် ဖြစ်ပါသည်။

Monday, May 14, 2018

အရေးကြီးသည့် ပင်ကြားတန်းကြား





လျော်ဖြူ စိုက်ပျိုးနေသူအကြား လတ်တလောကာလတွင် အငြင်းပွားနေကြသော ပြဿနာ(၂)ခုရှိနေပါသည်။
(က) အစေးထုတ်နည်းစနစ်
(ခ) စိုက်စနစ် (ပင်ကြားတန်းကြား) တို့ဖြစ်ပါသည်။
(က) အစေးထုတ်နည်းစနစ်တွင် ဒေသအလိုက် ရာသီဥတု အခြေအနေအပေါ် မူတည်၍ အစေးထွက်နှုန်းကောင်းရန် အရည်အသွေးကောင်းရန် အပင်ထိခိုက်မှုမရှိရန် ဆောင်ရွက်နေကြသော နည်းစနစ်ဖြစ်၍ ထိုနည်းစနစ်တို့၏ အားနည်း ချက် အားသာချက် များရှိနေကြပေသည်။

Thursday, May 10, 2018

နှလုံးကို အားကောင်းစေတဲ့ ဖရဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုး ၁၀ ချက်






ရာသီစာ ဖရဲသီးက ပြည်တွင်းမှာလည်း အစားများပါတယ်။ အသီးလိုက် အနေနဲ့ရော ဖျော်ရည် အဖြစ်နဲ့ရော စားသုံးကြပါတယ်။ ကာဘိုဟိုက်ဒရိတ်လည်း ပြည့်ဝတယ်၊ ဗီတာမင် အေနဲ့ စီလည်း ပါတယ်။ ပိုတက်စီယမ်ရော ပါသေးတယ်။ အဆီနဲ့ ကယ်လိုရီ လုံးဝ မပါရှိတဲ့ အသီးပေါ့။ အပူကင်းအောင် စားသုံးဖို့ အကောင်းဆုံး အသီးလို့တောင် ဆိုပါတယ်။ သူ့ကို ရေ အစားထိုး၊ ရေအဆာပြေလည်း စားနိုင်သေးတယ်၊ အကြောင်းက ဖရဲသီးမှာ ရေဓာတ်က ၉၅ ရာခိုင်နှုန်းလောက်နဲ့ ဖွဲ့စည်းထားလို့ပါ။ အမျှင်ဓာတ်လည်း ကောင်းစွာ ပါဝင်ပါသေးတယ်။ အခု ဖရဲသီးရဲ့ ကျန်းမာရေး အတွက် ကောင်းမွန်စေတဲ့ အချက်တွေကို