Showing posts with label တန်ဖိုးမြှင့် ထုတ်ကုန်. Show all posts
Showing posts with label တန်ဖိုးမြှင့် ထုတ်ကုန်. Show all posts

Saturday, January 15, 2022

ဝိုင် ပြုလုပ်နည်း (၁၂) မျိုး စုစည်းမှု

 

စိုက်ပျိုးရေးမှာ ကုန်ကြမ်းတွေမဟုတ်ဘဲ ကုန်ချောတွေရောင်းချနိုင်ဖို့ ကြိုးစားလာကြတာတွေ့ရပါတယ်။ ပုံစံတွေပြောင်းလိုက်ခြင်းအားဖြင့် တန်ဖိုးတွေမြင့်သွားတာကြောင့် သီးနှံစျေးကွက်ပျက်တဲ့အချိန်မှာ ဒီနည်းလမ်းတွေက အသက်ရှူချောင်စေမှာပါ။

လေလွင့်တာတွေမဖြစ်တော့ဘဲ ကုန်ချောတွေထုတ်နိုင်ဖို့ ဒီတစ်ပတ်မှာတော့ ကုန်ချောအမျိုးအစားများစွာရှိတဲ့အထဲက ဝိုင်လုပ်နည်းတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

၁။ ချင်း (ဂျင်း) ဝိုင်

၂။ နဂါးမောက်ဝိုင် ပြုလုပ်နည်း

၃။ လိမ္မော်သီးဝိုင် ပြုလုပ်နည်း

၄။ ပြောင်းဖူးဝိုင် ပြုလုပ်နည်း

၅။ မက်မန်းဝိုင် ပြုလုပ်နည်း

၆။ ဆန်စပါကလင်ဝိုင် ပြုလုပ်နည်း

၇။ ဖရဲသီးဝိုင် ပြုလုပ်နည်း

၈။ သီဟိုဠ်သီးဝိုင် ပြုလုပ်နည်း

၉။ စပျစ်သီးဝိုင် ပြုလုပ်နည်း

၁၀။ နာနတ်ဝိုင် ပြုလုပ်နည်း

၁၁။ ဝိုင်ထုတ်လုပ်ခြင်းရဲ့သော့ချက်

 

Sunday, November 21, 2021

ကုန်ကျစရိတ်သက်သက်သာသာနဲ့ ချိစ့်ခရင်(မ်) ဘယ်လိုလုပ်မလဲ

 

16/08/2021 14:45 PM တွင်  ကျော့နန္ဒာစိုး မှ ရေးသား

    နွားနို့ကနေ တန်ဖိုးမြှင့်ထုတ်ကုန်တော်တော်များများ ပြုလုပ်လို့ရတာလည်း သိပြီးသားဖြစ်မှာပါရှင့်။ ထောပတ်(မခမ်း)ထောပတ်အဆီဒိန်ချဉ်နွားနို့ခဲမုန့်အချို စသဖြင့်ပေါ့။

    နောက်တစ်ခုအနေနဲ့ ချိစ့်ထပ်တိုးလာပါပြီ။ ချိစ့်ကိုလည်း နွားနို့ကနေပြုလုပ်ရတာပါ။ ချိစ့်လုပ်ဖို့ ပါဝင်ပစ္စည်းတွေကလည်း အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေပါပဲ။ ဒါပေမဲ့ အဆီအပြည့်နဲ့ အရည်အသွေးကောင်းမွန်တဲ့ နွားနို့ကို ရဖို့တော့လိုပါမယ်။ အဆီအပြည့်နွားနို့ကိုသုံးမှ အဆီပြည့်ဝတဲ့ ချိစ့်ခရင်(မ်) လေးကို ရရှိမှာဖြစ်တဲ့အတွက်ကြောင့်ပါ။

ပါဝင်ပစ္စည်းများ

အဆီအပြည့်နဲ့နွားနို့ ၁ လီတာ

သံပုရာသီး (သို့) ရှာလကာရည် (စားပွဲတင်ဇွန်း ၃ ဇွန်း)

ဆား (လ္ဘက်ရည်ဇွန်းဝက်)

ပြုလုပ်ပုံကို ကြည့်လိုက်ရအောင်

  • အသုံးပြုမယ့် သန့်ရှင်းတဲ့အိုးထဲကို နွားနို့ထည့်ပြီး မီးပြင်းပြင်းနဲ့ကျိုပေးပါ။ နွားနို့ကျိုနေစဉ်အတွင်း ဆူသည်အထိ မွှေပေးနေရပါမယ်။
  • ဆူသည်နဲ့ မီးလျှော့ကာ မီးအသင့်အတင့်ပေးပြီး အသင့်ပြင်ထားတဲ့သံပုရာရည်ကို ထည့်ရပါမယ်။ ဒီနေရာမှာ သံပုရာရည်ကို တစ်ဇွန်းစီ ခွဲထည့်ပေးပါ။ တစ်ဇွန်းထည့်ပြီးတိုင်း ၁ မိနစ်လောက်မွှေပေးရပါမယ်။
  •  နွားနို့ အခဲနဲ့ အရည်ကွဲသွားသည်အထိ မွှေပေးပါ။ အောက်ခြေမှာ အစိမ်းရောင်အရည်နဲ့ အပေါ်ယံနို့အခဲတို့ လုံးဝကွဲသွားပြီဆိုရင် မီးဖိုပေါ်က ချလို့ရပါပြီ။
  • နောက် သန့်ရှင်းတဲ့ဇလုံတစ်ခုပေါ်မှာ ဇကာတင် ပိတ်စအုပ်ပြီး နို့ခဲများကိုစစ်ယူပါ။ စစ်ယူထားတဲ့အနေအထားအတိုင်းကို ၁၅ မိနစ်လောက် အအေးခံပေးပါ။
  • အအေးခံပြီးတာနဲ့ စစ်ယူထားတဲ့နို့ခဲတွေကို ကြိတ်စက်ထဲထည့် ဆားအနည်းငယ်ထည့်ပြီး ၃ မိနစ် ၄ မိနစ်လောက် မွှေပေးပါ။ 
  • ရလာတဲ့ ခရင်(မ်)အပြည့်နဲ့ချိစ့်ကို လေလုံတဲ့ပုလင်းတစ်ခုခုထဲကိုထည့်ပြီး ရေခဲသေတ္တာထဲမှာသိမ်းဆည်းထားမယ်ဆိုရင် ၇ ရက်လောက်ထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အများဆုံး နှစ်ပတ်ထိသိုလှောင်သိမ်းဆည်းနိုင်ပါတယ်။

    ဒါဆိုရင် နူးညံ့တဲ့ ချိစ့်ခရင်(မ်)လေးကို ပေါင်မုန့်ပေါ်မှာ သုပ်စားတာဖြစ်ဖြစ် မုန့်ဖုတ်တဲ့နေရာမှာ အသုံးပြုတာပဲဖြစ်ဖြစ် အသုံးလိုတဲ့နေရာမှာ ကုန်ကျစရိတ်သက်သာစွာနဲ့ အသုံးပြုနိုင်ပြီပေါ့။

    နည်းပညာကို အသုံးများပြီး အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းကို မျှဝေထားပါတယ်ရှင့်။

Ref; https://www.biggerbolderbaking.com/how-to-make-cream-cheese/

Monday, April 12, 2021

အယ်ကိုဟောပါဝင်မှုနည်းနည်းနဲ့ အိမ်တွင်းဖြစ်ဝိုင်လေး လုပ်သောက်ရအောင်

 

ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   နာနတ်ဝိုင်ပြုလုပ်တဲ့အခါမှာ နာနတ်သီးခြောက်၊ စည်သွပ်ထားတဲ့နာနတ်သီးတို့ကိုလည်း အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ လတ်လတ်ဆတ်ဆတ်နာနတ်သီးနဲ့ ပြုလုပ်တဲ့ အနံ့၊ အရသာ ကိုတော့ မီမှာမဟုတ်ပါဘူး။ 

   ပထမဉီးစွာ မှည့်ပြီးပျော့တဲ့အပိုင်းကို ရွေးထုတ်ထားပြီး အနာဖြစ်တဲ့အပိုင်း မှိုတက်တဲ့အပိုင်းများရှိပါက ဖယ်ထုတ်ပစ်လိုက်ပါ။ အကယ်၍ မကောင်းတဲ့အပိုင်း အနည်းငယ်ပါသွားရင်တောင် ဝိုင်ကိုပျက်ဆီးစေနိုင်ပါတယ်။ မှို၊ ဘက်တီးရီးယားများမဝင်အောင်လည်း အဖုံးများအုပ်၍ ကာကွယ်မှုပြုလုပ်ရပါမည်။

ပါဝင်သောပစ္စည်းများ

၁။ နာနတ်သီးအမှည့်- ၃ လုံး

၂။ ရေ- ၁၂လီတာ

၃။ သကြား- ၃ ပိဿာ

၄။ သုံပုရာသီး- ၄လုံး

၅။ ဝိုင် တစေး(ကဇော်)

ဝိုင်ပြုလုပ်ပုံအဆင့်ဆင့်

- ရေဆေးထားသော နာနတ်သီးများကို အခွံခွာ၍ အတုံးသေးလေးများလှီးပါ။ ရေ ၁၂ လီတာနှင့် သကြား ၃ ပိဿာတို့ကိုကျို၍ လှီးထားသောနာနတ်သီးများကိုထည့်ကာ ၆ မိနစ်လောက်တည်ပါ။ ထို့နောက် နွေးသွားသည်အထိ အအေးခံပါ။

- ပလတ်စတစ်ဗူး(သို့မဟုတ်) ပုလင်းထဲသို့ တစေးအခြောက် ၈ ဇွန်း(ထမင်းစားဇွန်း)၊ သံပုရာရည်နှင့် အအေးခံထားသော နာနတ်သီးအရောပါအရည်ကို လောင်းထည့်ပါ။

- အဖုံးဖုံးရာ၌ ဗူးအဖုံးတွင် ပိုက်အရွယ်အစားအပေါက်ဖောက်ကာ ပိုက်ထည့်ပါ။ လက်အိတ်တွင်အပေါက်တစ်ပေါက်ဖောက်ပြီး ပိုက်ကိုစွပ်၍ အဖုံးတွင်အုပ်ပါ။ အုပ်တဲ့နေရာတွင်လေလုံစေရန် သရေကွင်းကြိုးဖြင့်ပတ်ပါ။ ပိုက်၏အခြားတစ်ဖက်ကို ရေထည့်ထားသောဗူးထဲသို့ထည့်ထားပြီးကစော်ဖောက်ခြင်းစတင်ပါ။ ဗူးကိုအမှောင်တွင်ထားပါ။ ၁၀-၁၅မိနစ်ကြာလျှင် ပူဖောင်းလေးများထလာမည်ဖြစ်ပါတယ်။

- ၂-၃ ပတ်ကြာသောအခါ အရည်များကိုစစ်ထုတ်၍ ဗူးအလွတ်ထဲသို့လောင်းထည့်ပါ။ ထပ်ပြီးအရင်နည်းတိုင်း လေလုံအောင်ပြုလုပ်ပါ။ 

- တစ်လကြာအောင်ထား၍ နောက်ပိုင်းတွင် မိမိသိုလှောင်ထားလိုသော ပုလင်းများထဲသို့ထည့်ကာသိုလှောင်နိုင်ပါသည်။ သိုလှောင်တဲ့နေရာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်များထွက်ရန် တစ်ခါတစ်ရံအဖုံးကို လေလျှော့ပေးသင့်ပါတယ်နော်။

- နှစ်လကြာသိုလှောင်ပြီးတဲ့အခါ အနံ့အရသာပြည့်စုံတဲ့ နာနတ်ဝိုင်ကို သောက်သုံးနိုင်ပါပြီ။ ဝိုင်ကို အရက်နည်းနည်းနဲ့ အချိုသောက်ချင်သူတွေအတွက် ကစော်ဖောက်ရာတွင် တစေးထည့်ပြီး ၅ရက်မြောက်စီတွင် သကြားကို လိုသလိုထည့်၍ မွှေးပေးနိုင်ပါတယ်။  လေလုံအောင်ပြန်ပိတ်ပေးရန်တော့ သတိပြုရပါမည်။

ကျော့နန္ဒာစိုး

Friday, September 18, 2020

အကျိုးကျေးဇူးများတဲ့ ပန်းသီးရှာလကာရည်


ပန်းသီးရှာလကာရည်က ပြုလုပ်ရတာလွယ်ကူသလောက် အကျိုးကျေးဇူးများစွာရှိတာကို တွေ့ရပါတယ်။ ပန်းသီးရှာလကာရည်ကို အပြင်မှာ ဈေးကြီးပေးဝယ်နေစရာမလိုပဲ  အိမ်မှာ ကိုယ်တိုင်လုပ်နိုင်အောင် လုပ်နည်လေး တင်ပေးလိုက်ပါတယ်။  ပထမဦးစွာ ပန်းသီးရှာလကာရည်ရဲ့ အသုံး ဝင်မှုများစွာကို ပြောပြပေးမယ်နော်။

    • ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို ပန်းသီးရှာလကာရည်နဲ့ ဆေးခြင်းဖြင့် ဓာတုဆေးအကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ထို့ပြင် အစားအစာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

    • ပေါင်းပင်ကို ရေမရောထားတဲ့ ပန်းသီးရှာလကာရည်နဲ့လောင်းကာ ကိုယ်တိုင်လုပ် ပေါင်းသတ်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို ဆပ်ပြာနှင့် သံပုယိုရည်ရောခြင်းဖြင့် ပိုအားကောင်းတဲ့ ပေါင်းသတ်ဆေးကို ရရှိစေနိုင်ပါတယ်။

    • အင်းဆက်ပိုးမွှား ထောင်ချောက်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ (ပန်းသီးရှာလကာရည်ထဲသို့ ပန်းကန်ဆေးဆပ်ပြာ အနည်းငယ်ထည့်၍ ပြုလုပ်နိုင်ပါတယ်။)

    • ကင်ဆာဆဲလ်တွေကို သတ်နိုင်တဲ့အတွက် ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့နည်းစေတယ်။ 

    • အစားအစာတွေကို ပိုမိုကြာရှည်ခံအောင် ပြုလုပ်ရာမှာလည်း အသုံးပြုတယ်။

    • ပန်းသီးရှာလကာရည်က သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို ကျဆင်းစေတယ်။

    • ပန်းသီးရှာလကာရည်ကို စားသုံးပေးခြင်းဖြင့် ဗိုက်ပြည့်တဲ့ခံစားချက်ကို ခံစားရစေကာ ဗိုက်အဆီနှင့် ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်တယ်လို့လည်း သိရပါတယ်။

    • ရေနဲ့ရောပြီးတော့ အနံ့အသက်ပျောက်တဲ့ ဖြန်းဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

    • ရေနဲ့ရောပြီး ပလုတ်ကျင်းပေးခြင်းဖြင့်  လည်ချောင်းနာရောဂါကို သက်သာစေနိုင်ပါတယ်။

    • အရေပြားပြဿနာတွေ ကုသဖို့ရန်နဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ရန်အတွက် ပန်းသီးရှာလကာရည်ကို toner (အလှကုန်ပစ္စည်းတစ်မျိုး)  အနေနဲ့အသုံးပြုနိုင်တယ်။ (ပြုလုပ်ဖို့ရန် ပန်းသီးရှာလကာရည်တစ်ဆကို ရေနှစ်ဆနဲ့ရောပြီး ဝါကွင်းဖတ်လေးနဲတို့ပြီး အသုံးပြုနိုင်ပါတယ်။ အထိအခိုက်မခံတဲ့ အသားအရည်မျိုးဆိုရင်တော့ ပျင်းအားပျော့သွားအောင် ရေကို ပိုထည့်ပြီး အသုံးပြုနိုင်ပါတယ်။)

    •  ဆံသားတွေ တောက်ပြောင်လှပဖို့အတွက်လဲ အသုံးပြုနိုင်ပါတယ်။ (ပန်းသီးရှာလကာရည် အနည်းငယ်ကို ရေနဲ့ရောပြီး ခေါင်းပေါ်သို့လောင်းကာ မိနစ်အနည်းငယ်ထားပြီးနောက် ရေပြန်ဆေးချခြင်းဖြင့် တောက်ပတဲ့ဆံနွယ်လေးကို ပိုင်ဆိုင်နိုင်ပါတယ်။)

ပန်းသီးရှာလကာရည်ပြုလုပ်နည်း

    • ပန်းသီးနှစ်လုံးကို ရေဆေးသန့်စင်ပြီး အစိပ်လေးတွေစိပ်ထားပါ။ အခွံနွာစရာမလိုပါ။

    • ဇလုံတစ်ခုထဲသို့ ဆား လက်ဖက်ရည်ဇွန်း(၁)ဇွန်းကို ရေဖြင့်ဖျော်ကာ ထိုရေထဲသို့ ပန်းသီးအစိတ်လေးတွေကို (၅) မိနစ်ခန့်စိမ်ထားပါ။ ထို့နောက် ပန်းသီးအစိတ်လေးတွေကို ဆားရေပြောင်တဲ့အထိ ရေပြန်ဆေးချပါ။

    • အဝကျယ်ပုလင်းထဲသို့ ပန်းသီးစိတ်တွေကိုထည့်ပြီး သကြား လက်ဖက်ရည်ဇွန်း (၉) ဇွန်း ထည့်ပါ။ ပန်းသီးစိတ်တစ်လွှာ သကြားတစ်လွှာ ထည့်ပေးလျှင် ပိုကောင်းပါသည်။

    • ပန်းသီးစိတ်ထည့်ထားသော ပုလင်းထဲသို့ ရှာလကာရည်အဖြူကို လက်ဖက်ရည်ဇွန်း (၂) ဇွန်းထည့်ပေးပါ။

    • ထိုပုလင်းထဲသို့ ရေကို ပန်းသီးစိတ်တွေမြုပ်တဲ့အထိ ထည့်ပေးပါ။ ထို့နောက် ပုလင်းဝကို အဝတ်စထူထူဖြင့် ပိတ်ပြီး ကြိုးဖြင့်စည်းနှောင်၍ နွေးပြီးမှောင်သောနေရာတွင် ပုလင်းကို (၂)ပတ်ကြာ သိမ်းဆည်းထားပါ။

    • (၂) ပတ် ပြည့်သောအခါ အမြှုပ်ထနေသော ပန်းသီးစိတ်တွေကိုဖယ်၊ အရည်သီးသန့် စစ်ယူပြီး  အခြားပုလင်းထဲသို့်ထည့်ကာ အဝတ်စထူထူဖြင့် အရင်လိုပြန်ပိတ်ပြီး နောက်ထပ် (၄) ပတ်မှ (၆) ပတ်ထိ ပြန်လည်သိမ်းဆည်းရပါမယ်။ ပြီးလျှင်တော့ လိုသလိုအသုံးပြုလို့ရတဲ့ ပန်းသီးရှာလကာရည်စစ်စစ်ကို ရရှိပြီဖြစ်ပါတယ်။

ဝတ်မှုံသင်း

 

Ref: https://www.healthline.com/nutrition/apple-cider-vinegar-uses#section1

      

 

Thursday, September 17, 2020

ချဉ်ပေါင်ဖျော်ရည် ပြုလုပ်နည်း


ဒီတစ်ခါတော့ ရိုးရှင်းလွယ်ကူပြီး အရသာအရမ်းရှိတဲ့ ချဉ်ပေါင်ဖျော်ရည်လုပ်နည်း ကို ပြောပြချင်ပါတယ်။

၁။ ချဉ်ပေါင်ဖူးတွေကို ရေစင်စင်ဆေးပါ။ တစ်ချို့တွေက ချဉ်ပေါင်ဖူးရဲ့ ပွင့်ဖတ်တွေကို ခွါပြီးမှ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ Green Way ရဲ့အတွေ့အကြုံအရ အရောင်နဲ့ အရသာက အဖူးလိုက် ပြုတ်တာလောက် မကောင်းပါဘူး။ စမ်းကြည့်စေချင်ပါတယ်။

၂။ ပြီးရင် မီးဖိုပေါ်မှာ ရေနည်းနည်းလေးနဲ့ ကျိုပါ။

၃။ ချဉ်ပေါင်တွေကို ရေများများနဲ့ကျိုရင် မီးကုန်တဲ့အပြင် ကျိုရတာလည်း အချိန်ကြာတာကြောင့် ရေနည်းနည်းနဲ့ပဲ ကျိုပါ။ ကျိုနေတုန်းမှာ ချဉ်ပေါင်ဖူးက ပွင့်ဖတ်နဲ့ အထဲက အစေ့ဖူးတို့ ကွာသွားအောင် ဖိပြီးမွှေပေးပါ။

၄။ တစ်ဖြည်းဖြည်းနဲ့ ချဉ်ပေါင်ဖူးက ပွင့်ဖတ်တွေကွာသွားတဲ့အပြင် အရောင်ပါ ထွက်လာပါလိမ့်မယ်။

၅။ ၁၀ မိနစ်လောက်ကြာတဲ့အခါ အမြှပ်ထွက်လာတဲ့ အနေအထားကို ရောက်ပါပြီ။

၆။ အရည်တွေဟာ တစ်ဖြည်းဖြည်း ပျစ်လာပါပြီ။ အဆက်မပြတ်မွှေပေးနေပါ။

၇။ အခုဆို အသီးနဲ့ ပွင့်ဖတ်တွေ သီးခြားဆီဖြစ်သွားပါပြီ။

၈။ အသီးနဲ့ ပွင့်ဖတ်နဲ့ကွာသွားတာသေခြာပြီဆိုရင် ရေထပ်ရောပေးလို့ရပါပြီ။ ရေပမာဏကတော့ ကိုယ်စိတ်ကြိုက်ထည့်လို့ရပါတယ်။ ပုံမှန်အားဖြင့်တော့             ချဉ်ပေါင် ၁ ကီလိုကို ရေ ၂ လီတာ လောက်ထည့်ပေးနိုင်ပါတယ်။

၉။ ရေထည့်ပြီးတဲ့အခါ ပွင့်ဖတ်တွေကွာသွားတဲ့ချဉ်ပေါင်ဖူးတွေကို ဖယ်ထုတ်ပစ်ရပါမယ်။ ပြီးရင် အခုလိုမျိုး ပွက်ပွက်ဆူပြီး အမြှပ်တွေထွက်လာတဲ့အထိ               တည်ပေးပါ။

၁၀။ ချဉ်ပေါင်ရည်ဆူလာတဲ့အခါ သကြားနဲ့ ဆား ထည့်ပေးလို့ရပါပြီ။ ပမာဏတွေကတော့ ကိုယ်လိုချင်တဲ့အရသာအတိုင်းထည့်ပေးလို့ ရပါတယ်။ တစ်ချို့တွေက အိုးကို မီးဖိုပေါ်ကချမှ သကြားထည့်တာမျိုးလဲရှိပါတယ်။ နှစ်မျိုးလုံး အဆင်ပြေပါတယ်။

၁၁။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာအတိုင်း ဖြစ်ပြီဆိုရင်တော့ အနည်စစ်ရပါမယ်။

၁၂။ အနည်စစ်တဲ့ဇကာနဲ့ စစ်ပြီးရင် ရလာတဲ့ အနည်ဖတ်တွေကို သကြားနဲ့ ဆားနဲ့ ပြန်ရောနယ်ပြီး မီးဖို ပေါ်မှာ ညောင်စေး ကျသည်အထိ ပြန်တည်လိုက်ရင်           ချဉ်ပေါင်ယို အခြောက် (သို့) ချဉ်ပေါင် တော်ဖီ ရပါတယ်။

၁၃။ အခုဆိုရင်တော့ အရသာရှိပြီး ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ချဉ်ပေါင်ဖျော်ရည်တစ်ခွက်ကို ရရှိပါပြီ။ အပူ ရော အအေးလိုပါ သောက်လို့ရတယ်နော်။

 

ချဉ်ပေါင်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လက်လှမ်းမီသလောက် နေပြည်တော် တိုင်းမ် မှ ကောက်နှုတ် တင်ပြပေး လိုက်ပါတယ်။

value added product

၁။ အူသိမ်၊ အူမတို့ကို ကောင်းကျိုးပြုပါသည်။

၂။ချဉ်ပေါင်ရွက်ထဲတွင် hydroxy နှင့် amino အက်ဆစ်များကြွယ်ဝစွာပါရှိသောကြောင့် ဆီးအား ကောင်းစေပါသည်။ ဆီးရွှင်၍ ဝမ်းကိုလဲ သက်စေပါသည်။

၃။Vitamin C နှင့် သတ္တုဓာတ်တို့အမြောက်အများပါရှိသောကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ကိုကျန်းမာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကိုနုပျိုစေ ခြင်း၊ ကင်ဆာရောဂါများ ဖြစ်နိုင်ချေအလားအလာနည်းပါးစေနိုင်ခြင်း၊ အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်းတို့မှလဲ ကာကွယ်ပေးခြင်း...စသည်ဖြင့် ကောင်းကျိုးပြုပါသည်။

၄။ Calcium ဓာတ် အမြောက်အများ ပါရှိသောကြောင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြောအဖွဲ့အစည်းများနှင့်ကြွက်သားများ ဖွဲ့စည်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်းမှကာကွယ်ပေးခြင်း၊ ခြေလက်များတဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့ကိုသက်သာပျောက်ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း.. စသည်ဖြင့် ကောင်းကျိုးပြုပါသည်။

၅။ချဉ်ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကိုသက်သာပျောက်ကင်းစေပါသည်။ လူကိုလန်းဆန်းစေနိုင် ပါသည်။

၆။ကိုယ်အလေးချိန်ကျစေပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါသည်။ ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလဲ ဟန့် တားကာကွယ်ပေးနိုင်ပါသည်။

၇။ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါသည်။

 

သတိပြုရန်။

• သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ သွေးပေါင်ချိန်တက်နိုင်ပါသည်။

• ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များ နှင့်လည်းမသင့် တော်ပါ။

Tuesday, September 15, 2020

“အလွယ်ကူဆုံး တစေးပြုလုပ်နည်း”

 

တစေးဆိုတာ ဘီယာချက်လုပ်ခြင်း လုပ်ငန်းတွေကနေ ပေါင်မုန့်ဖုတ်တဲ့ လုပ်ငန်းစဉ်ထိ သုံးလို့ရတဲ့ပစ္စည်းလို့ ကျွန်မတို့တွေသိကြပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကို အိမ်မှာတင် ပြုလုပ်လို့ရတယ်ဆိုတာကိုတော့ ကျွန်မတို့မသိကြသေးပါဘူး။

ကဲ...လေ့လာကြည့်ကြရအောင်ပါ။ သစ်သီးတစ်မျိုးမျိုး၊ ဒါမှမဟုတ် ဟင်းရွက်တစ်ခုခုကို ရေစိမ်ပြီး အချဉ်ဖောက်တဲ့ ဖြစ်စဉ်ပါ။ တစေးဆိုတာ ဆဲလ်တစ်ခုတည်းပါတဲ့ မှိုတစ်မျိုးဖြစ်တဲ့အတွက်မွေးမြူရတဲ့ဖြစ်စဉ်ပါ။ 

၁။ ဖန်ပုလင်းရဲ့ လေးပုံတစ်ပုံလောက်ထိ ရေထည့်လိုက်ပါ။ ရေထည့်ပြီးပြီဆိုရင်တော့ အသီးတစ်ခု ဒါမှမဟုတ် ဟင်းရွက်ကိုလည်း သုံးလို့ရပါတယ်။ ကိုယ့်ဒေသမှာပေါတာကို သုံးလို့ရပါတယ်။ ကျမတို့တောင်သူတွေအနေနဲ့ နွေရာသီမှာ လှိုင်လှိုင်ပေါတဲ့ ဇီးသီးလိုမျိုး အသီးအနှံတွေသုံးလို့ရပါတယ်။ ဂေါ်ဖီထုပ်လို ဟင်းရွက်တွေလည်း အသုံးပြုလို့ရပေမယ့် အရည်စိမ်တဲ့အတွက် ထွက်လာတဲ့အနံ့က ဆိုးပါတယ်။ဒါကြောင့် စပျစ်သီး၊ နာနတ်သီး၊ ပန်းသီး၊ ဇီးသီး စတဲ့အသီးတွေကတော့ အဆင်အပြေဆုံးဖြစ်မှာပါ။

ဒါ့အပြင် အသုံးပြုတဲ့ဖန်ဘူးတွေကလည်း သန့်နေဖို့လိုပါတယ်။ ဒါကြောင့် အသုံးမပြုခင်မှာ ရေနွေးနဲ့ပြုတ်တာမျိုးတွေ လုပ်သင့်ပါတယ်။ လတ်ဆတ်ပြီး ရောဂါကင်းတဲ့အသီးအနှံတွေဖြစ်ဖို့လည်း လိုပါတယ်ရှင့်။

၂။ ဖန်ပုလင်းရဲ့လေးပုံတစ်ပုံထိ ရေထည့်ပြီးတဲ့အခါ အသီးတွေထည့်လိုက်ပါ။ အသီးထည့်ပြီးချိန်မှာ ရေမျက်နှာပြင် မြင့်တက်သွားပုံကိုကြည့်ပြီး ဖန်ပုလင်းရဲ့တစ်ဝက်လောက်ထိ အသီးတွေထပ်ထည့်ပါ။ ရေမျက်နှာပြင်ကိုတော့ ဖန်ပုလင်းရဲ့လေးပုံပုံတစ်ပုံလောက် ချန်ထားပါ။

၃။ ပြီးရင်တော့ အဖုံးကိုသေချာဖုံးပြီး အခန်းအပူချိန်မှာပဲ သိမ်းထားလိုက်ပါ။ နောက်တစ်နေ့ရောက်တဲ့အခါ ပုလင်းကို အနည်းငယ်လှုပ်ပေးပါ။ အဖုံးဖွင့်ကြည့်တဲ့အခါ လေပူဖောင်းလေးတွေ အပေါ်ကိုတက်လာနေတာ တွေ့ ရမှာဖြစ်ပါတယ်။ တစ်ချို့အသီးတွေက ရေမျက်နှာပြင်အပေါ်ကို တက်နေတာကိုလည်းတွေ့ရပါမယ်။

(၃)ရက်မြောက်နေ့မှာဆိုရင်တော့ အသီးတွေအကုန်လုံး အပေါ်မှာပေါလောပေါ် နေမှာဖြစ်ပါ တယ်။ အဖြူရောင် အလွှာလေးတစ်လွှာကိုလည်း မြင်နေရမှာဖြစ်ပါတယ်။ ဒီအလွှာလေး နေရာအနှံရောက်အောင် ပုလင်းကို လှုပ်ပေး ရအုံးမှာပါ။ အဖုံးဖွင့်လိုက်မယ်ဆိုရင်တော့ အရမ်းကြပ်နေပြီး ဂက်စ်ထွက်နေတဲ့အသံတွေ ကြားရမှာပါ။ ပူတဲ့ရာသီ မှာဆိုရင်တော့ (၃) ရက်နေရင်ရပါပြီ။ ရာသီဥတု အနည်းငယ်အေးမယ်ဆိုရင်တော့ (၇)ရက်ထိ ထားသင့်ပါတယ်။

၄။ ရရှိလာတဲ့အသီးစိမ်ရည်ကို အရည်တွေပဲ စစ်ယူပါ။ ရလာတဲ့အရည်ကို ဂျုံမှုန့်နဲ့ရောပြီးထားရမှာပါ။

၅။ ဖန်ပုလင်းသန့်သန့်ထဲမှာ အသီးစိမ်ရည်နဲ့ ဂျုံမှုန့်ကို ရောမွှေပါ။ အရောအနှောကို ပုလင်းရဲ့လေးပုံတစ်ပုံ လောက်ပဲထည့်ပါ။ နာရီပိုင်းအတွင်းမှာ ပွလာတာကို တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ အသုံးပြုတဲ့ အသီးပေါ် မူတည်ပြီး ပွလာတဲ့နှုန်းက ကွာမှာဖြစ်ပါတယ်ရှင့်။ ပွလာတဲ့အသီးဖျော်ရည်နဲ့ ဂျုံမှုန့်အရောအနှောကိုတော့ တစေးအဖြစ် အသုံးပြုလို့ရပါပြီရှင့်။ တစေးထုတ်လုပ်တဲ့နည်း အမျိုးမျိုးရှိတဲ့အထဲကမှ ကုန်ကျစရိတ်သက်သာမယ့် နည်းလမ်းကို ရွေးချယ်ဖော်ပြခြင်းဖြစ်ပါတယ်။ တစေးကို ဂျုံမှုန့်တွေနဲ့ရောနယ်ပြီး ပေါင်မုန့်ဖုတ်စားလို့ရသလို ဝိုင်ချက်လုပ်တဲ့အခါ လိုအပ်တဲ့ ဓာတ်ကူပစ္စည်းအဖြစ်  အိမ်တွင်းမှာပဲ ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း သတင်းပါးလိုက်ရပါတယ်ရှင့်။

ကဲ...ဒီလိုဆိုရင်တော့ အသီးအနှံပေါတဲ့အချိန်တွေမှာ တန်ဖိုးမြင့်ထုတ်ကုန်တွေလုပ်မယ်ဆို ဝယ်ရခက်တဲ့တစေးကို အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်ရှင့်။

သိမ့်ဇာ

Monday, June 4, 2018

ဂျင်းပျားရည်အရက် ပြုလုပ်နည်း






သဘာဝ ဂျင်းတဆေး (How to make Ginger Mead in English CLICK HERE)
စာဖတ်သူတွေ စိတ်ဝင်စားစေမယ့် ဂျင်းပျားရည်အရက် ပြုလုပ်နည်းလေး တင်ပြပေးထားပါတယ်။ လုပ်ရတာလွယ်ကူပြီး အရသာရှိစေပါလိမ့်မယ်။ အရက်ဆိုပြီးတော့ အရမ်းကြီးတော့ ကြောက်မသွားပါနဲ့နော်။ ဝိုင်ပုံစံမျိုးပါပဲ။ ဒါပေမယ့် MEAD ဆိုတာက ဘာသာပြန်တော့ ပျားရည်နဲ့ ပြုလုပ်အရက်ဆိုပြီး တွေ့လို့ အခုလို ဘာသာပြန်လိုက်ရတာပါ။
  • ဂျင်းတက်ကို ရေမဆေးဘဲ ပါးပါးလေးတွေ လှီးလိုက်ပါ။
  • လှီးထားတဲ့ ဂျင်း (၄-၅) ခုကို ပုလင်းတစ်လုံးထဲ ထည့်လိုက်ပါ။
  • သကြားတစ်ဇွန်းကို သကြားရည်ဖျော်ရန် ခွက်ထဲထည့်ပြီး ရေနွေးလောင်းထည့်ပါ။
  • သကြားရည်ကို ဂျင်းထည့်ထားတဲ့ ပုလင်းထဲ လောင်းထည့်ပါ။
  • ပုလင်းကို ဖုံးအုပ်ပြီး ၂၄ နာရီထည့်လိုက်ပါက သဘာဝဂျင်းတဆေး ရရှိမည် ဖြစ်ပါသည်။
ဂျင်းပျားရည်အရက်
ပါဝင်ပစ္စည်းများ
  • ရှန်ပိန်တဆေး (နှစ်သက်ရာ တဆေးအသုံးပြုနိုင်သည်)
  • ပျားရည် (တစ်လီတာဖျော်ရန်အတွက် ၃၀၀ မီလီလီတာ ခန့် (သုံးပုံတစ်ပုံ) )
  • သကြားရည်
  • ဂျင်းပြုပ်ရည်
ပြုလုပ်ပုံ အဆင့်ဆင့်
1. သကြားအနည်းငယ်ကို ရေနွေးထည့်ထားသော ခွက်ထဲသို့ထည့်ပြီး မွှေပေးပါ။ (သကြားရည် ဖျော်ရန်)
2. သကြားတွေ အရည်ပျော်သွားတဲ့နောက်မှာ ရေအေးအနည်းငယ်ရောပေးပါ။ သကြားရည်ကို အရမ်းမပူစေရန် သတိထားရမည်။ အရမ်းပူပါက တဆေးများ ရှင်သန်နိုင်စွမ်း မရှိနိုင်တော့ပါ။
3. ရှန်ပိန်တဆေးကို သကြားရည်ထဲ ထည့်ပေးပါ။ (အချိုးအစား အဓိကမကျပါ)

4. လှီးစိတ်ထားတဲ့ ဂျင်း ၁၀ ကျပ်သားခန့်ကို (သင့်စိတ်ကြိုက် ပိုထည့်နိုင်သည်) ရေ (၃) လီတာ ဖြင့် ၂၀ - ၂၅ မိနစ်ခန့် မီးဖိုပေါ်တွင် ကြိုပေးပါ။

5. လီတာပုလင်း (ဖန်ပုလင်း ထူထူက ပိုကောင်းသည်) ၏ သုံးပုံတစ်ပုံခန့်ထိ ပျားရည်ထည့်ပေးပါ။

6. တဆေးရောထည့်ထားသော သကြားရည်ကို ပျားရည်ပုလင်းထဲ ဖြည်းညှင်းစွာထည့်ပါ။

7. ဂျင်းပြုပ်ရည် ပွက်လာပါက အပူလျော့ကျစေရန် ရေအေးလောင်းထည့်ပါ။ (တဆေးများ ကောင်းစွာ ရှင်သန်နိုင်ရန်)

8. ဂျင်းပြုပ်ရည်ကို ပျားရည်ထည့်ထားသော ဖန်ပုလင်း၏ လည်ပင်းရစ်ထိ လောင်းထည့်ပေးပါ။ (တဆေးနေရာနှင့် တဆေးများ အသက်ရှုနိုင်ရန် နေရာချန်ပေးပါ)

9. ပျားရည်နှင့် ဂျင်းပြုပ်ရည်တို့ ရောသွားစေရန် ပုလင်းကို လှုပ်ပေးပါ။ ဂျင်းဖတ်များ ထည့်လိုပါက ထည့်နိုင်ပါသည်။

10. ပုံတွင်ပြထားသည့် အဝင်လေပိတ်သည့် ဗူးဆို့ ( one way valve) ဖြင့် ပိတ်ပေးပါ။ ထိုဗူးဆို့ မရှိပါက ပူပေါင်းဖြင့် ပိတ်နိုင်သည်။ ပူပေါင်းထဲမှ အပြင်သို့ လေများထွက်နိုင်ရန် အပေါက်ငယ်လေးများကို ဖောက်ထားပေးပါ။ ထို့နောက် ပုလင်းလည်ပင်းတွင် ပူပေါင်းမြဲနေစေရန် သားရေပင်ဖြင့် စည်းထားပေးပါ။

သိမှတ်ဖွယ်ရာများ
  • သဘာဝတဆေးပြုလုပ်တဲ့အခါ ဂျင်း (အသီး - အသီး ဝိုင်လုပ်လိုပါက) ကို ရေမဆေးပါနှင့်။ ရေဆေးလိုက်ပါက ဘက်တီးရီးယားများနည်းပြီး တဆေးကောင်းကောင်းရရန် မသေချာတော့ပါ)
  • သကြားအစား ပျားရည်ကို အသုံးပြုသင့်သည်။ ပျားရည် က မလိုလားအပ်တဲ့ မှိုတွေပေါက်ရောက်မှု ကို ကာကွယ်ပေးပြီး လူတွေရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
  • ပျားရည် ၁ လီတာကို ဂျင်းပျားရည်အရက် ၃ ပုလင်း ပြုလုပ်နိုင်တယ်။
  • သဘာဝ တဆေးက ပြုလုပ်ထားတဲ့ တဆေးထက် ပိုကောင်းပါတယ်။ ဂျင်းပျားရည် အရက်အတွက် သဘာဝ ဂျင်းတဆေးကို အသုံးပြုပါ။ ငှက်ပျောပျားရည် အရက်အတွက် သဘာဝ ငှက်ပျော်တဆေးကို အသုံးပြုပါ။ အနံ့အရသာ ပိုကောင်းမွန်စေပါတယ်။
  • သဘာဝ တဆေးကို သုံးပါက ၃-၄ ပတ်ကြာလျှင် စတင်သောက်သုံးလို့ရပြီး ပြုလုပ်ထားတဲ့ တဆေးသုံးက ၂ ပတ်သာ စောင့်စရာလိုပါတယ်။
  • အဝင်လေပိတ်ပေးသည့် ဗူးဆို့ မရှိပါက ပူပေါင်းကို အသုံးပြုပြီး တဆေး အသက်ရှုနိုင်ရန်နှင့် အပြင်လေ အထဲသို့ မဝင်အောင် ပိတ်ထားပေးပါ။ အပြင်လေအထဲကို ဝင်လာပါက မကောင်းသည့် ဘက်တီးရီးယားများ ပေါက်ဖွားနိုင်ပါသည်။

ရာဘာပူပေါင်းမရှိတော့လို့ ပလပ်စတတ်ကို ပုလင်းဝနဲ့ ကိုက်ညီအောင် လုပ်ပြီး စွပ်ထားတာပါ။ ပုလင်းဖုံးနဲ့ ပိတ်ထားမယ်ဆိုရင် အဖုံးဖွင့်ပေးဖို့ မေ့ပြီး လေအားနဲ့ ကွဲသွားတတ်ပါတယ်။

Tuesday, May 15, 2018

ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့ ဒိန်ချဉ်ကို အိမ်မှာ အလွယ်တကူပြုလုပ်မယ်




ကျန်းမာရေးအတွက်ရော အသားအရေလှပချင်သူတွေပါ ပုံမှန်စားသုံးသင့်တဲ့ အစားအစာထဲမှာ ဒိန်ချဉ် ပါဝင်ပါတယ်။ ဒိန်ချဉ်မှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးတွေကိုသန်မာစေတဲ့အပြင် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေလည်း ပါဝင်တာကြောင့် အစာအိမ်နဲ့ ဝမ်းကို အထောက်အကူပြုစေပါတယ်။ ဒါကြောင့်မို့လို့ ဒိန်ချဉ်ကို သန့်သန့်ရှင်းရှင်းနဲ့ ပုံမှန်စားသုံးချင်သူတွေအတွက် အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ ဒိန်ချဉ်ပြုလုပ်နည်းကို ဖော်ပြပေး လိုက်ပါတယ်။
ဒိန်ချဉ်ပြုလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ နွားနို့စစ်စစ် ၅၀ သားနဲ့ ဒိန်ချဉ်လုပ်ဖို့ သန့်ရှင်းခြောက်သွေ့တဲ့

Tuesday, May 8, 2018

ချဉ်ချဉ် ချိုချို သရက်ယို



အခုလို သရက်သီးပေါချိန်မှာ သရက်သီးကို အသီးချည်းပဲ ဒီတိုင်းစားရတာ ရိုးနေပြီဆိုရင်တော့ သရက်သီး ရှားပါးသွားတဲ့အချိန်မှာပါ စားလို့ရတဲ့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိလှတဲ့ သရက်သီးယိုပြုလုပ်နည်းလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
သရက်သီးယိုပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
- ကြိုက်နှစ်သက်ရာ သရက်သီးအစိမ်း ၅ လုံး
- သကြား ၂၅ ကျပ်သား

Thursday, April 12, 2018

ဓနိပင်နှင့် သူ၏ စားသောက်ကုန်အမျိုးမျိုး




ဓနိပင်သည် ပင်လယ်ရေငန်ရောက်သော ဒီရေတောများတွင် စိုက်ပျိုးဖြစ်ထွန်းသော အပင်ဖြစ်သည်။ ဓနိပင်ကို ယခုအခါ ဓနိပင်မှ စားသောက်ကုန်အမျိုးမျိုးကို ထုတ်လုပ်လျက်ရှိကြသည်။ 
ဓနိခက်များကြားမှ ထွက်ပြူစ ဓနိပန်းတံကို ဟင်းလက်သုပ်အဖြစ် စားသုံးကြသည်။ ပြုလုပ်ပုံမှာ ထွက်ပြူစ (၁)ပေ အရွယ် ဓနိပန်းတံများကို အပေါ်ခွံခွာ၍ အတွင်းအသားနုကို တစ်လက်မခွဲ (သို့) နှစ်လက်မ အရွယ်ပိုင်းဖြတ်ကာ ဆားစိမ်၍ အဖန်ရည်များ ထွက်သွားရန် ရေနွေးတွင် ပြုတ်ကာ အရည်ညှစ်ထုတ်၍ လက်သုပ်ဟင်းလျာအဖြစ် စားသုံးကြသည်။ ကြာရှည်ထားသိုရန် ဆား (၁) ညစိမ် ရေစင်စင်ဆေး၍ (၂)

Friday, April 6, 2018

စားသုံးမှုပုံစံအသစ်နဲ့ နဂါးမောက်သီး




နဂါးမောက်သီးအသင့်စား အထားခံပြားလေးများလုပ်နည်း
နဂါးမောက်သီးဆိုတာက
ဗီတာမင် စီ၊ ဗီတာမင် ဘီ အထူးသဖြင့် ဗိုက်တာမင် ဘီဝမ်း၊ သတ္တုဓါတ်တွေ အထူးသဖြင့်တော့ ကယ်လ်ဆီယမ်၊ သံဓါတ်နဲ့ မီးစုန်းဓါတ်တွေ၊ အမျှင်ဓါတ်၊ ကိုလက်စထရောဖြစ်ပေါ်မှုကို အားမပေးသောအဆီများ အထူးသဖြင့် အိုမီဂါ (၃) နဲ့ အိုမီဂါ (၆) လိုမျိုး အဆီတွေက အစေ့မဲမဲလေးတွေထဲမှာ ပါတယ်။
Lycopene လိုမျိုး အနီရောင်ဖြစ်စေတဲ့ပစ္စည်း နဲ့ Anthocyanins ကဲ့သို့

ဆန်ကြာဇံ ဘယ်လိုလုပ်သလဲ?




စပါးကို ကြိတ်ခွဲလိုက်သည့်အခါ မကျိုးမကြေသော ဆန်သားနှင့် ကျိုးကြေသော ဆန်ကွဲများကို ရရှိပါသည်။ ဆန်ကွဲကြီးများကို အစားအစာများ ထုတ်လုပ်ရာတွင် အသုံးပြုကြပြီး ဆန်ကွဲသေး၊ ဆန်ကွဲနုပ်များကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြပါသည်။ ဘေးထွက်ပစ္စည်းဖြစ်သည့် ဆန်ကွဲကို အခြေခံ အစားအစာများ၊ အရက် စသည်တို့ထုတ်လုပ်ရာတွင် အသုံးပြုကြပါသည်။ ဆန်ကွဲမှ ထုတ်လုပ်သည့် စားစရာပစ္စည်များအနက် ဆန်ကြာဇံသည် မြန်မာနိုင်ငံတွင် မုန့်ဟင်း ခါးပြီးလျှင် လူသိအများဆုံးဖြစ်ပါသည်။
စင်စစ် ဆန်ကြာဇံ၊ ပဲကြာဇံဿည် မြန်မာ့ရိုးရာ အစားအစာ မဟုတ်ပါ။ ၁၉၃၀ ပြည့်နှစ်ဝန်းကျင် တွင် တရုတ်အမျိုးသားများမှတစ်ဆင့် ထုတ်လုပ်မှုနည်းပညာ ကူးပြောင်းရောက်ရှိလာခြင်း ဖြစ် ပါသည်။ သား၊

ပဲနို့ရည်၊ ပဲပြား ကိုယ်တိုင်ပြုလုပ်မယ်




ပဲပုပ်ကို အသုံးပြုပြီးတော့ ပဲနို့ရည်နှင့် ပဲပြားပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ဈေးကွက်မှာ တွေ့နေရတဲ့ ပဲနို့ရည်တွေ ပဲပြားတွေရှိပေမယ့် ကိုယ်တိုင်ပြုလုပ်တဲ့အရာလောက်တော့ သန့်ရှင်းသပ်ရပ်မှု့၊ ကျန်းမာရေးနဲ့ ညီညွတ်မှု့အတွက် အာမခံချက်ပေးနိုင်ရဲ့လား စဉ်းစားရပါမယ်။ အိမ်ရှင်မများ သိတဲ့ အတိုင်း ပဲပြား၊ မုန့်ဖတ် စတာတွေမှာ တာရှည်ခံအောင် ဖော်မလင်သုံးထားတာတွေ တွေ့ရတဲ့အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) ကလည်းရှောင်တခင် ဝင်ရောက်စစ်ဆေးမှု့ တွေရှိနေတာကိုလည်း တွေ့ရပါတယ်။ ပဲနို့ရည်နဲ့ ပဲပြားဟာဆိုရင် ကျန်းမာရေးနဲ့ညီညွတ်ပြီး လူကြီး လူငယ်မရွေး ကြိုက်နှစ် သက်တဲ့ အစားအစာလည်းဖြစ်ပါတယ်။ ဆိုတော့....ကျန်းမာရေးနဲ့ညီညွတ်ပြီး

သီဟိုလ်သီး ဝိုင် ဘယ်လိုလုပ်ကြမလဲ - (How to Make Cashew Wine)




သီးဟိုလ်စေ့ဟာဆိုရင် ချိုစိမ့်မွေးပြီးတော့ သီဟိုလ်သီးဟာဆိုရင် နူးညံ့ပြီးအရသာရှိလှတဲ့ အသီးတစ်ခုလဲ ဖြစ်ပါတယ်။ ကဲ..... ခုကတော့ သီဟိုလ်သီးနှင့် ဝိုင်ပြုလုပ်လို့ ရတဲ့ နည်းလမ်းလေးတွေကို လေ့လာကြည့်ရအောင်
ပြုလုပ်နည်း (၁)
ပါဝင်သောပစ္စည်းများ
လတ်ဆတ်သောသီဟိုလ်သီး - ၁ ကီလိုဂရမ် ( ၆၂ကျပ်သား) 
သကြား - ၆ ကျပ်သား
တစေး (yeast) - ၁/၂  လဘက်ရည်ဇွန်း
ကြက်ဥ အကာ - ၁/၄  လဘက်ရည်ခွက်
ပြုလုပ်ပုံအဆင့်ဆင့်

Friday, December 15, 2017

ဘက်စုံသုံး ဆပ်ပြာရည် ပြုလုပ်နည်း





ဤဘက်စုံသုံး ဆပ်ပြာဆီ ပြုလုပ်နည်းကို စာရေးသူ၏ ကိုယ်တွေ့အားရေးသားပါသည်။ ပြုလုပ်၍ရောင်းချပါက အိမ်တွင်း ၀င်ငွေရရှိနိုင်သလို မိမိ ကိုယ်တိုင် ပြုလုပ် သုံးစွဲပါကလည်း အဖိုးနှုန်း ချိုချိုဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
ပါဝင်ပစ္စည်းများ

အိမ်တွင်းခေါင်းလျှော်ရည် ပြုလုပ်နည်း




စာရေးသူ လက်တွေ့ ပြုလုပ်အသုံးပြုသောခေါင်းလျှော်ရည် ပြုလုပ်နည်း ဖြစ်ပါတယ်။ လက်တွေ့အားဖြင့်လည်း ဘယဆေးပင်များ၏ အကျိုးကျေးဇူးများခြင်းကို ခံစား သိရှိရပြီး ဖြစ်သောကြောင့် စာဖတ်သူများလည်း လိုက်လံ ပြုလုပ်ပြီးနောက် အကျိုးများစေရန် မျှဝေလိုက်ပါတယ်။
(၁) ပါဝင်ပစ္စည်းများ
  • ကန်စွန်းရိုးနီ၊ ပိတောက်ရွက်၊ ကြိတ်မှန်ရွက်၊ ထောလပတ်ရွက်၊ ရှောက်သီး(သို့)သံပုရာသီး၊ ကင်ပွန်းသီး၊ လက်ဖက်အစို၊ တမာရွက် (မိမိ နှစ်သက်ရာ အသီး၊ အရွက်ကို အလိုရှိသလောက် ထည့်သုံးနိုင်ပါတယ်)
  • ပျားရည် - ၀.၅ကီလိုဂရမ်
  • သံလွင်ဆီ(သို့မဟုတ် ) အုန်းဆီ- ၀.၅ကီလိုဂရမ်
  • ပျော့ဆေး- ၀.၅ကီလိုဂရမ်
  • ပုလဲ - ၀.၅ကီလိုဂရမ်
  • ဆား(Sodium EDTA)အမှုန့် - ၀.၅ကီလိုဂရမ်
  • SLES or N 70 (Sodium laureate sulfate) ပျစ်ဆေး အဆီ/အနှစ်   ၁ကီလိုဂရမ်