Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Sunday, October 16, 2022

ဝက်အမျိုးအစားအလိုက် စပ်ရမည့် ဝက်စာအချိုးအစားများ

 


ဝက်စာရောစပ်ရာတွင် ဝက်များ၏ အသက်အရွယ်နှင့် လိုက်လျောညီထွေမှုရှိသည့် အာဟာရဓာတ် ပါဝင်မှုအချိုးကို ထည့်သွင်းစဉ်းစားရမည်။ ဝက်များ၏ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်း အဆီဓာတ်အစရှိသည့် ထုတ်လုပ်မှု စံနှုန်းများသည် အစာအာဟာရ ကျွေးမွေးပုံစနစ် အပေါ်များစွာ မူတည်လျက်ရှိပါသည်။

ဝက်များကို အာဟာရပြည့်စုံစွာ ပါဝင်သော အစားအစာများကို ဝလင်စွာ ကျွေးမွေးသည့်အခါ ကြီးထွားနှုန်းကောင်းမွန်ကြောင်း တွေ့ရသည်။ ထို့ကြောင့် အသားတိုး မွေးမြူသည့် ဝက်များကို အစာလုံလောက်စွာ ကျွေးမွေးပါက အရွယ်ရောက်ချိန် အသက် ၆ လသား အရွယ်တွင် ရောင်းတန်းဝင်သည့် အလေးချိန်ကို ရရှိမည်ဖြစ်ပါသည်။ အကယ်၍ ဝင်ငွေပိုရမည့် ထင်မြင်ယူဆချက်ဖြင့် ဆက်လက်မွေးမြူပါက မျှော်လင့်ချက်အတိုင်း ဖြစ်မလာဘဲ စီးပွားနစ်နာမှု ကြုံတွေ့ရမည်ဖြစ်သည်။

ဝက်များသည် နို့ခွဲချိန်မှ အရွယ်ရောက်ချိန်အထိ အစာ ၃ ပိဿာခွဲစားလျှင် အလေးချိန် ၁ ပိဿာတိုးပါသည်။ အရွဘ်ရောက်ပြီး နောက်ပိုင်း၌ ခန္ဓာကိုယ်အလေးချိန် ၁ ပိဿာ တိုးရန်အတွက် အစာ ၄ ပိဿာကုန်ပါသည်။ ထို့ကြောင့် အရွယ်ရောက်ပြီးနောက်ပိုင်းတွင် ခန္ဓာကိုယ် အလေးချိန် ၁ ပိဿာတိုးရန်အတွက် အစာ ၅၀ ကျပ်သားပိုကုန်ပါသည်။ ဤတွင် အစာဖိုးပိုကုန်သည် သာမက တိုးလာသော ခန္ဓာကိုယ်အလေးချိန်တွင် အဆီပါဝင်နှုန်းပိုများသည့်အတွက် ဝက်တစ်ကောင် လုံး ဈေးမှာလည်း ပုံမှန်ပေးသည့် အသားဈေးထက် လျော့နည်းရရှိပါသည်။

ဝက်စာစပ်ရန်ရောစပ်သည့်အချိုး

မှတ်ချက်။ အသားတိုးနှင့် မျိုးဝက်များကို အသီးအရွက်သစ်မြစ်သစ်ဥလိုသလောက်ကျွေးရန်

( တစ်နိုင်တစ်ပိုင် ဝက်မွေးမြူနည်းလမ်းညွှန်စာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှာ တစ်ပုဒ်ကိုကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

အခုလိုမျိုး 'တစ်နိုင်တစ်ပိုင် ဝက်မွေးမြူနည်းလမ်းညွှန်' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

 "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"

Thursday, June 2, 2022

တောင်သူများအတွက် အသုံးဝင်ပြီး ကုန်ကျစရိတ် သက်သာစေမည့် ဘော်ဒိုဆေးရည် ပြုလုပ်နည်း

 


08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဘော်ဒိုဆေးရည် ဖြစ်ပေါ်လာပုံ

     Bordeaux (ဘော်ဒို) ဆိုတဲ့ ဆိပ်ကမ်းမြို့တစ်မြို့မှာ စပျစ်တွေ အများကြီး စိုက်ပြီး ဝိုင်ပြုလုပ်ကြသတဲ့။ အဲဒီက ထွက်တဲ့ ဝိုင်တွေက နာမည်ကြီးလာတော့ အနီးအနားပတ်ဝန်းကျင်မှာလည်း စပျစ်ခင်းတွေချည်းပဲ ဖြစ်ကုန်ကြတယ်။ သီးနှံတစ်မျိုးတည်းကိုပဲ တစ်ကွင်းတစ်စပ် စိုက်ပျိုးခြင်း (Monoculture) ဟာ ဂေဟစနစ်ကို အခြေပျက်စေတဲ့အတွက် ပိုးမွှားရောဂါ ကပ်ဆိုးကျရောက်ဖို့ လွယ်ကူပါတယ်။ တစ်နှစ်ကျတော့ စပျစ်စိုက်ခင်းတွေမှာ ဒေါင်းနီး ရွက်ခြောက် ရောဂါ ကပ် ကျရောက်လာပါတော့တယ်။ ဒီအချိန်မှာ Uni Bordeaux (Bordeaux မြို့မှာရှိ) က ပါမောက္ခ Millardet က အဲဒီနယ်ကရောဂါကျနေတဲ့ စပျစ်ခြံတွေကို အသေးစိတ် သုတေသနလုပ်တော့ လမ်းနားနီးတဲ့စပျစ်ပင်တန်းတွေမှာ ရောဂါကျတာ မတွေ့ရပဲ စပျစ်သီးတွေရဲ့အရောင်ကထူးခြားနေလို့ ခြံရှင်ကို မေးတော့ လမ်းမှာ ဖြတ်သွားတဲ့သူတွေ ခူးမစားရဲအောင်ဒုတ္ထာနဲ့ ထုံး ရောပြီး ဖြန်းထားတာ လို့ ခြံရှင်ကပြောပါတယ်။ အဲဒီလိုနဲ့ဒုတ္ထာ ထုံး အရောက downy mildew ကိုနိုင်တာလို့ တွေ့လာတာပါ။ လယ်သမားတွေရဲ့ မစားရဲအောင် ပြုလုပ်ထားတဲ့ ခလုပ်တိုက် သုတေသနက တစ်ဆင့် တက္ကသိုလ် စမ်းသပ်ခန်းထဲထိ ရောက်သွားပြီး ဘော်ဒိုဆေးရည်က တိကျတဲ့ အညွှန်းတွေနဲ့ ဖော်ထုတ်နိုင်ခဲ့ပြီး အခုဆို တောင်သူတွေရဲ့ လက်ဆွဲ ဆေးစွမ်းကောင်း တစ်လက် ဖြစ်လာခဲ့ပါပြီ။

ဒီတော့ ဘော်ဒိုဆေးရည် ဖျော်စပ်ပုံအကြောင်းလေးကို ကြည့်ကြရအောင်လား။

ပါဝင်ပစ္စည်းများ

ဒုတ္တာ ၂၈ ကျပ်သား (၁ ပေါင်)

ထုံး   ၂၈ ကျပ်သား (၁ ပေါင်)

ရေ ၁၀ ဂါလံ (၁ ဂါလံ = ၁၀ ပေါင်)

ရောစပ်သည့် အချိုး

ဒုတ္ထာ ၁ ပေါင်- ထုံး ၁ ပေါင် - ရေ ၁၀၀ ပေါင်(၁၀ ဂါလံ)

၁ - ၁ - ၁၀၀ - ၂ %ဘော်ဒိုဆေးရည်

ဒီတော့

ဒုတ္တာ ၂၈ ကျပ်သား- ထုံး ၂၈ ကျပ်သား - ရေ၁၀ ဂါလံ

ဖျော်စပ်ပုံ

     ဒုတ္ထာ၂၈ ကျပ်သား ကိုရေ၅ဂါလံနှင့် ပုံးတစ်ပုံး တွင်ဖျော်ပါ ။နောက်ထပ် ပုံးတစ်ပုံးတွင် ထုံး ၂၈ ကျပ်သား ကိုရေ၅ဂါလံ တွင်ဖျော်ပါ။ ထိုသို့ဖျော်ပြီးနောက် ဖျော်ရည်နှစ်မျိုး ကိုပေါင်းစပ် လိုက်လျှင်ဘော်ဒိုဆေးရည် ရရှိ မည်ဖြစ်ပါ တယ် ။ဆေးရည်ကို ၂၄ နာရီ အတွင်း အသုံးပြုရမည်။ အချို့ စာအုပ်များတွင် တိုက်ရိုက်ရောစပ်ဖျော် ရန်ရေးထားတာ ကိုတွေ့ရပါတယ်။ သီးခြား ခွဲဖျော်ထားပါက လိုအပ်သည့် အချိန်တွင် လိုအပ်သလောက် စပ်ပြီး အသုံးပြုနိုင်သည့် အတွက်ဆေးရည် ဆုံးရှုံးလေလွင့်မှု သက်သာနိုင်တယ်။

     သတိပြုရန်မှာ သံ/သွပ်ပုံးများတွင် မဖျော်ရပါ။ သံ/သွပ်တို့နှင့် ဓာတ်ပြုသွားပြီး အာနိသင်သက်ရောက်မှု နည်းသွားမည် ။ဆေးရည် ကိုမွှေတဲ့နေရာမှာ လည်း သစ်သားဒုတ်၊ ပလပ်စတစ်ချောင်း တို့ဖြင့် သာမွှေပေးပါ။

ဘယ်လိုသုံးမလဲ

  • အပင်ကိုနှံစပ်အောင် ဖျန်းပေးပါ ။နေသာပြီးခြောက်သွေ့တဲ့ မနက်စောစောမှာဖြန်းနိုင်ရင်တော့ အကောင်းဆုံးပါ။
  • ဖျန်းနေစဉ် အတောတွင်း မှာ ဆေးပုံးထဲ ရှိဆေးရည်များ အနယ် ထိုင်မသွားအောင် တတ်နိုင်သလောက်လှုပ်ပေးပါ။
  • ရောစပ်ပြီး ၂၄ နာရီအတွင်း အသုံးပြုပါ။

ကာကွယ်နိုင်သည့်ရောဂါများ

  • ဘက်တီးရီးယားရွက်ခြောက်ရောဂါ
  • ဘက်တီးရီးယားပင်ညှိုးရောဂါ
  • မှိုပြောက်ရောဂါ
  • ဒေါင်းနီရွက်ခြောက်ရောဂါ
  • နှောင်းပင်နာကျရောဂါ
  • သံချေးရောဂါနှင့်
  • မှိုရောဂါများ

အခြားအသုံးပြုနိုင်သည့်နည်းလမ်းများ

ကိုင်းကူးကိုင်းဆက်ပြုလုပ်ပြီးပါက ကိုင်းဖြတ်ရာများကို သုတ်လိမ်းထားပါကရောဂါကူးဆက်ခြင်းမှ ကာကွယ်နိုင်သည်။ ကွမ်းမျိုးကိုင်းများ ကိုဘော်ဒိုဆေးရည် တွင်စိမ်ပေးခြင်းဖြင့် မှို၊ ဘက်တီးရီးယား ကူးဆက်ခြင်းမှ ကာကွယ်နိုင်သည်။

REF : Green Way သင်ရိုးစာအုပ်

 

Saturday, October 16, 2021

မွေးစဝက်ငယ်နှင့် နို့ဦးရည်အရေးပါပုံ

 


    ဝက်မကြီးမွေးပြီးချိန်မှ ၁၂ နာရီအတွင်း နို့ဦးရည် (Colostrum) ထွက်ရှိပြီး ၄င်းနို့ဦးရည်တွင် ဝက်ငယ်များ၏ရောဂါကို တိုက်ထုတ်ပေးနိုင်သော (Immunoglobulin) ပါရှိပါသည်။

    နို့ဦးရည်မသောက်စို့ရသော ဝက်ငယ်များမှာ ရောဂါအလွယ်တကူ ဝင်ရောက်နိုင်သည့်အတွက် ဝက်ငယ်များ နို့ဦးရည်ကို ၁၂ နာရီအတွင်း အချိန်မှီသောက်စို့နိုင်ရန် ဝက်မွေးမြူသူမှ စောင့်ကြည့် ကူညီပေးသင့်ပါသည်။

    ဝက်မကြီး၏နို့တိုင်သည် တစ်ခုနှင့်တစ်ခု နို့ပေးနှုန်းမတူညီကြပေ။ ဦးခေါင်းဖက်ရှိ နှလုံးနှင့်အနီးဆုံးနို့တိုင်မှာ နို့ထွက်နှုန်းအကောင်းဆုံးဖြစ်သည့်အတွက် မွေးစဝက်ငယ်များထဲမှ အရွယ်သေးသောဝက်ငယ်ပါလျှင် ၄င်းနို့တိုင်ကို လူမှကူပြီး နို့မှတ်ပေးခြင်းဖြင့် ဝက်ငယ်နို့ညှပ်ပြီး အရွယ်ကွာဟခြင်းကို လျှော့ချပေးနိုင်ပါသည်။

    မွေးဝက်မသည် မွေးပြီး ၁၂ နာရီအတွင်း အဆက်မပြတ်နို့ချပေးပြီး နောက်ပိုင်း တစ်နာရီလျှင် တစ်ကြိမ်ခန့်သာ ချပေးတော့သည်။ တစ်ကြိမ်လျှင် (၂၀ မှ ၃၀) စက္ကန့်ခန့် ကြာသည်။

    မွေးဝက်မ၏ သားပေါက်ကောင်ရေပေါ်မူတည်ပြီး အစာအနည်းအများ ချိန်ဆကျွေးပါ။ နို့ပေးနှုန်းနည်းလာလျှင် အစာကိုလျှော့ကျွေးပါ။ အစာကျွေးနှုန်းများပြီး နို့ထွက်နှုန်းကောင်း၍ ဝက်ကလေးများ နို့ကုန်အောင်မစို့နိုင်ပါက နို့အုံတွင် နို့ကျန်ပြီး နို့အုံရောင်တတ်ပါသည်။

    ဝက်မကြီးအား အစာနှင့်တွဲပြီး အရွက်စိမ်းများကိုလည်း ထည့်ကျွေးသင့်ပါသည်။ သို့မှသာ ဝမ်းမချုပ်ဘဲ ကျန်းမာရေးကောင်းမွန်စေမည် ဖြစ်ပါသည်။ 

Ref: Dip LPAသင်ရိုးညွှန်းမှ ကူးယူဖော်ပြပါသည်။

Tuesday, September 8, 2020

ဖုန်းဘက်ထရီအကုန်မြန်နေလို့ စိတ်ညစ်နေလား



ဖုန်း ဘက်ထရီအားကို ကြာရှည်ခံစေမယ့် နည်းလမ်း(၁၁)ကို ဖော်ပြလိုက်ပါတယ်။
၁။ ဘက်ထရီအား လုံးဝကုန်သွားတဲ့အထိမသုံးပါနဲ့။ အပြည့်လည်း မသွင်းပါနဲ့။
အခုခေတ်ပေါ်ဖုန်းတွေက Lithium Ion ဘက်ထရီတွေကို အသုံးပြုထားပါတယ်။
ဒီဘက်ထရီတွေက အားကို (၁၀၀)ရာခိုင်နှုန်းအပြည့်သွင်းဖို့ မလိုသလို့ လုံးဝကုန်သွားတဲ့အထိလည်း သုံးလို့မကောင်းပါဘူး။ ဖုန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဘက်ထရီအား အနည်းဆုံး (၂၀)ရာခိုင်နှုန်းလောက်အထိပဲ သုံးပြီး (၉၀)ရာခိုင်နှုန်းလောက်အထိပဲ အားသွင်းပါ။
၂။ အားသွင်းနေစဉ် ဖုန်းမသုံးပါနဲ့။ ဖုန်းအားသွင်းကြိုးတွေ ဘာကြောင့်တိုတာလဲ
စဉ်းစားဖူးပါလား။ ဖုန်းထုတ်လုပ်သူတွေက အားသွင်းနေတုန်း ဖုန်းကို မသုံးစေချင်လို့ဖြစ်ပါတယ်။ ဒီလိုအသုံးပြုမယ်ဆိုရင် ဖုန်းရဲ့အားသွင်းစနစ်ကို ထိခိုက်စေပြီး ဘက်ထရီသက်တမ်းလျော့သွားစေပါတယ်။ ဖုန်းတွေရဲ့ဘက်ထရီဟာ သတ်မှတ်ထားတဲ့ အကြိမ်ရေသက်တမ်း ပြည့်အောင် အသုံးပြုပြီးသွားရင် အသစ်လဲပေးဖို့လိုပါတယ်။

၃။ အလင်းအမှောင် အလိုအလျောက်ချိန်ညှိစနစ်ကို မသုံးပါနဲ့။
သင့်ဖုန်းရဲ့ AMOLED မျက်နှာပြင်ဟာ ဘက်ထရီအစားဆုံးဖြစ်ပါတယ်။
Auto brightness စနစ်ကို သုံးတာက ဘက်ထရီအားကို အကုန်မြန်စေပါတယ်။
လိုအပ်ရင် လိုအပ်သလောက် အလင်းအမှောင်ကို ကိုယ်တိုင် ချိန်ညှိပေးတာ
အကောင်းဆုံးဖြစ်ပါတယ်။
၎။ Vibrate နဲ့ အခြားအသံထွက်စနစ်တွေ ပိတ်ထားပါ။
သင့်ဖုန်းရဲ့ Vibrate တုန်ခါမှုက ရေရှည်မှာကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ
သာမက ဘက်ထရီလည်း အရမ်းစားပါတယ်။ ဒါ့အပြင် ခလုပ်နှိပ်ရင် အသံမြည်
အောင်လုပ်ထားတာတို့လိုမျိုး စနစ်တွေကလည်း သုံးရတာ ဘက်ထရီကုန်တာ
ကလွဲပြီး အခြားအကျိုးမရှိပါဘူး။
၅။ အခြားအမျိုးအစား အားသွင်ကြိုးနဲ့ ဘက်ထရီတွေ ၀ယ်မသုံးပါနဲ့။
အမျိုးအစားမတူတဲ့ အားသွင်းကြိုးတွေ၊ ဘက်ထရီတွေက သင့်ရဲ့ဖုန်း အားသွင်း
စနစ်နဲ့ ကိုက်ညီမှာမဟုတ်တာ အသေအချာပါပဲ။ သက်ဆိုင်ရာအမျိုးအစားရဲ့
အော်ရီဂျင်နယ်တွေကိုပဲ သုံးပါ။
၆။ GPS၊ Wi-Fi နဲ့ Bluetooth တွေကို မသုံးရင်ပိတ်ထားပါ။
ဒီဟာတွေက အချိန်တိုင်းဖွင့်ထားဖို့ မလိုအပ်ပါဘူး။ သူတို့ကို ပိတ်ထားရုံနဲ့ ဘက်
ထရီကို ချွေတာနိုင်ပြီး ဖုန်းရဲ့ လုပ်ငန်းဆောင်တာတွေလည်း ပိုကောင်းစေပါတယ်။
ဒီစနစ်တွေက ဖုန်းကို လေးစေတာကြောင့် လိုအပ်မှသာ ဖွင့်သုံးပါ။
၇။ မျက်နှာပြင်အလိုအလျောက်ပိတ်သွားချိန်(Screen timeout)ကို နည်း
နည်းပဲထားပါ။ လေ့လာမှုတွေအရ သာမန်လူတစ်ယောက်ဟာ သူ့ရဲ့စမတ်ဖုန်း
ကို တစ်နေ့မှာအကြိမ်(၁၅၀)လောက် ဖွင့်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် Screen Timeout ကို အချိန်နည်းနည်းပဲ သတ်မှတ်ထားရင်
ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ (၁၅)
စက္ကန့်လောက်ပဲ ထားပါ။
၈။ App တွေကို Wi-Fi သုံးပြီး မကြာခဏ Update လုပ်ပေးပါ။
စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ App တော်တော်များများက လစဉ် update လုပ်ပေး
ဖို့လုပ်ပေးမယ်ဆိုရင် ဘက်ထရီအား နည်းနည်းပဲသုံးပြီး အလုပ်လုပ်နေမှာဖြစ်ပါတယ်။ Update မဖြစ်တဲ့ Apps အဟောင်းတွေကတော့ သင့်ဖုန်းရဲ့ RAM နဲ့ ဘက်ထရီကို
သုံးဖြုန်းပစ်မှာပါ။
၉။ Auto-Sync စနစ်ကိုလည်း လိုအပ်မှသုံးပါ။ သင့်ရဲ့ e-mail တွေကို မကြာခဏ
update ဖြစ်ဖို့ လိုတယ်ဆိုမှ Auto-Sync စနစ်ကို သုံးပါ။ Auto-Sync စနစ်မလိုအပ်
တဲ့ အခြား e-mail Apps တွေ ရှိပါတယ်။ သူတို့ကိုသုံးလည်းဖြစ်ပါတယ်။
၁၀။ ဖုန်းခေါ်မယ်ဆိုရင် လိုင်းဆွဲအားကောင်းမကောင်းစစ်ဆေးပါ။ ဖုန်းလိုင်းသိပ်
မမိတာမျိုးက သင့်ဖုန်းရဲ့ဘက်ထရီအားကို ပိုသုံးပြီး လိုင်းရှာရစေပါတယ်။
ဒါ့ကြောင့် လိုင်းသေချာမိတဲ့ နေရာမျိုးက ဖုန်းခေါ်တာတို့၊ လိုင်းမမိတဲ့နေရာမျိုးမှာ
Airplane mode လုပ်ထားတာမျိုးက ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။
၁၁။ မလိုအပ်ပဲ process တွေကို ရှင်းလင်းပါ စမတ်ဖုန်းတွေမှာ မလိုအပ်
ပဲ နောက်ကွယ်မှာအလုပ်လုပ်နေတတ်တဲ့ processes တွေနဲ့ App တွေရှိတတ်
ပါတယ်။ ဒီဟာတွေကို Setting > Apps ထဲမှာသွားပြီး Force stop လုပ်ပြီး
ရှင်းပစ်လိုက်လို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီ processes တွေရှင်းတဲ့
Apps တစ်ခုခုသုံးနိုင်ပါတယ်။
လေးစားစွာဖြင့်
Credit (အိုင်တီလမ်းညွှန်)

 

Monday, September 7, 2020

Samsung,Oppo,Vivo,Huawei ,Xiaomiဖုန်းအားလုံးကိုမြန်မာယူနီကုဒ်ထည့်သွင်းနိုင်မယ့် ဆော့ဝဲ

 



Samsung,Oppo,Vivo,Huawei ,Xiaomiဖုန်းအားလုံးကိုမြန်မာယူနီကုဒ်ထည့်သွင်းနိုင်မယ့် ဆော့ဝဲဒီတစ်ခါတော့ ဖုန်း Model အနိမ့်/အမြင့် အားလုံးကို လွယ်ကူစွာထည့်သွင်းနိုင်ပါတယ်။ထည့်သွင်းနည်း၊အသုံးပြုနည်း များကိုလည်း Modelအလိုက်ပြပေးထားပါတယ်။Unicode အဆင်ပြေသေးသူများဒေါင်းပြီး လုပ်ကြည့်ကြပါနော်။








ဆော့ဝဲဒေါင်းယူရန် - 

 
Credit: Developer

Monday, June 29, 2020

မိမိဖုန်းကို Unicode အဖြစ်သို့ပြောင်းသုံးနည်း




မိမိဖုန်းကို Unicode အဖြစ်သို့ပြောင်းသုံးနည်း။ပြောင်းနည်းကတော့ အရမ်းလွယ်ကူပါတယ်Zfont ကိုအသုံးပြု ပြီးပြောင်းမှာဖြစ်ပါသည် ။
ဘယ်ဖုန်းတွေအလွယ်တကူပြောင်းလို့ရမလဲဆိုရင် Samsung ,Oppo,Vivo ,Realme, Huawei (EMUI), Xioaomi (MIUI) တွေအလွယ်တကူပြောင်းလို့ရပါမယ် ။
ကျွန်တော်ကတော့ Mi Phone နဲ့ လုပ်ပြထားပါတယ်
Keyboard ကိုတော့ ကျွန်တော်ကတော့ Bagan နဲ့ပဲသုံးပါတယ် ။
အခုနောက်ထွက်လာတဲ့ Bagan Keyboard မှာ Unicode ရော Zawgyi အလွယ်တကူပြောင်းရိုက်နိုင်ပါတယ် ။
ပီးရင် စာရိုက်တဲ့အခါမှာ လက်နဲ့ရေးစရာမလို့ပဲ အသံ
ဖြင့်ပြောလိုက်ရုံနဲ့ စာရေးလို့ရနေပါပြီ ။ နောက်အားသာချက်တစ်ခုက အရင်တုန်းက Zawgyi ဖြင့်

Wednesday, February 12, 2020

Radio တစ္ခုဘယ္လိုလုပ္လဲ




 

Radio တစ်ခု Run တာခက်ခဲတယ့် အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဓိက အချိန်နဲ့ လူအင်အား ရှိဖို့တော့ လိုပါတယ်။ ကျွန်တော်ဒီ Tutorial ကိုကိုယ့်ဘာသာ Online Radio လုပ်ချင်ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေကို ကိုယ်ဆီက သီချင်းတွေ ပို့စရာမလိုပဲ နားထောင်စေ ချင်တာလောက်ပဲ ဖြစ်ဖြစ် memory မစား၊ လွယ်လွယ်ကူကူနဲ့ Free လုပ်နိုင်မယ့်နည်းနဲ့ ကိုယ့်စိတ်ကြိုက် Radio တစ်ခုလုပ်ချင်တဲ့ ပြည်ပရောက် မြန်မာ Generation တွေအတွက် ရည်ရွယ်ပြီး လုပ်လိုက်တာပါ။ Free ဆိုတဲ့အတိုင်း ကန့်သတ်ချက် တစ်ခုကတော့ မြန်မာပြည်က အသုံးပြုသူတွေ အတွက်တော့ မရပါဘူး။ အဓိက Port အခက်အခဲကြောင့်ပါ။ Free ဖြစ်တာကြောင့် Sign Up လုပ်တဲ့အခါ ကိုယ်လိုချင်တဲ့ Port ပေးတာမျိုး မဟုတ်ပဲ သူတို့ချပေးတာပဲ ယူရတော့ Port 80 နဲ့ Port 443 ပဲပွင့်တယ့် မြန်မာ Internet အတွက် အဆင်ပြေ လှပါဘူး။ ဒါကို ကျော်ပြီး လုပ်လို့ရတဲ့ နည်းလမ်းတွေ မရှိဘူးလာဆိုတော့ မဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမဲ့ အဓိကဒီ Tutorial မှာလွယ်လွယ်နဲ့ တိုက်ရိုက် လုပ်နိုင်အောင်ပဲ ပြချင်တာမို့လို့ တခြား Software တွေသုံးရမယ့် အပိုင်းတွေကို ချန်လှပ်ထားခဲ့ပါတယ်။ စလိုက်ကြရအောင်။
ပထမဆုံး ဘာမှမလုပ်ခင်မှာ www.freeshoutcast.com မှာ Acct ကို Register လုပ်ပါ။ အခု Radio ထောင်မယ့်နေရာမှာ အသုံးပြုမှာ Shoutcast Server ပါ။ Shoutcast နဲ့ပတ်သက်ပြီး Free ပေးနေတယ့် Shoutcast Host တွေအများကြီး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခု နားထောင်နိုင်တဲ့ Listener အရေအတွက်၊ Radio လွှင့်မယ့် Quality အတွက် Encoding စသဖြင့် ကွဲပြားပါတယ်။ Port 80 ကို Free မှာချပေးမယ့် Shoutcast Hosting တွေရှိကောင်း ရှိပါလိမ့်မယ်။ ကိုယ်ကြွမ်းကျင်သလို Google မှာရှာဖွေ နိုင်ပါတယ်။ အဓိက ပြောချင်တာ အသုံးပြုမဲ့ Server အမျိုးအစား ကတော့ Shoutcast ပါ။ Freeshoutcast.com မှာတော့ Listener အယောက် ၁၀၀ထိ အလကားပေး ထားတာဖြစ်ပြီး လွှင့်တဲ့နေရာမှာလဲ Quality ကို 64 Kbps အထိ Bitrate ကိုသွားနိုင်ပါတယ်။ ဒီ Tutorial မှာ freeshoutcast.com ကိုအသုံးပြုထားပါတယ်။ အဓိက ဘယ်လိုလုပ်ရလဲ ဆိုတာနားလည်သွားရင် ဘယ် Hosting သုံးသုံး အခြေခံကတော့ အတူတူပါပဲ။ Register လုပ်ပြီး Email ကနေ Activate လုပ်ပြီးရင် http://cp.freeshoutcast.com/cp.php ကနေ ကိုယ် Register လုပ်ထားတုံးက အသုံးပြုတဲ့ Username နဲ့ Password သုံးပြီး Log In လုပ်ပါ။ ၀င်လိုက်တာနဲ့ ပုံ၁မှာ ပြထားတဲ့ အတိုင်းမြင်ရမှာပါ။

1

ဒါက ကိုယ်ရဲ့ Shoutcast အတွက် ထိမ်းချုပ်နိုင်တဲ့ Control Panel ပေါ့။ ဘယ်မှ ဆက်မသွား သေးခင်မှာ ပုံ၁မှာ မြင်ရတဲ့ အပေါ်နားလေးက "Your FreeSHOUTCAST" ကိုတစ်ချက် နှိပ်လိုက်ပါ။ Shoutcast ကို run ဖို့အတွက် လိုအပ်တဲ့ အခြေခံ Information တွေဒီက ယူရမှာ ဖြစ်ပါတယ်။ ပုံ၂မှာ မြင်ရတဲ့ Host ကတော့ အကုန်အတူတူပါ။ Portbase မှာတစ်ယောက်နဲ့ တစ်ယောက် မတူသလို Password လည်းမတူနိုင်ပါဘူး။ နောက်ပိုင်း Password ပြောင်းဖို့ ပြပေးပါမယ်။ ဒီအဆင့်ထိ ရောက်ပြီးဆိုရင်တော့ ခဏရပ်ပြီး လိုအပ်တဲ့ Software လေးတွေ Download လိုက်ကြရအောင်။

2

အသုံးပြုမယ့် Software ကတော့ တစ်မျိုးထဲပါ။ ဒါပေမဲ့ Shoutcast လုပ်နိုင်ဖို့အတွက် Plugin ထည့်ပေးရမှာ ဖြစ်လို့ စုစုပေါင်း နှစ်ခု Install ရပါမယ်။ Software က Music Player ဖြစ်တဲ့ Winamp ပါ။ တော်တော်များများ သိပြီးသား ဖြစ်မှာပါ။ Winamp က Microsoft Windows မှာပါပြီးသား Windows Media ကိုကောင်းကောင်း အစားထိုးနိုင်ပါတယ်။ နောက်တစ်ခုကတော့ Radio လွှင့်ဖို့ လိုအပ်တဲ့ DSP Plugin ပါ။ တစ်ခြားနည်းတွေ ရှိပေမဲ့ DSP Plugin နဲ့လုပ်ရတာ အလွယ်ကူဆုံးပါ။

Winamp ကို Install လုပ်တဲ့ နေရာမှာ တခြားမလိုအပ်တဲ့ Toolbar တွေမှားပြီး မသွင်းမိစေဖို့ သတိထားပြီး Install လုပ်ပါ။ Installation step by step တော့ မပြောတော့ ပါဘူး။ ဒါပေမဲ့ Install လုပ်တဲ့အခါ Yes ပဲဆက်တိုက် မလုပ်ပဲ တစ်ဆင့်ချင်းမှာ သေချာဖတ်ပြီး လုပ်ဖို့ အကြံပေး ပါရစေ။ ဘာအန္တရာယ်မှ မရှိပေမဲ့ မလိုအပ်တဲ့ Junk Software တွေ Computer ထဲမှာ မရှိရင် အကောင်းဆုံးပါ။ Winamp ကိုသွင်းပြီးရင် DSP Plugin ကိုဆက်ပြီး Install လုပ်ပါ။ မလုပ်ခင်မှာတော့ Winamp ကိုပိတ်လိုက်ပါ။ DSP Plugin ကတော့ လွယ်ပါတယ်။ တောက်လျှောက် Next နှိပ်ပြီး Install အလွယ်တကူ လုပ်နိုင်ပါတယ်။ Winamp မှာ Install လုပ်ပြီးရင် Skin ရွေးတဲ့အခါ  Bento, Winamp Modern, Winamp Classic ဆိုပြီး ရှိတာပြောရရင် Winamp Modern Skin ကကျွန်တော့် အမြင်မှာ ရှင်းပြီး လုပ်ရတာ လွယ်ပါတယ်။ ကိုယ်ကတခြား Skin ရွေးမိလို့ ပြန်ပြောင်းချင်တယ် ဆိုရင်တော့ Winamp ရဲ့ Menu မှာ Options > Skins ကနေ ရွေးနိုင်ပါတယ်။
3

လိုအပ်တဲ့ Software တွေလည်း ရပြီ၊ ထည့်ဖို့ Information လည်းသိပြီ ဆိုတော့ အောက်မှာ ဆက်ကြည့်ကြတာပေါ့။

အပေါ်မှာ ကိုယ့် Server Information ပေးထားတဲ့ နေရာမှာ Host ရဲ့ free.freeshoutcast.com ဆိုတဲ့ Domain ကို IP အရင်ပြောင်းတာပေါ့။ မပြောင်းချင်လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီ Domain ကြီးပါနေတာကို သဘောမကျလို့ IP ပြောင်းလိုက်တော့ ကြည့်ရတာ ပိုအဆင်ပြေသလို ခံစားရလို့ပါ။ ပြောင်းချင်တဲ့ သူတွေအတွက် 188.165.229.150 ကိုသုံးနိုင်ပါတယ်။ ကျွန်တော့် Tutorial မှာတော့ 188.165.229.150 ကို Host အတွက်သုံးထားပါတယ်။ သတိပြုဖို့ 188.165.229.150 ဆိုတာ free.freeshoutcast.com နဲ့အတူတူပါပဲ။ ပုံ၎မှာ ပြထားသလို ကျွန်တော် အနီနဲ့ ၀ိုင်းထားတဲ့ နေရာမှာ အချပ်အလက်တွေ ဖြည့်ပါ။ Address မှာ Host ကိုထည့်ပြီး Port နဲ့ Password မှာ ကိုယ့်မှာ ရှိတာကိုယ်ဖြည့်ပါ။ use SHOUTcast V1 mode ကို Check လုပ်ထားပါ။ အရေးကြီးပါတယ်။ ပြီးရင် Yellow Pages ဆိုတဲ့ Tab ကိုတစ်ချက် ကူးပြီး ပုံ၅မှာ ဖြည့်သလို ဖြည့်နိုင်ပါတယ်။ ပြီးရင် Encoder ကိုသွားပြီး အောက်က Encoder Type ကို MP3 Encoder ပြောင်းပါ။ Encoder Settings မှာဆွဲချရင် 64kbps, 22050 Hz, Stereo ကိုရွေးလိုက်ပါ။ 64 ထက်ပိုရွေးပြီး Stream မိတယ်ဆိုရင် တစ်ရက် အပိတ်ခံရပါတယ်။ 64 ထက်လျော့ပြီး 56 ဖြစ်ဖြစ် တခြားဟာဖြစ်ဖြစ် ရွေးနိုင်ပါတယ်။ အဓိက 64 Kbps ထက်မကျော်ဖို့ပါ။
4
5
6
အကုန်လုံးထည့်ပြီးပြီ အဆင့်သင့် ဖြစ်ပြီဆိုရင်တော့ ခုနက Control Panel ရဲ့ Your FreeSHOUTCast မှာ Action အောက်က Start ကိုတစ်ချက်နှိပ်လိုက်ပါ။ Shoutcast ကိုစ Run ဖို့ Server ကိုစလိုက်တဲ့ သဘောပါ။ ဒီအတိုင်းမ Run ခင်မှာ Server ကအမြဲတမ်း offline ပါ။ ကိုယ်စမ Run ခင်မှာ Offline လား Online လား အမြဲ Check ပါ။ Server ကို start လုပ်ပြီးသွားရင် Control Panel အောက်နားမှာ မြင်ရတဲ့ Status က On ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။
7
8

Server လည်း Start လုပ်ပြီးရင်တော့ Winamp Player ကိုသွားပါ။ ပြီးရင်ပုံ၉မှာ မြင်ရသလို Connect ကိုနှိပ်လိုက်တဲ့အခါ Bytes တွေတက်လာတာ မြင်ရရင် အကုန်အဆင်ပြေပြီး Online ရေဒီယို တစ်ခုကိုယ့်ဟာနဲ့ ကိုယ် Run နေပြီလို့ ပြောနိုင်ပါပြီ။
9
FreeSHOUTCast ရဲ့ Control Panel ပြန်သွားရင် Your FreeSHOUTCast အထဲမှာ Action အောက်က Manage ကိုတစ်ချက်နှိပ် လိုက်ပါ။ Admin Password နဲ့ Password ဆိုပြီး ပြောင်းလို့ရတာလေး နှစ်ခုကို တွေ့မိပါလိမ့်မယ်။ ကိုယ်ကနဂိုသူ ပေးထားတဲ့ Password ကိုမကြိုက်လို့ ပြောင်းချင်တယ် ဆိုရင် ဒီကပြောင်းလို့ ရပါတယ်။ သတိပြုပါ။ ဒါက Shoutcast ကိုဖွင့်ဖို့ သုံးတဲ့ Password ကိုပြောင်းတာပါ။ ဒီ Control Panel ထဲဝင်တယ့် Password မဟုတ်ပါဘူး။ Control Panel ထဲဝင်တာကို Account ကနေတဆင့် ပြောင်းနိုင်ပါတယ်။ အခု Manage မှာကြည့်လိုက်ရင် Admin Password ဆိုပြီး စဉ်းစားစရာ တစ်ခုတွေ့မိ ပါလိမ့်မယ်။ Shoutcast ကို Server ပေါ်တင်တဲ့အခါ နဂိုသူရဲ့ Shoutcast Panel တစ်ခုပါပါတယ်။ ဒါပေမဲ့ Hosting တွေက သူတို့ကိုယ်တိုင် လုပ်ထားတဲ့ Control Panel တွေနဲ့ အုပ်ထားတော့ ဒီ Panel ကိုသိပ်မသွား ဖြစ်တော့တာပါ။ အဲဒါကို သွားဖို့အတွက် http://188.165.229.150:43472 ဆိုပြီး 43472 နေရာမှာ ကိုယ့်ရဲ့ ရထားတဲ့ Port နံပတ်နဲ့ ပြောင်းပေးပြီး Address ကို Browser မှာရိုက်ထည့်လိုက်ရင် အောက်က အတိုင်းမြင်ရမှာပါ။
10
ပုံထဲမှာ မမြင်ရပေမဲ့ အဲစာမျက်နှာ ရောက်သွားရင် ညာဖက်အစွန်ဆုံး Admin Log in မှာတစ်ချက် နှိပ်လိုက်ရင် user name နဲ့ password တောင်းတဲ့ Windows တစ်ခု တက်လာပါလိမ့်မယ်။ Username က admin ပါ။ Password ကအပေါ်မှာ ပြောထားတဲ့ Manage မှာ ကြည့်ရင် မြင်ရတဲ့ Admin Passowrd ဆိုပြီးပေးထားတာနဲ့ အတူတူပါပဲ။ Log In လုပ်ပြီးသွားရင်အောက်က ပုံအတိုင်း မြင်ရမှာပါ။ ကိုယ့် Listener တွေရဲ့ IP အဓိက ကြည့်နိုင်မှာ ဖြစ်ပြီးတခြား Information တွေပါ မြင်ရမှာပါ။ ဒါဆိုရင်အဆင် ပြေလောက်ပြီပေါ့။ ကိုယ့် Radio နားထောင်ဖို့ Link ပေးချင်တယ်ဆိုရင် FreeSHOUTCast Panel ထဲက WebPlayer အောက်က Link ကိုအလွယ်တကူ ပေးနိုင်သလို ကိုယ်က တိုက်ရိုက် နားထောင်ချင်တဲ့ Link ပေးချင်ရင် http://188.165.229.150:43472/listen.pls ဆိုပြီး 43472 နေရာမှာ ကိုယ့် Port ပြောင်းပြီး ပေးနိုင်ပါတယ်။
11
ကျွန်တော်ရေးထားတာ မပြည့်စုံပါဘူး။ နောက်ပြီး Computer အခြေခံ မရှိရင် နားလည်ဖို့ ခက်ပါလိမ့်မယ်။ အကုန်လုံးကို အစအဆုံး လိုက်ရှင်းပြဖို့အတွက် အဆင်မပြေလှပါဘူး။ ဘာဖြစ်ဖြစ် ဒီလောက်ဆိုရင် ဘယ်လိုလုပ်လဲ ဆိုတာအနည်းနဲ့ အများ သဘောပေါက်မှာပါ။ မရှင်းတာတွေ အောက်မှာ Comment ထားခဲ့ပါ။ ကျွန်တော်တို့ Reply လုပ်ပေးပါမယ်။ MYMC Facebook Wall မှာလည်း မေးခဲ့လို့ ရပါတယ်။ ကျွန်တော် Facebook ကို Message ပိုပြီးလည်း မေးနိုင်ပါတယ်။ ကူညီလို့ရသလောက် အဆင်ပြေအောင် ကျွန်တော်ကူညီပေးမှာပါ။ ပြည့်စုံတဲ့ Tutorial မဟုတ်ပေမဲ့ ယူသုံးမယ်ဆိုရင်တော့ Credit ပြန်ထားပေးပါ။ ၅မိနစ်လောက် Copy လုပ်သွားတာလေး အတွက် ကျွန်တော်တို့ ၅နာရီစာလောက် လုပ်ထားရတာပါ။
 Credit to MYMC    (http://phyozinlinblogger.blogspot.com/2013/06/radio.html ) မှကူးယူဖော်ပြပါသည်။

Saturday, March 23, 2019

ES File Explorer သုံးပြီး ကွန်ပြူတာထဲကဖိုင်တွေကို ဖုန်းနဲ့ ဘယ်လိုလှမ်းယူမလဲ


ဖုန်းတွေစပေါ်စတုန်းကတော့ ကွန်ပြူတာကနေ သီချင်းတွေ၊ဗီဒီယိုတွေ၊ ဓာတ်ပုံတွေထည့်ချင်လို့ရှိရင် USB ကြိုးနဲ့ ချိတ်ပြီးထည့်ခဲ့ရပါတယ်။ တစ်ချို့ဆို အခုထိ ကွန်ပြူတာမှာ ဖုန်းကို ကြိုးတပ်ပြီး ဖိုင်ထည့်နေကြတုန်းပါ။ တကယ်တမ်းတော့ အခုကျနော်တို့ တော်တော်များများသုံးနေတဲ့ ES File Explorer နဲ့တင် ကွန်ပြူတာနဲ့ဖုန်း ဖိုင်အရွှေ့အပြောင်းလုပ်နိုင်ပါတယ်။

Tuesday, June 26, 2018

သဘာဝနည်းကျ မြေဆီလွှာပြုပြင်ခြင်း




လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးဆိုင်ရာ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးယို ယွင်းမှုဟာ တောင်သူတွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်သက်ရောက်လျက်ရှိပါတယ်။ ရေကြီး ရေလျှံမှုကဲ့သို့ သဘာဝ ဘေးဒဏ်များက မြေဆီလွှာပျက်စီးမှုကို ဖြစ်ပွားစေသလို ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓါတ်မြေဩဇာများကို စနစ်တ ကျ

Friday, June 8, 2018

မြေဆီလွှာ ပြုပြင်ပေးခြင်းရဲ့ ကောင်းကျိုးများ



- သီးနှံပင်တွေမှာ အရောင်အဆင်း၊ အနံ့အရသာ ပိုမိုကောင်းမွန်ပြီး သဘာဝအတိုင်းဖြစ်စေခြင်း။ - သီးနှံများ၊ အပွင့်များ၊ အရွက်များကို ကြာရှည်စွာထိန်းထားနိုင်ပြီး ဆွတ်ခူးချိန်လွန်အောင် ထားနိုင်ခြင်း။
- မြေသားထဲရှိ အကျိုးပြုသက်ရှိများ၊ အဏုဇီဝများ ရှင်သန်နိုင်ပြီး ရေဓာတ်များကို ကြာရှည်စွာ ထိန်းသိမ်းနိုင်သဖြင့် ရေငတ်ဒဏ်ကိုလည်း ကာကွယ်နိုင်ခြင်း။
- ထည့်သွင်းသဘာဝမြေဩဇာများကြောင့် မြေဆီလွှာပျက်စီးမှုကို ထိန်းသိမ်းနိုင်တာကြောင့် ကုန်ကျစရိတ်

Friday, June 1, 2018

မြစ်ဝကျွန်းပေါ်ကို အထွက်တိုးစေမည့် စပါးမျိုးကောင်းမျိုးသန့်




အရည်အသွေးမြင့်မျိုးစပါးအလုပ်ဖြစ်ပုံကို လယ်သမားအများအပြား သဘောပေါက်လာကြသည်
ဘိုကလေး — ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှ မော်လမြိုင်ကျွန်းမြို့သို့ သွားရာ လမ်းဘေး ဝဲယာတစ်လျှောက် စပါးခင်းများကို မျက်စိတစ်ဆုံး တွေ့မြင်နေရသည်။ ဘိုကလေး၊ ဂျပ်ချောင်းကျေးရွာသား ဦးဝင်းဌေးက ရိတ်သိမ်းချိန် နီးကပ်နေပြီဖြစ်သည့် သူ၏ စပါးခင်းကိုကြည့်ရင်း ပြုံးရွှင်နေသည်။
အပြောင်းအလဲတစ်ခု ပြုလုပ်ထားသော သူ၏လယ်ကွင်းက စပါးအထွက်နှုန်း တိုးလာသဖြင့် ထိုသို့

အပင်ဟော်မုန်းများနဲ့ ရွက်ဖျန်းဆေးများ






အရည်ပုံစံရွက်ဖျန်းဆေးများကို အားဆေးများ၊ အပင်ကြီးထွားမြန် လှုံ့ဆော်ဆေးများအပြင် ပေါင်းသတ် ဆေးများ အဖြစ်ပါ တီထွင်ထုတ်လုပ် ရောင်းချလာကြပါတယ်။ အပင်ဟော်မုန်းဆိုတာကတော့ အပင်ကနေ သဘာဝ အတိုင်း ထုတ်လုပ်ပေးတဲ့ ပင်တွင်းဓါတုဒြပ်ပေါင်းများပဲဖြစ်ပါတယ်။ ရွက်ဖျန်းအားဆေးရည်များဟာ အပင်အတွင်းပိုင်းမှာ ဟော်မုန်းများက လုပ်ဆောင်တဲ့လုပ်ငန်းများကိုပါ တထပ်တည်း တူညီအောင် လုပ်ဆောင်နိုင်စွမ်းရှိတာကြောင့် ပင်ပိုင်းဆိုင်ရာနဲ့ သီးပွင့်ပိုင်းဆိုင်ရာကဏ္ဍများကို ထိန်းချုပ်ရာမှာလည်း

ပင်လယ်ရေငန်ဝင်တတ်တဲ့ လယ်ယာမြေတွေအတွက် သိကောင်းစရာများ






ဆားငန်မြေနှစ်မျိုးနှစ်စားရှိပါတယ်...
(က) သဲမြေများပြီး နုန်းမြေမရှိသောမြေ
ဒီမြေအမျိုးအစားအတွက်တော့ ရေချို၊ မိုးရေ၊ ရေပေးသွင်းခြင်းအားဖြင့် ဆားငန်ဓါတ်ကို ဇီဝမြေဩဇာနှင့်အတူ (လချေး၊ ဂျစ်ပဆမ်ကျောက်မှုန့်) တွေကိုမြေခံမှာ ထည့်သွင်းအသုံးပြုခြင်းနဲ့ သီးနှံပင်တွေမှာ အဏုဇီဝဖျော်ရည် တွေကို ပက်ဖျန်းအသုံးပြုသင့်ပါသည်။ (မှတ်ချက်) မြေခံမှာ ဓာတုမြေဩဇာနှင့် ဆေးများကို အသုံးမပြုသင့်ပါ။
(ခ) နုန်းမြေများပြီး သဲမြေနည်းသောမြေ
ဒီမြေအမျိုးအစားမှဦတော့ နုန်းမြေမှာ ရွှံ့စေးမြေပါဝင်မှုများတဲ့ မြေဖြစ်ပါတယ်။ နုန်းမြေများပြီး

Thursday, May 17, 2018

ဓနိပင်နှင့် သူ၏ စားသောက်ကုန်အမျိုးမျိုး





ဓနိပင်သည် ပင်လယ်ရေငန်ရောက်သော ဒီရေတောများတွင် စိုက်ပျိုးဖြစ်ထွန်းသော အပင်ဖြစ်သည်။ ဓနိပင်ကို ယခုအခါ ဓနိပင်မှ စားသောက်ကုန်အမျိုးမျိုးကို ထုတ်လုပ်လျက်ရှိကြသည်။ 
ဓနိခက်များကြားမှ ထွက်ပြူစ ဓနိပန်းတံကို ဟင်းလက်သုပ်အဖြစ် စားသုံးကြသည်။ ပြုလုပ်ပုံမှာ ထွက်ပြူစ (၁)ပေ အရွယ် ဓနိပန်းတံများကို အပေါ်ခွံခွာ၍ အတွင်းအသားနုကို တစ်လက်မခွဲ (သို့) နှစ်လက်မ အရွယ်ပိုင်းဖြတ်ကာ ဆားစိမ်၍ အဖန်ရည်များ ထွက်သွားရန် ရေနွေးတွင် ပြုတ်ကာ အရည်ညှစ်ထုတ်၍ လက်သုပ်ဟင်းလျာအဖြစ် စားသုံးကြသည်။ ကြာရှည်ထားသိုရန် ဆား (၁) ညစိမ် ရေစင်စင်ဆေး၍ (၂)

Wednesday, May 2, 2018

စပါးအစွမ်းရှိ စိုက်ပျိုးနည်းစနစ်၏အခြေခံမူများ




ပျိုးသက် ၈-၁၂ တွင် ကောက်စိုက်ရမည်။ အရွက် ၂-၃ ရွက်သားအချိန်ဖြစ်သည်။ ဤအချိန်စိုက်လျှင် အမြစ်ထွက် အားနှင့် အပင်ထွက်အား ကောင်းစွာရရှိမည်။ကောက်ချက် တစ်နေရာလျှင် တစ်ပင်သာ စိုက်ရမည်။ပင်ကြားတန်းကြား ၁၀ လက်မစီခွာပြီး စတုရန်းပုံ စိုက်ရမည်။တမန်းနှိုးပေါင်းထိုးကိရိယာဖြင့် ပေါင်းနှိမ်နင်းရမည်။ ပေါင်းကိုသတ်သလို မြေဆွတမန်နှိုးကိစ္စလည်း ပြီးစီးသွား မည်။ စပါးခင်းကို ရေအမြဲထည့်မသွင်းထားရ။ စိုတလှည့်၊ ခြောက်တလှည့် ရေအသွင်းအထုတ် ပြုလုပ်ပေးရမည်။

Tuesday, May 1, 2018

Super Bokashi




Super bokashi ဆိုသည်မှာ ဓာတုမြေသြဇာနေရာတွင် အကျိုးရှိရှိ ကောင်းစွာအစားထိုးအသုံးပြုနိုင် သော မြေဆွေးမြေသြဇာတစ်မျိုးဖြစ်သည်။ လယ်ယာမြေများတွင်ရှိသော မြေဆီလွှာတည်ဆောက်ပုံနှင့် မြေဆီလွှာအနေထားများကိုလည်း ပို၍ကောင်းမွန်စေသည်။ ကုန်ကျစရိတ်သက်သက်သာသာဖြင့် ပြု လုပ်နိုင်ပြီး နှစ်ပတ်အကြာတွင် စတင်အသုံးပြုနိင်ပါသည်။ မိုးနှောင်းကာလတွင် တစ်ဧအတွက် ရိုးရိုး ဓာတုမြေသြဇာ ၅၀ရာခိုင်နှုန်းနှင့် ဘိုကာရှီမြေသြဇာ ရောနှောအသုံးပြုခြင်းအားဖြင့် အထွက်ရာခိုင်နှုန်း ကို ၁၅ရာခိုင်နှုန်းထိ တိုးတက်စေနိုင်ပါသည်။

Friday, April 6, 2018

ကွန်ပျူတာကို software မသုံးပဲ ပို၍ မြန်ဆန်လာစေရန်

increase-computer-speed2

မလိုအပ်တဲ့ ဖိုင်တွေ ရှင်းလင်းပစ်ပါ
~~~~~~~~~~~~~~
ကွန်ပျူတာ မြန်ဆန်စေရန် နည်းလမ်း (၁)
1. Start ကို ကလစ်နှိပ်ပါ။
2. Run box ကိုဖွင့်ပါ်။
3. %temp% လို့ ရိုက်ထည့်ပါ။
4 အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို Ctrl+A နဲ့ အကုန်ယူပြီး ဖျက်ပါ။
မှတ်ချက်--လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့ မရပါ။
ကွန်ပျူတာ မြန်ဆန်စေရန်. နည်းလမ်း (၂)
မလိုအပ်တဲ့ ဖိုင်တွေ ရှင်းပါ
1. Start ကို ကလစ်နှိပ်ပါ။
2. Run ကိုနှိပ်ပါ

Saturday, March 31, 2018

တိရိစ္ဆာန်စာအဖြစ် ဘောစကိုင်း







အပူပိုင်းအနိမ့်ဒေသ မြေဩဇာကောင်းပြီး ရေမဝပ်သောနေရာမျိုးတွင် အရွက်မြောက်များစွာ ဖြစ်ပေါ်လေ့ရှိသည်။ ယင်းအရွက်များမှာ စားမြုံပြန်သော တိရိစ္ဆာန်များဖြစ်သည့် ကျွဲ၊ နွား၊ ဆိတ်တို့အတွက် ခံတွင်း မြိန်၊ အစာကြေ လွယ်၊ အာဟာရကြွယ်ဝသော အစာဖြစ်သည်။ အသား၊ နို့နှင့် ဥများ ထုတ်လုပ်သည့်မွေးမြူရေးလုပ်ငန်းအတွက် အရေးပါလှသော အစာတစ်မျိုးလည်းဖြစ်သည်။
တိရိစ္ဆာန်များမှာ အချို့သောရာသီတွင် ပေါများပြီး အချို့သော ရာသီတွင်ရှားပါးတတ်သည်။ ထိုအစာရှားပါးသော ကာလမျိုးတွင် ပရိုတင်းဓာတ်များသော၊ အစာကြေလွယ်သောအစာမျိုး ရှားပါးခြင်းမှာ အဆိုးဆုံးအခြေအနေများ ကို ဖြစ်စေသည်။ ဘောစကိုင်းသည် အရွယ်သာမက အဖူး၊ အပွင့်၊ အသီး၊ အညွန့်အားလုံးကို တိရိစ္ဆာန်စာအဖြစ် အသုံးပြုနိုင်သည်။ ထို့ပြင် အတိုင်းအဆဖြင့် အသုံးပြုပါက

Monday, March 19, 2018

ပျောက်ဆုံးသွားတဲ့ Viber ထဲက ချစ်သူရဲ့ ပို့စာလေးတွေကို ဘယ်လိုပြန်ရှာမလဲ


ပျောက်ဆုံးသွားတဲ့ Viber ထဲက ချစ်သူရဲ့ ပို့စာလေးတွေကို ဘယ်လိုပြန်ရှာမလဲ

မင်္ဂလာပါခင်ဗျား
မိမိဖုန်းရဲ့ Viber မှာ ချစ်သူပို့စာလေး (သို့) ဆိုင်သူပို့စာလေး
မိမိရဲ့ ဘော်ဒါတွေနဲ့ အရေးတစ်ကြီးပြောထားခဲ့ဖူးတဲ့
အားလုံးရဲ့ ပိုစ့်စာများပျောက်လို့ စိတ်ညစ်နေရတဲ့
ဘော်ဒါများအတွက် အထူးလက်ဆောင်အဖြစ် တင်ပေးလိုက်ပါတယ်ခင်ဗျား။

Sunday, December 31, 2017

ပင်စိမ်း (BASIL) ပိုးသတ်ဆေး



ပေါက်ရောက်ပုံ
ပင်စိမ်း၏ မူရင်းဒေသသည် အနောက်နိုင်ငံနှင့် အပူပိုင်း အာရှတို့ဖြစ်သည်။ (၁၆) ရာစုက အင်္ဂလန်နိုင်ငံတွင်လည်း စိုက်ပျိုးခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိက နှင့် ကမ္ဘာ့အ နောက်ခြမ်း ဒေသများတွင် အမွှေးအကြိုင် နှင့် ဆေးဖက်ဝင် သီးနှံအဖြစ် စိုက်ပျိုးသည်။ အပူ ပိုင်းဇုံတွင် ပင်းစိမ်းမျိုးပြား