Tuesday, May 1, 2018

ဝါးကိုင်းတက်ဖြင့် မျိုးပွားခြင်း



ကိုင်းတက်ရှိသော ဝါးမျိုးများ၏ ကိုင်းတက်များမှ အကြီးဆုံး ကိုင်းတက်ကို မျိုးပွားရန်အတွက် ရွေးချယ်ရပါမည်။ ဝါးအမျိုးအစားအပေါ် မူတည်၍ အကြီးဆုံး ကိုင်းတက် ပထမနှင့် ဒုတိယ ထွက်သော ကိုင်းတက်များ ဖြစ်ပါသည်။
ဝါးကိုင်းတက်ရယူမည့် မိခင်အပင်သည် အနည်းဆုံး အသက်(၂) နှစ်ပြည့်ဝပြီး အပင် ဖြစ်ရပါမည်။ ဆိုဒ်ကြီးသော ဝါးမျိုး (ဉပမာ-ဝါးဘိုး) အတွက် ၃ နှစ်သားဝါးပင်မှ ကိုင်းတက်ဖြစ်ရပါမည်။ အသက်နုနယ်သော ဝါးပင်မှ ကိုင်းတက်များရယူခြင်း မပြုရပါ။ အလွန်အိုမင်းနေသော ဝါးပင်မှ ကိုင်းတက်ကိုလည်း မယူရပါ။ အသက် (၂) နှစ်မှ (၃) နှစ်အတွင်းရှိ ဝါးပင်များမှ ကိုင်းတက်များသည် ဝါးတော်တော်များများအတွက် အကောင်းဆုံးဖြစ်သည်။ ဝါးကိုင်းတက်သည် အနာအဆာမရှိဘဲ အရွက်များ ရှင်သန်နေသော ကိုင်းတက် ဖြစ်ရပါမည်။ အရုံလိုက်ပေါက်သော ဝါးမျိုးများတွင် အပင်၏အဆစ်တိုင်း၌

ဖုန်းကို ပေါ့ပါးသွက်လပ်ပြီး လုံခြုံစိတ်ချမှုကို အမြဲပေးစွမ်းနိုင်မဲ့ - AMC Security 5.9.5 APK


Android phone/Tablet သုံးသူများအတွက် နာမည်ကြီးဆော့ဝဲလ်လေး AMC Security-Antivirus,Clean ကိုတင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလ်လေးကို မိမိဖုန်းထဲထည့်သွင်းထားခြင်းဖြင့် မိမိရဲ့ ဖုန်း /Tablet ဟာ ပေါ့ပါးသွက်လပ်နေပြီး လုံခြုံစိတ်ချမှုကို အမြဲပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ဒီဆော့ဝဲလ်လေးထဲမှာ-
One tap Scan -တစ်ချက်ထိလိုက်တာနဲ့ဖုန်းထဲမှ Task file,junk file,cache file များကို Scan

ဖုန်းsettingရဲ့ နောက်ခံbackgroundကို မိမိချစ်သူတွေ့နှင့် မိမိစိတ်ကြိုက်ပုံထည့်နည်း နှင့် ဆော့ဝ်လ်


မိမိဖုန်းရဲ့ နောက်ခံကို မိမိစိတ်ကြိုက်ပုံထည့်နိုင်မယ့် ဆော့ဝဲလေးတင်ပေးလိုက်ပါတယ်
အသုံးပြုရတာလဲ လွယ်လွယ်လေးပါ
ဆော့ဝဲလေးထဲဝင်ပြီး မိမိစိတ်ကြိုက်တစ်ပုံကို galleryထဲကနေ ယူထည့်လိုက်ရုံပါပဲ
ပုံမှာပြထားသလို ဖုန်းsetting backgroundကို မိမိချစ်သူပုံလေးနဲ့ လန်းနိုင်ပါပြီ 

ဖုန်း နှင့် Tablet တွေမှာ ရုပ်ရှင်ဗွီဒီယိုများကြည့်ရန်နှင့် သီချင်းတွေနားထောင်းရန်- MX Player Codec 1.9.20 APK


Android ဖုန်း Tablet ပေါ်မှာ Video File တော်တော်များများကို Format လုပ်ပေးနိုင်တဲ့MX Player Pro  နောက်ဆုံးထွက် ဗားရှင်းကိုတင်းပေးလိုက်ပါတယ်။တချို့ဖုန်းတွေမှာဆိုရင် original ပါတဲ့ video player က တချို့ video file တွေကို Support မလုပ်ပေးပါဘူး။အဲ့လိုအခါမျိုးမှာ ဒီPlayer လေးက အကျိုးပြုပါလိမ့်မယ်။video file တော်တော်များများကို supported လုပ် ပေးနိုင်ပါတယ်။Subtitle Scroll Mode စနစ်ပါဝင်တာမို့စာတန်းထိုးစနစ်နဲ့ Format လုပ်ထားတဲ့ Video File တွေကိုလည်း အဆင်ပြေပြေ

Friday, April 27, 2018

တောင်သူ လယ်သမားကြီးများအတွက် နှိုးဆော်ချက် (မေလ)




မိုးဦး ယာသီးနှံများ စိုက်ပျိုးရေး၊ စိုက်ပျိုးထားသော နွေစပါးသီးနှံ ပြုစုထိန်းသိမ်းရေးနှင့် မိုးစပါးသီးနှံ စိုက်ပျိုးရေးတို့အတွက် သတိမူ လုပ်ကိုင်ရန်များကို ဖေါ်ပြလိုပါသည်။
၁ ။ ယာသီးနှံများ
မုတ်သုန်မိုးကို အားကိုး၍ သီးနှံစိုက်ပျိုးရသည်ဖြစ်ရာ  အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ-စသည့် ယာသီးနှံတွေ မိုးဦးကျလျင်ကျခြင်း စိုက်နိုင်ဖို့ ထွန်ရေး အဆင်သင့် ပြင်ထားသင့်သည်။ 
အသိပေးလိုသည့်အချက်(၄)ချက်မှာ- 
၁။ အပင်ပေါက်ကောင်းနိုင်သည့်မြေအစိုဓါတ်သေချာစွာ ရရှိမှသာ စိုက်ပျိုးရန်၊ 
၂။ အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက် ရှိသည့် မျိုးသန့်မျိုးစေ့ကို အသုံးပြုရန်၊ 

ပျိုးဝါးခြမ်းရအောင် ပျိုးထောင်နည်း






သိထားရမယ့် သဘောတရား
စပါးအထွကိတိုးချင်ရင် ပျိုးဝါးခြမ်းကို အသုံးပြုပါ။ စပါးအထွက်တိုးအောင် ဆောင်ရွက်တဲ့လုပ်ငန်းစဉ် တစ်ခုလုံးမှာ ပျိုးပင်ရဲ့ အရည်အသွေးပေါ် ထက်ဝက်ခန့် မူတည်တယ်။ ပျိုးဝါးခြမ်းတွေဟာ ကောက်စိုက်အပြီး ပင်ပွားစောစော ပွားနိုင်တယ်။ ပင်ပွားစောစော ပွားလေ၊ ပင်ပွားကြီးထွားသန်စွမ်းလေ၊ အနှံကြီးထွားသန်စွမ်းလေ တစ်နှံပါ အစေ့များလေ အောင်စေ့များလေ စပါးအထွက်တိုးလေ၊စပါးအထွက်တိုးအောင် လုပ်မယ်ဆိုရင် ပထမဉီးဆုံးလုပ်ငန်းက ပျိုးဝါးခြမ်းရအောင်

SALIBU (စပါးလမိုင်း) စိုက်ပျိုးနည်းပညာ




ကမ္ဘာပေါ်တွင် စပါးသည် အရေးပါဆုံး နှံစားသီးနှံဖြစ်ပြီး စပါးထုတ်လုပ်မှု တိုးစေရန် စပါး လမိုင်းစနစ်သည် အလားအလာကောင်းသော နည်းစနစ်တစ်ခုဖြစ်ပါသည်။ စပါးလမိုင်း စိုက်ပျိုး နည်းပညာသည် တောင်သူများအတွက် အသစ်အဆန်းမဟုတ်ပေ။ ပူနွေးစွတ်စိုသော ဒေသများ တွင် စပါးလမိုင်းစိုက်ပျိုးရန် အခြေအနေကောင်းသော်လည်း စိုက်ပျိုးမှုနည်းသည်ကို တွေ့ရှိရပါ သည်။ အရှေ့အာရှဒေသများတွင် စပါးလမိုင်းစိုက်ပျိုးခြင်းကို (၂၀) ရာစု အစောပိုင်း ကာလများ တွင်သာ တွေ့ရှိခဲ့ရသည်။ လယ်စပါးစိုက်ပျိုးရာတွင် ထယ်ထိုး၊ ထွန်မွှေ၊ သမန်းပြင်ခြင်း၊ ပျိုး ခင်းပြင်ခြင်းနှင့် ပျိုးနူတ်ကောက်စိုက်ခြင်း စရိတ်များမှာ အဓိကကုန်ကျစာရိတ်များ ဖြစ်သည်။ စပါးလမိုင်း စိုက်ပျိုးခြင်းတွင် ထိုကုန်ကျစာရိတ်များကို လျော့ချနိုင်ခြင်းသည် အားသာချက် တစ်ခုဖြစ်သည်။ သို့သော် အထွက်နည်းခြင်းနှင့်