ငှက်ပျောပင် စိုက်ပျိုးနည်း
- ငှက်ပျောသည် သင့်တော်သော အပူချိန်ဖြစ်သည့် နေ့အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်နှင့် အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ်အောက် မနိမ့်သော ပူအိုက်စွတ်စိုသည့် ပတ်ဝန်းကျင်တွင် ကောင်းစွာ ပေါက်ရောက်နိုင်ပါသည် ...
- သွင်းရေပြတ်သည့် အချိန်အတွင်း တစ်နှစ်လျှင် သုံးလထက် မနည်း မိုးရေ လုံလောက်စွာ ရရှိသင့်ပါသည်။ ငှက်ပျောသည် မြေမျိုး အတော်များများတွင် စိုက်ပျိုးနိုင်ပါသည် ......
သို့ရာတွင် မြေသား ထူခြင်း၊ ရေသွင်းရေထုတ်ကောင်းခြင်းနှင့် အသင့်အတင့် မြေအချဉ်ဓာတ်ရှိခြင်း များ မရှိလျှင် စီးပွားရေး တွက်ချေကိုက်သော သီးနှံဖြစ်လိမ့်မည် မဟုတ်ပါ။ မြေသားသည်လည်း မြေဆွေးဓာတ် ပါဝင်မှု မြင့်မားသင့်ပါသည် .....
- ငှက်ပျောပင်သည် မြေအောက်ပင်စည်မှ ထွက်ပေါ်ပြီး ၆ မီတာမှ ၇ မီတာ( ၂၀ ပေ- ၂၃ပေ)ထိ မြင့်လျှက် အရွက်များ အုပ်မိုးနေပြီး ရွက်အုပ်ဖုံးများ စုစည်းလျှက် ပင်စည်ယောင် ဖြစ်နေသော သစ်ပင်နှင့် တူသည့် ပင်ပျော့ပင်ကြီးမျိုး ဖြစ်ပါသည် .....
- ပန်းပွင့်သည် ပင်စည်ထိပ်မှ ထွက်သော ထိပ်ထွက်ပန်းခိုင် မျိုး ဖြစ်သည်။ ယင်းသည် အတွင်းဘက်တွင် အဖြူရောင်အပွင့်များ ဖြစ်ပေါ်လာရန် ထွက်လာသော ခရမ်းရောင်ရှိ ခေါင်းလောင်းပုံ အဖူး စတင်ဖြစ်ပေါ်လာသည် .....
- အမပွင့်များသည် ပန်းခိုင်အောက်ခြေ ပိုင်းတွင် ၅-၁၅တန်းရှိပြီး ယင်းတို့၏ အထက်တွင် ဖိုမအင်္ဂါစုံသော အပွင့်များ ရှိပါသည်။ အဖိုပွင့်များ မှာ အပေါ်ဆုံးတန်းတွင် ရှိပါသည်။ အဖိုပွင့်များသည် အမပွင့်များ မျိုးကူးစပ်အောင်ပြီးနောက် ကြွေကျလေ့ ရှိပါသည် .....
- အမပွင့်များသည် ပန်းခိုင်ပတ်လည်တွင် အသီးစုများ (အဖီးများ)အဖြစ် ဖွံ့ဖြိုး လာပါသည်။ အသီးသည် ရင့်မှည့်လာသည့်အခါ အစိမ်းရောင်မှ အဝါရောင်သို့ ပြောင်းလာသည်။ အသီးတစ်လုံးစီသည် ၆ - ၃၀ စင်တီမီတာအရှည်(၂ လက်မခွဲ- ၁၁ လက်မ)နှင့် ၂ - ၅ စင်တီမီတာ(၁ လက်မ- ၂လက်မ)အကျယ် ရှိသည် ....
- မြေသား ကျစ်လစ်မာကျောလျှင် ရေစိမ့်ဝင်မှုနှင့် လေဝင်လေထွက် ကောင်းစေရန် ထယ်နက် နက် ထိုးပေးရသည်။ ငှက်ပျောသည် စိုက်သည်မှ မရိတ်သိမ်းမီထိ ၁၀ - ၁၂လ ကြာမြင့်တတ်ပြီး အပူချိန် နိမ့်ပါက ပိုမိုကြာရှည်တတ်ပါသည် .....
- စီးပွားဖြစ် စိုက်ပျိုးခြင်းအတွက် နည်းလမ်း (၂)မျိုး ရှိပါ သည်။ ပင်ပိုင်းစိုက်ပျိုးခြင်း (သားတက်များ သို့မဟုတ် မြေအောက်ပင်စည်များ)တစ်ရှူးမျိုးပွား ရရှိ သော အပင်ငယ်များ စိုက်ပျိုးခြင်းကို အပင်မြုံသည့် အခြေအနေတွင် စိုက်ခြင်းဖြစ်သည် .....
- ငှက်ပျောကို တစ်ဟက်တာလျှင် အပင် ၁၅၀ဝ မှ ၃၀ဝ၀ ပင်( တစ်ဧက အပင်ဦးရေ ၆၀၀ - ၁၂၀၀)ထိ သတ်မှတ်လျှက် တစ်တန်းချင်းဖြစ်စေ၊ နှစ်တန်းပူး ဖြစ်စေ စိုက်ပျိုးနိုင်သည်။ စိုက်ပြီး ငှက်ပျောပင်များကို လေပြင်းတိုက်ခတ်မှုမှ ကာကွယ်ရန် လေကာ ပင်များ လိုအပ်ပါသည် .....
- ငှက်ပျောတွင် ပြင်းထန်စွာ ကျရောက်သော ရောဂါများနှင့် ဖျက်ပိုးများမှာ
ငှက်ပျောရွက် စုစည်း ဗိုင်းရပ်စ်ရောဂါ
ညှိုးသေရောဂါ (Panama disease)- Tropical Race 4Fusarium wilt (Fusarium oxysporum f.sp cuberiese)
Panama disease မှာ သတိပြုရမည့် ရောဂါတစ်ခုဖြစ်ပြီး ယခုအခါတွင် ကုသမှု မပြုနိုင်ပ......
ငှက်ပျောတွင် ထိခိုက်စေသော အင်းဆက်ဖျက်ပိုးများမှာ -
(၁) ငှက်ပျောမွှားပင့်ကူ(Tetranychus lambi)
(၂) ငှက်ပျောပျပိုး (Pentalonia nigronervosa)
(၃) ငှက်ပျောပန်းပွင့်တွင် ကျသည့်လှေးပိုးများ (Thrips hawaiiensis)
(၄) ငှက်ပျောသံချေးရောင်လှေးပိုးများ (Chaetanaphothrips signipennis)
(၅) နီမတုတ်များ/အခေါင်းထွင်း၊ ရစ်ခွေနှင့် မြစ်ဖု
(၆) ငှက်ပျောဦးမှင်ရှည်ကျိုင်း(Cosmopolites sordidus)
အသီးသီးချိန်
- အထွက်နှုန်း တိုးစေရန်၊ အသီး အရည်အသွေး ကောင်းစေရန်နှင့် ဓာတုဆေးသုံးခြင်းကို ကာကွယ်ပေးရန် အသီးခိုင်ကို ဖုံးအုပ်ထားကြပါသည်။ အဖုံး အအုပ်များကို ပြန်လည်အသုံးပြုနိုင်ပါ သည်။ ငှက်ပျောသည် တစ်နှစ်လုံး အသီး ထွက်နိုင်ပါသည် .....
- အသီးများ စတင်ကွေးလာချိန် သို့မဟုတ် လင်းနို့များ၊ ငှက်များက အပွင့်များကို လာရောက်စားသုံးစဉ် အသီးများကို ကုတ်ခြစ်ရာ ဖြစ်စေနိုင် သည့် ပြဿနာ ရှိလျှင် တစ်ခါတစ်ရံ ထိုထက်ပို၍ အသီးများကို ဖုံးအုပ်ပေးထားရပါသည်......
- ငှက်ပျောကို လက်ဖြင့် ခုတ်သိမ်းပါသည်။ သယ်ပိုးရာတွင် ကျိုးပဲ့၊ ပွန်းပဲ့ခြင်းမှ ကာကွယ်ရန် အခိုင်များကို ထောင်ထားရပါမည်။ ငှက်ပျောခိုင်များကို နေရောင်တွင် ထားပါက လျင်မြန်စွာ ပျက်စီး နိုင်သဖြင့် ခုတ်ယူပြီးသည်နှင့် သိုလှောင်သည့် နေရာ (သို့) အအေးခန်းများသို့ ချက်ချင်း သယ်ပို့သင့် ပါသည်။ အဖီးများကို အခိုင်မှ ဖြတ်ထုတ်ပြီး အရွယ်အစားနှင့် အရည်အသွေးအတွက် အတန်းအစား၊ အဆင့်ခွဲခြားခြင်းများ ပြုလုပ်ရပါသည် .....
- ငှက်ပျောသည် စိုထိုင်းဆ ၉၀ - ၉၅%နှင့် အပူချိန် ၁၅ - ၂၄ ဒီဂရီစင်တီဂရိတ်ရှိသော အခန်းတွင် သိုလှောင်ထားခြင်းဖြင့် ရင့်မှည့်လာပါသည် ......
- စီးပွားဖြစ် စိုက်ပျိုးပါက အီသီလင်းဓာတ်ငွေ့သုံး၍ အမှည့်မြန်စေပါသည်။ ဈေးသို့ သယ်ပို့ ရောင်းချရာတွင် အသီးအရည်အသွေးကို ထိန်းထားရန်နှင့် လျင်မြန်စွာ ပျက်စီးမှု မဖြစ်စေရန် အသီး ကို သိုလှောင်ရာမှ ထုတ်ယူပြီးနောက် အေးသောနေရာ (အပူချိန် ၁၃ - ၁၅ ဒီဂရီစင်တီဂရိတ်ကြား) နှင့် စိုထိုင်းဆ ၈၀ - ၈၅%ရှိသော နေရာတွင် ထားရှိပေးရပါသည် .....
No comments:
Post a Comment