ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ရင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး မေးလာသူများအတွက် နည်းလမ်း ရှာကြည့်လိုက်တော့ အလွယ်တကူ ၀ယ်ယူ သုံးစွဲနိုင်တဲ့ ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်တစ်ခု ရှာတွေ့လိုက်ပါတယ်။ အဲဒါကတော့ ရုံးပတီသီးပါပဲ။
ဒါကို အမျိုးသား အမျိုးသမီး ဆီးချိုဖြစ်နေသူတိုင်း စားသောက်နိုင်ပါတယ်။ ရုံးပတီသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အာဟာရဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ fiber အမျှင်ဓာတ်၊ ဗစ်တာမင် အေ၊ စီ နဲ့ folate လို့ခေါ်တဲ့ ဖောလစ်အက်ဆစ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဗစ်တာမင် ဘီ၊ ဗစ်တာမင် ကေ၊ ကယ်လ်စီယမ်၊