ဟင်းသီးဟင်းရွက်များကို အိုးများ၊ ခွက်များတွင် စိုက်ပျိုးခြင်း

Photo - အိုးထဲတွင်ပန်းများစိုက်ထားခြင်း
ယနေ့
မျက်မှောက်ခေတ် ကာလတွင် လူဦးရေတိုးပွားလာသည်နှင့် တစ်ပြိုင်နက်ထဲ အစားအစာ
လိုအပ်ချက်မှာလည်း မြင့်တက်လာပေသည်။ ဥယျာဉ်ခြံ စိုက်ပျိုးရန် မြေနေရာ
ရှားပါးလာသည်နှင့်အမျှ မြို့ကြီးများနှင့် နယ်မြို့များတွင် အခန်းတွင်း
စိုက်ပျိုးခြင်းသည်လည်း တိုးတက်လာပေသည်။ လူအများသည် ကျန်းမာရေးနှင့်
ညီညွတ်သော၊ လုံခြုံစိတ်ချရသော ဟင်းသီးဟင်းရွက်များကို
ကိုယ်ပိုင်စိုက်ပျိုးနိုင်ရန် ကြံစည်လာကြသည်။ ထိုကဲ့သို့ ပြုလုပ်ရန်
အိမ်တွင်းဥယျာဉ်ခြံလုပ်ငန်း (Home
Gardening) သည်
အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပေသည်။
ဟင်းသီးဟင်းရွက်စိုက်မည့်
အိုးများကို အိမ်မိုးများ၊ လှေကားထစ်များ၊ အိမ်နောက်ဖေးနေရာများ၊
ခုံတန်းများ၊ ပန်းခြံများနှင့် စင်္ကြံများတွင် ထားနိုင်သည်။ မိမိ
စိုက်မည့် သီးနှံအမျိုးအစားပေါ် မူတည်၍ နေရာရွေးချယ်နိုင်ပါသည်။ အချို့
ဟင်းသီးဟင်းရွက်များသည် အရိပ်ထဲတွင် စိုက်၍ ရသော်လည်း၊ အချို့မှာ
နေရောင်ခြည် ကောင်းစွာရရှိရန် လိုအပ်ပါသည်။ ပန်းအိုးများကို အိမ်တွင်း
(သို့) အိမ်ပြင်တွင်လည်းကောင်း၊ Green House များတွင် လည်းကောင်း၊
အရိပ်ထဲတွင် လည်းကောင်း၊ တစ်ဝက်တစ်ပျက်အရိပ်ထဲတွင် လည်းကောင်း
ထားနိုင်ပါသည်။
ထည့်စိုက်မည့် အိုး (သို့) ခြင်းများကို ရွှံ့၊ သတ္တု၊ ပလက်စတစ်၊ သစ်သားစသည့် ပစ္စည်းများဖြင့် ပြုလုပ်နိုင်ပါသည်။ အိတ်များ၊ ပလက်စတစ်ပုံးများနှင့် ချိတ်ဆွဲသည့်အိုးများကို အိမ်တွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် အသုံးပြုနိုင်သည်။ အဆိုပါ ပစ္စည်းများသည် ရေစီးဆင်းမှုကောင်းရန်နှင့် လေဝင်လေထွက်ကောင်းရန် လိုအပ်ပါသည်။
ထည့်စိုက်မည့် အိုး (သို့) ခြင်းများကို ရွှံ့၊ သတ္တု၊ ပလက်စတစ်၊ သစ်သားစသည့် ပစ္စည်းများဖြင့် ပြုလုပ်နိုင်ပါသည်။ အိတ်များ၊ ပလက်စတစ်ပုံးများနှင့် ချိတ်ဆွဲသည့်အိုးများကို အိမ်တွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် အသုံးပြုနိုင်သည်။ အဆိုပါ ပစ္စည်းများသည် ရေစီးဆင်းမှုကောင်းရန်နှင့် လေဝင်လေထွက်ကောင်းရန် လိုအပ်ပါသည်။
၁။ ဟင်းသီးဟင်းရွက်များကို အိုးများတွင် ထည့်စိုက်ရန် အခြေခံ လိုအပ်ချက်များ
အောက်ဖော်ပြပါ အချက်များသည် ဟင်းသီးဟင်းရွက်များကို အိုများတွင် ထည့်စိုက်ရန် အခြေခံ လိုအပ်ချက်များ ဖြစ်ပါသည်-
• အိုး (သို့) ခွက်၊ ခြင်းတောင်း (စိုက်ပျိုးမည့် သီးနှံပေါ် မူတည်၍ အရွယ်အစား ကွာခြားနိုင်ပါသည်။)
• အိုးအတွင်း ထည့်သွင်းမည့် မြေ
• အိုးများကို ထားရန်နေရာ (တစ်နေ့လျှင် အနည်းဆုံး နေရောင်ခြည် ၅ နာရီ မှ ၆ နာရီ ရရှိရန်လိုသည်။)
၂။ အိုးနှင့် ထည့်စိုက်ရန် အသင့်တော်ဆုံး သီးနှံများ
အောက်ပါ သီးနှံများသည် အိုးနှင့် ထည့်စိုက်ရန် အသင့်တော်ဆုံးသီးနှံများ ဖြစ်သည်-
• ပဲတောင့်ရှည်
• သၾကားဥ
• ခရမ်းချဉ်
• သခြား
• ကြက်သွန်
• ပဲ
• မုန္လာဥ (ျဖဴ)
• မုန္လာဥ (နီ)
• အာလူး
• သခွါးမွှေး
• ခရမ်းသီး
• ရုံးပတီ
• ငရုတ်
• အရွက်စားသီးနှံများ (ဥပမာ- ဆလတ်၊ ကိုက်လန်၊ နံနံပင်၊ ဟင်းနုနွယ် စသည်)
အချို့
ဟင်းသီးဟင်းရွက်များကို နေရောင်ခြည် အပြည့်အဝ ရရှိသည့် နေရာများတွင်သာ
စိုက်ပျိုးနိုင်ပြီး အချို့သီးနှံများကိုမူ တစ်ဝက်တပျက် အရိပ်ရသည့်
နေရာများတွင် စိုက်ပျိုးနိုင်ပါသည်။
အောက်ပါ ဇယားတွင် ကြည့်ရှု့နိုင်ပါတယ်။
၃။ ဟင်းသီးဟင်းရွက်များကို အိုးနှင့်စိုက်ပျိုးရန် အသေးစိတ် အချက်အလက်များ
ဟင်းသီးဟင်းရွက်များ
စိုက်ပျိုးရာတွင် အစေ့ချခြင်း၊ ထိန်းသိမ်းခြင်း၊ ရေလောင်းခြင်း၊
ရိတ်သိမ်းခြင်း ဟူ၍ အဆင့် (၄) ဆင့် ရှိပါသည်။ သမားရိုးကျစိုက်ပျိုးနည်း
မဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စိုက်ပျိုးခြင်းသည် စိုက်ပျိုးနည်းပညာ
အသစ်အဆန်းများကို ရရှိစေနိုင်ပါသည်။ သင့်အနေနဲ့ မြေကိုပြုပြင်မယ်၊
အပင်စိုက်ပြီး အသီးအနှံ ထွက်အောင်လုပ်နိုင်ရင်တော့ အကျိုးအမြတ်ရရှိမှာ
ဖြစ်ပါတယ်။ ပထမဦဆုံး နေရောင်ခြည် အနည်းဆုံး ၅ နာရီ မှ ၆ နာရီ
ရရှိတဲ့နေရာကို ရွေးရပါမယ်။ နေရာနဲ့ သင့်တော်တဲ့ ထည့်စိုက်ရမယ့် အိုးကို
ရွေးပါ။ မိမိဒေသမှာရှိတဲ့ ပျိုးခင်းတွေကနေ အိုးထဲထည့်စိုက်ဖို့
ကောင်းတဲ့မြေကို ရွေးဝယ်ပါ။
ကိုယ့်မှာ
ဒီလိုစိုက်ပျိုးဖို့ မြေနေရာရှိတယ်ဆိုရင်တောင် ဒီလို အိုး (သို့) ခွက်နဲ့
စိုက်ပျိုးခြင်းဟာ ကိုယ့်အတွက် အမှန်တကယ် အကျိုးရှိ၊ မရှိ
ထည့်စဉ်းစားရပါမယ်။ (ဥပမာ- အိုးနဲ့ထည့်စိုက်တဲ့အတွက် မြေဆီလွှာတွေ
ရေနဲ့မျောပါသွားခြင်း၊ ပိုးမွှားနဲ့ ရောဂါ ပြဿနာ ၊ နီမတုတ် ကဲ့သို့သော
မြေဆောင်ရောဂါ ပြဿနာ၊ ခြနဲ့ ပင်ညှိုးရောဂါ ပြဿနာ တွေကို
ဖြေရှင်းနိုင်ပါ့မလား ဆိုတာ ထည့်တွက်ရပါမယ်။)
ဟင်းသီးဟင်းရွက်များကို
အိုးထဲထည့်စိုက်ခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူး တစ်ခုကတော့ ဆောင်းအကုန်
နွေဦးကာလတွေမှာဆိုရင် မြေကြီးမှာ စိုက်ပျိုးတာထက်ပိုပြီး အနွေးဓာတ်ကို
ပေးခြင်းဖြစ်ပါတယ်။ ဥပမာ- ခရမ်းချဉ်နဲ့ အာလူးပင်တွေက အနွေးဓာတ်ကို
လျင်မြန်စွာ ရရှိနိုင်ပါတယ်။နေရာရွှေ့ပြောင်းဖို့ မလွယ်တဲ့အတွက်
အိုးအရှည်တွေနဲ့ စိုက်ခြင်းဖြင့် အပင်တွေ ခါးညွတ်ကျမှာကို မပူရတော့ပါဘူး။

၄။ စိုက်ပျိုးရန်မြေ ပြင်ဆင်ခြင်းနှင့် အပင်ထိန်းသိမ်းစောင့်ရှောက်ခြင်း
(က) အိုးတွင်း ထည့်သွင်းရမည့် မြေပြုလုပ်ခြင်း
အရည်အသွေးကောင်းမွန်ပြီး
ကျန်းမာသန်စွမ်းသော အပင်များရရှိရန် အရည်အသွေးပြည့်ဝသော မြေ (သစ်ဆွေးဓာတ်
ပြည့်ဝသောမြေ) ဖြစ်ရန် အလွန်အရေးကြီးပါသည်။ ပဲကြိတ်ဖတ်၊ ပျားသလပ်၊
အရိုးမှုန့် (သို့) အဟာရများကို ဖြည်းဖြည်း (၃ လ မှ ၆ လ ထိ) ထုတ်ပေးသော
အော်ဂဲနစ်မြေသြဇာများကို အသုံးပြု၍ အဟာရပြည့်စုံသော မြေသြဇာကို
ပြုလုပ်ရမည်။ အကယ်၍ လက်ဖြင့်ရေလောင်းမည် ဆိုပါက မြေအမှုန့်တွေကို
သစ်စိမ်းမြေသြဇာနှင့်ရော၍ ရေမလောင်းမီ မြေကြီး အသားကျအောင် လုပ်ပေးရန်
လိုပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စိုလိုက် ခြောက်လိုက် ဖြစ်ခြင်းကို
လျှော့ချနိုင်ပါသည်။ မြေကြီး ခြောက်သွေ့ သွားပါက အဆိုပါ မြေမှုန့်များမှ
အပင်အတွက် လိုအပ်သော အစိုဓာတ်ကို ထုတ်လွှတ်ပေးမည် ဖြစ်ပါသည်။
(ခ) အစာကျွေးခြင်း (သစ်ဆွေးနှင့် မြေသြဇာကျွေးခြင်း)
ကျန်းမာသန်စွမ်းသည့်
အပင်များရရှိရန် သစ်ဆွေးနှင့် မြေသြဇာများကို အချိန်ကိုက် ကျွေးရန်လိုသည်။
ဟင်းသီးဟင်းရွက်များကို အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးမည်ဆိုပါက
စိုက်ပျိုးချိန်တွင် အော်ဂဲနစ် မြေသြဇာများ ထည့်သွင်းပေးရမည်ဖြစ်ပြီး
ငါးအရိုးမှုန့် ဖျော်ထားသော အရည်ကို အပတ်စဉ် ထည့်သွင်းပေးရန် လိုပါသည်။
ခြောက်သွေ့သော အော်ဂဲနစ် မြေသြဇာများကိုလည်း အညွှန်းပါအတိုင်း
ထပ်မံသုံးစွဲရန် လိုအပ်ပါသည်။ တဖြည်းဖြည်းပျော်ဝင်သော မြေသြဇာများကို
သုံးမည်ဆိုပါက အပင်ကြီးထွားမှု လျင်မြန်ရန် ငါးအမှုန့်ပျော်ရည်များကိုလည်း
(၁၅) ရက်တစ်ကြိမ် (သို့) နှစ်ပတ် တစ်ကြိမ် သုံးရန် လိုအပ်ပါသည်။
(ဂ) အပင်များကို ပြုစုပျိုးထောင်ခြင်း
နွယ်တက်တတ်သော
ပဲပင်များ၊ ခရမ်းချဉ်၊ ဗူးသီး၊ ခဝဲသီး၊ ကြက်ဟင်းခါးသီးများ
စိုက်ပျိုးရာတွင် ၎င်းအပင်များ နွယ်တက်ရန် တိုင်များထောက်ခံပေးရန်
လိုအပ်ပါသည်။ ဝါးတိုင်များထောင်ခြင်း၊ ဝါယာကြိုးများသွယ်တန်းခြင်း
စသည်ဖြင့် ပြုလုပ်နိုင်ပါသည်။
(ဃ) ရေလောင်းခြင်း
အိုးအရေအတွက်
များများစိုက်ပျိုးလိုပါက အလိုအလျောက် ထိန်းချုပ်နိုင်သော အစက်ချ ရေသွင်း
နည်းစနစ်ကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။ လိုအပ်သော
ပစ္စည်းများမှာလည်း ဈေးတွင် အလွယ်တကူ ရရှိနိုင်ပါသည်။ လိုအပ်သော
မြေအစိုဓာတ်ရရှိရန် ရေကိုထိန်းချုပ်၍ သွင်းနိုင်ပါသည်။ ရေသွင်းရမည့်
အကြိမ်ရေအတွက်မှာ ရာသီဥတု အခြေအနေနှင့် အပင်ခြေရှိ မြေကြီး စွတ်စိုမှု
အပေါ်တွင် မူတည်ပါသည်။ ခြောက်သွေ့သော နွေရာသီတွင် ရေကိုမကြာခဏ သွင်းပေးရန်
လိုအပ်ပါသည်။
အကယ်၍
အိုးအနည်းငယ်ပဲ ရှိတယ်ဆိုရင်တော့ မြေအစိုဓာတ်အပေါ် မူတည်ပြီး လက်နဲ့ပဲ
ရေလောင်းနိုင်ပါတယ်။ ရိုးရှင်းလွယ်ကူသော နည်းလမ်းများကို
အသုံးပြုခြင်းဖြင့် မြေကြီးကို ခြောက်သွေ့မှု မရှိစေဘဲ အစိုဓာတ်ကို
တသတ်မှတ်တည်း ထိန်းသိမ်းထားနိုင်ပါသည်။ တစ်ခါတစ်ရံ မြေကြီးသည်
ခြောက်သွေ့ပြီး မာကြောလာတာမျိုး ကြုံရတတ်ပါသည်။ ထိုအခါမျိုးတွင် မြေကြီးကို
ခက်ရင်းခွဖြင့် ဆွပေး၍ ရေအနည်းငယ် လောင်းပေးရပါမည်။ ခက်ရင်းခွဖြင့်
ဆွရာတွင် အပင်၏အမြစ်ကို မထိခိုက်အောင် ဂရုစိုက်ပေးရပါမည်။ ထို့အပြင်
ကောက်ရိုးခြောက်၊ မြက်ခြောက်များကို အသုံးပြု၍ အပင်ခြေကို
ဖုံးပေးခြင်းဖြင့် အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ပါသည်။
(င) ပိုးမွှားနှင့် ရောဂါ
ဟင်းသီးဟင်းရွက်
အပင်များကို မြေကြီးတွင်စိုက်သည်ဖြစ်စေ၊ အိုးနှင့်စိုက်သည်ဖြစ်စေ
ပိုးမွှားနှင့်ရောဂါ ကျရောက်တတ်သည်မှာ သဘာဝတရားတစ်ခုပင် ဖြစ်ပါသည်။ အကယ်၍
ပျများ၊ မွှားများနှင့် ယင်ဖြူများ ကျရောက်ပါက ဆပ်ပြာပိုးသတ်ဆေးရည် (သို့)
တမာပိုးသတ်ဆေးရည်များကို ပက်ဖျန်းပေးနိုင်ပါသည်။ ရောဂါကျရောက်သည့်
အကိုင်းများ၊ သေဆုံးနေသည့် အကိုင်းများကို ဖြတ်တောက်ဖယ်ရှား ပစ်ရပါမည်။
အော်ဂဲနစ် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးမည်ဆိုပါက ဓာတုပိုးသတ်ဆေးများအစား
အော်ဂဲနစ် ပိုးသတ်ဆေးများကို သုံးစွဲသင့်ပါသည်။
(စ) ရိတ်သိမ်းခြင်း
ဟင်းသီးဟင်းရွက်များ
ရင့်မှည့်ချိန် (သို့) ဆွတ်ခူးချိန်သည် သီးနှံအမျိုးအစားနှင့်
မျိုးကွဲများအပေါ်တွင် မူတည်ပါသည်။ ရိတ်သိမ်းရန်အတွက် တံစဉ် (သို့)
ဓားတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။ ရင့်မှည့်မှုအပေါ် မူတည်၍
ရိတ်သိမ်းနိုင်ပါသည်။ ဆွတ်ခူးရိတ်သိမ်းစဉ်တွင် အပင် (သို့) နွယ် များကို
မဆွဲပါနှင့်။ အိုးအတွင်းရှိ အပင်ခြေကို ထိခိုက်မှုမရှိအောင်
ဂရုစိုက်ရပါမည်။
၅။ ဟင်းသီးဟင်းရွက်များကို အိုးနှင့်စိုက်ပျိုးရာတွင် လိုက်နာရမည့် အဓိကအချက်များ
လူတော်တော်များများသည်
ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းကိုနှစ်သက်
သဘောကျကြသည်-(ဥပမာ-ရုံးပတီ၊ ပဲပုဇွန်၊ ခရမ်းချဉ်၊ ငရုတ်အမျိုးမျိုး၊
ပင်စိမ်း၊ နံနံပင်၊ ဟင်းနုနွယ်၊ မာလာဘာဟင်းနုနွယ်၊ ပြင်သစ်ပဲသီး၊ ဗူးသီး၊
ခဝဲသီး၊ ကြက်ဟင်းခါးသီး စသည့် အပင်များသည် အိုးနှင့်ထည့်စိုက်နိုင်သည်။)
အကယ်၍ နွယ်ပင်အမျိုးအစား ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးမည်ဆိုပါက
အပင်များကို ထောက်ခံပေးရန်နှင့် အပင်များနွယ်တက်နိုင်ရန်
ပြုလုပ်ပေးရန်လိုပါသည်။ သင့်နေဖြင့် မည်သည့် ဟင်းသီးဟင်းရွက်
အမျိုးအစားကိုမဆို စိုက်ပျိုးရန် အစီအစဉ်ရှိပါက စိုက်ပျိုးချိန်မှ
ရိတ်သိမ်းချိန်အထိ အောက်ဖော်ပြပါ အဓိက အချက်များကို သိရှိလိုက်နာသင့်ပေသည်-
(က) အစေ့ချခြင်း
မျိုးစေ့
ရွေးချယ်ခြင်းသည် သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကို အဓိကလွှမ်းမိုးသော
အချက်များထဲမှ တစ်ချက်ဖြစ်ပါသည်။ အထွက်နှုန်းကောင်းမွန်ခြင်း၊
ပိုးမွှားနှင့်ရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊ အပင်ပေါက်နှုန်းကောင်းခြင်း၊
မျိုးသန့်စင်မှုကောင်းခြင်း၊ အပင်သန်စွမ်းခြင်း စသည့်အချက်များသည်
မျိုးရွေးချယ်ရာ၌ အလွန်အရေးကြီးပါသည်။ ဟင်းသီးဟင်းရွက် မျိုးစေ့များကို
အုန်းဆံခွံသုံးဆ၊ မြေဆွေးတစ်ဆနှင့် မြေကြီးတစ်ဆ ရောထားသော
ပျိုးဗန်းများတွင် ထည့်စိုက်ပါ။ ပျိုးဗန်းများကို အရိပ်ထဲတွင် ထားရပါမည်။
အပင်များ အရွက် (၄-၅) ရွက်ထွက်လာပါက အပင်မှုန်း (မသန်သောအပင်များကို နှုတ်၍
အသန်ဆုံးအပင်ကိုသာ ချန်) ပေးရပါမည်။
(ခ) မြေသြဇာကျွေးခြင်း
အပင်များကို အိုးတွင်းထည့်မစိုက်မီ မြေဆွေး (သို့) သစ်စိမ်းမြေသြဇာ ကို အောက်ခြေတွင်ထည့်ပေးပါ။
(ဂ) ရွှေ့ပြောင်းစိုက်ပျိုးခြင်း
ပျိုးပင်များ
အရွက် (၄-၅) ရွက်ရှိပြီဆိုပါက မြေပြင် (သို့) အိုးအတွင်း
ပြောင်းရွှေ့စိုက်သင့်ပြီ ဖြစ်ပါသည်။ ပြောင်းရွှေ့စိုက်ပျိုးခြင်းကို
မနက်စောစော (သို့) ညနေခင်းတွင် ပြုလုပ်ပါ။ တစ်ပင်နှင့် တစ်ပင်ကြား
အသင့်တော်ဆုံး အကွာအဝေးသည် (၅၀) စင်တီမီတာ (၂၀ လက္မ) ဖြစ်ပြီး
အပင်အမျိုးအစားနှင့် မျိုးအပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။
ပြောင်းရွှေ့စိုက်ပျိုး ပြီးပြီးချင်း အိုးကို ရေလောင်းပေးရပါမည်။
အိုးအတွင်း အပင်အမြစ်များ အခြေကျ စွဲမြဲသည်အထိ ပုံမှန်ရေလောင်းပေးရန်
လိုအပ်ပါသည်။
(ဃ) ပျိုးပင်များကို မြေဖုံးပေးခြင်း
မြေဖုံးခြင်းသည်
အပင်ခြေကို မြက်ခြောက်များ၊ သစ်ရွက်ခြောက်များ၊ ပလက်စတစ်အစ များဖြင့်
ဖုံးပေးသည့် လုပ်ငန်းဖြစ်သည်။ ဟင်းသီးဟင်းရွက်များကို
စီးပွားဖြစ်စိုက်ပျိုးသည့် အခင်းများတွင် ပလက်စတစ်အစဖြင့် မြေဖုံးခြင်းကို
အသုံးပြုလေ့ရှိသည်။ မြေဖုံးပေးခြင်းအားဖြင့်
အစိုဓာတ်ကိုထိန်းပေးနိုင်ခြင်း၊ အပင်ခြေတွင် ပေါင်းများပေါက်ရောက်မှု
မရှိအောင် ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။
ထို့အပြင် သစ်ရွက်ခြောက်များဖြင့် မြေဖုံးပေးပါက အချိန်ကာလတစ်ခုသို့
ရောက်ရှိသောအခါ ၎င်းသစ်ရွက်ခြောက်များသည် ဆွေးမြည့်သွားပြီး အပင်အတွက်
ကောင်းမွန်သော အော်ဂဲနစ် မြေသြဇာကို ရရှိစေပါသည်။
(င) ပေါင်းနှိမ်နင်းခြင်း
ဟင်းသီးဟင်းရွက်များကို
မြေချစိုက်ပျိုးမည်ဆိုပါက ပေါင်းနှိမ်နင်းခြင်း လုပ်ငန်းကို
ဆောင်ရွက်သင့်ပါသည်။ ဟင်းသီးဟင်းရွက်များကို အိုးများတွင်
စိုက်ပျိုးမည်ဆိုပါက အနည်နှင့်အများ ပေါင်းပြဿနာ ရှိနိုင်ပါသည်။
ပေါင်းများသည် မြေထဲရှိ ရေ၊ မြေသြဇာနှင့် အာဟာရများကို အပင်နှင့်ပြိုင်၍
လုယူစားသုံးသဖြင့် အပင်အတွက် လုံလောက်သော ရေနှင့် အာဟာရ မရရှိနိုင်တော့ပေ။
နောက်ဆုံးတွင် သီးနှံအထွက် လျော့ကျလာတတ်သဖြင့် ပေါင်းနှမ်နင်းခြင်း
လုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်သင့်ပါသည်။ ထို့အပြင် အပင်အရပ် တစ်မီတာ (၃
ပေ) ခန့်ရှိလာပါက ရောဂါရရှိသည့် အရွက်များ၊ အကိုင်းများကို
ဖယ်ရှားဖျက်ဆီးပစ်ရန် လိုအပ်ပါသည်။
(စ) ပိုးမွှားနှင့် ရောဂါများကို ပုံမှန်စစ်ဆေးပေးခြင်း
အပင်၏
အရွက်အောက်ခြေများတွင် ပိုးမွှား၊ ရောဂါ ကျရောက်မှု ရှိမရှိ ပုံမှန်
စစ်ဆေးရမည်။ အပင်အောက်ခြေ ပတ်ဝန်းကျင်တွင် ပုရွက်ဆိတ်များ မရှိစေရပါ။
(ဆ) ခူးဆွတ်ခြင်း
ရင့်မှည့်ချိန်
ရောက်ရှိပါက ဟင်းသီးဟင်းရွက်များကို ခူးဆွတ်ရပါမည်။ သင့်အနေဖြင့်
နောက်ရာသီအတွက် မျိုးထားစိုက်ပျိုးခြင်းဖြစ်သည် ဆိုသော်လည်း သီးနှံများကို
ရင့်မှည့်ချိန် လွန်အောင် မထားသင့်ပေ။ ရင့်မှည့်ချိန်သည် ဟင်းသီးဟင်းရွက်
တစ်မျိုးနှင့်တစ်မျိုး မတူသကဲ့သို့ မျိုးတစ်ခုတည်းတွင်ပင် မျိုးကွဲများ၏
ရင့်မှည့်ချိန်လည်း မတူညီပေ။

၆။ ဟင်းသီးဟင်းရွက် ဥယျာဉ်ခြံတစ်ခု ပြုလုပ်ရန် အရေးကြီးသည့် အချက်များ-
သင့်အနေဖြင့်
မြေကွက်လပ်တွင် ဟင်းသီးဟင်းရွက် ဥယျာဉ်ခြံမြေတစ်ခု စိုက်ပျိုးရန်
အစီအစဉ်ရှိပါက အောက်ပါအချက်များသည် သင့်အတွက် အသုံးဝင်မည်ဟု ထင်ပါသည်-
•
ကောင်းမွန်သော ဟင်းသီးဟင်းရွက် ခြံတစ်ခြံ တည်ထောင်မည်ဆိုပါက
စိုက်ပျိုးမည့်မြေသည် အော်ဂဲနစ်ပစ္စည်းများ ပြည့်ဝသောမြေ (အာဟာရ
ကောင်းမွန်ပြည့်ဝစွာ ပါသောမြေ) ဖြစ်ရန်နှင့် ကောင်းစွာပြုပြင်ထားသော
မြေဖြစ်ရန် အရေးကြီးသည်။ မြေကြီးသည် ကျောက်ခဲများနှင့်
ပေါင်းများကင်းစင်ပြီး ရေစီးရေလာ ကောင်းမွန်သော မြေဖြစ်ရမည်။
ဟင်းသီးဟင်းရွက်များသည် အစိုဓာတ်ကောင်းစွာ ထိန်းသိမ်းနိုင်သောမြေတွင်
လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးကြသည်။
•
အပင်ကြီးထွားဖွံ့ဖြိုးမှု ကောင်းမွန်စေရေးနှင့် အထွက်နှုန်း
ကောင်းမွန်စေရေးအတွက် မိမိခြံအတွင်း နေရောင်ခြည် ကောင်းစွာရရှိရန်နှင့်
လေဝင်လေထွက်ကောင်းရန် အလွန်အရေးကြီးပါသည်။
•
ဥယျာဉ်ခြံကို ပုံဖော်ရာ၌ မိမိအနေဖြင့် ခြံအတွင်း လွယ်ကူသက်သာစွာ
သွားလာနိုင်ရန်နှင့် အပင်ပြုစုထိန်းသိမ်းစောင့်ရှောက်မှုများ
(ဆေးဖျန်းခြင်း၊ ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း စသည်) ကို လွယ်ကူစွာ
ပြုလုပ်နိုင်ရန် ပုံဖော်ဆောက်လုပ်ရမည်။
• မျိုးစေ့များကို မစိုက်ပျိုးမီ စိုက်ပျိုးမည့် ရက်ထက် တစ်ရက်ကြိုတင်၍ မြေကြီးကို ရေလောင်းထားရမည်။
•
မျိုးစေ့ချရာ၌ လူတော်တော်များများသည် မျိုးစေ့များကို ပိုမိုနက်ရှိုင်းစွာ
ချစိုက်သည့် အမှားမျိုးကို ပြုလုပ်တတ်လေ့ ရှိကြသည်။ မျိုးစေ့များကို
နက်နက်စိုက်ခြင်းမှ ရှောင်ကြဉ်ပါ။ သင့်တော်သည့် အနက်မှာ (၂-၄ စင်တီမီတာ)
ဖြစ်သည်။
•
အစိုဓာတ်ကောင်းစွာ ရရှိရန် မျိုးစေ့ချပြီးပါက မျိုးစေ့ကို မြေကြီးနှင့်
ကောင်းစွာ ဖုံးအုပ်ရမည်။ မျိုးစေ့ချပြီး မြေဖုံးပြီးပါက
စိုက်ပျိုးသည့်ဧရိယာ (သို့) ဥယျာဉ်ခြံတစ်ခုလုံးကို ရေနှင့် ညင်သာစွာ
လောင်းပေးရမည်။ ရေလောင်းပြီးပါက မျိုးစေ့များမြေပေါ်တွင် ပေါ်မနေအောင်
ဂရုစိုက်လောင်းရမည်။
•
အပင်ပေါက်ပြီး အညှောင့်ထွက်ချိန်အထိ မကြာခဏ ရေလောင်းပေးရန် လိုအပ်သည်။
မျိုးညှောင့်ပေါက်သည့်ကာလအတွင်း အစိုဓာတ်ကို တသတ်မတ်တည်း ဖြစ်အောင်
ထိန်းထားပါ။
•
ရေများများလောင်းခြင်းသည် မျိုးစေ့များကို ပုပ်စေသည့်အတွက်
ရေများစွာလောင်းခြင်းကို ရှောင်ကြဉ်ပါ။ ပုံမှန်အားဖြင့် တစ်ပတ်လျှင်
ရေတစ်လက်မခန့် သွင်း/ လောင်း ပေးရန်လိုအပ်သည်။ အပင်ခြေတွင် ခြောက်သွေ့နေပါက
ရေလောင်းရမည့် အချိန်ဖြစ်သည်။
•
ယခင်က ပြောခဲ့သလိုပဲ ပေါင်းများသည် အပင်နှင့်ပြိုင်၍ ရေနှင့် အာဟာရများကို
လုယူစားသုံးသဖြင့် တတ်နိုင်သရွေ့ ပေါင်းများကို နည်းနိုင်သမျှနည်းအောင်
ပြုလုပ်ရန် အရေးကြီးသည်။ သင်၏ဟင်းသီးဟင်းရွက်အခင်း၌ အော်ဂဲနစ်နည်းဖြင့်
ပေါင်းနှိမ်နင်းခြင်း၊ မြေဖုံးပေးခြင်း စသည့်နည်းများဖြင့်
ပေါင်းနှိမ်နင်းခြင်း လုပ်ငန်းကို ဆောင်ရွက်သင့်သည်။
•
မိမိစိုက်ခြံကို ပိုးမွှားများ ဖျက်ဆီးမှုမရှိအောင် ဂရုစိုက်ရမည်။
အသုံးပြုမည့်အချိန် (စျေးကွက်ပို့မည့်အချိန်) နှင့်ချိန်ကိုက်၍ အချိန်မှန်
ခူးဆွတ်ရိတ်သိမ်းရမည်။ မျိုးစေ့အတွက် စိုက်ပျိုးသည်ဆိုပါက
အပင်ပေါက်ကောင်းရန်အတွက် သင့်တော်သော အပူချိန်တွင်ထား၍ သိုလှောင်ရမည်။
ဟင်းသီးဟင်းရွက်
စိုက်ပျိုးထုတ်လုပ်ခြင်းသည် စိတ်ပျော်ရွှင်ကြည်နူးစရာကောင်းသလို
အကျိုးအမြတ်လည်း ရရှိနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်သည့် အောက်ပါဗွီဒီယိုဖိုင်များကို YOU TUBE တွင် လေ့လာကြည့်ရှုနိုင်ပါသည်-
-Container Hydroponics- 3200 Lettuce from a Container
-Greenhouse cost per acre
-Deep Water Culture Systems
-Vegetable farming
-Greenhouse Shade Netting
-Cost and Profits of Aloe Vera
-Black Pepper Farming
-Hydroponics Farming
စသည်တို့တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
Royal Thazin
No comments:
Post a Comment