
Photo -
လိမ္မော်စိုက်ပျိုးရေး မိတ်ဆက်
လိမ္မော်သည် နိုင်ငံအများစုတွင် ငှက်ပျောနှင့် ပန်းသီးပြီးနောက် အများဆုံး စိုက်ပျိုးကြသော ရှောက်မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်သည်။ အဓိက စီးပွားဖြစ်စိုက်ပျိုးသော ရှောက်မျိုးရင်းဝင် မျိုးစိတ်များမှာ mandarin (ခွံပွလိမ္မော်)၊ sweet orange (ကမ္ဗ္ဗလာခွံကျစ် လိမ္မော်)နှင့် acid lime တို့ဖြစ်ကြသည်။ ဤဆောင်းပါးတွင်sweet oranges/ mandarin oranges စိုက်ပျိုးခြင်းကိုဖော်ပြမည်ဖြစ်သည်။
လိမ္မော်သီးတွင် ဗီတာမင် စီ၊ အေ၊ ဘီနှင့် ဖော့စဖရပ်ဓာတ်များ ကြွယ်ဝသည်။ လိမ္မော်သီးကို အစိမ်းလိုက် စားသုံးနိုင်သကဲ့သို့ ဖျော်ရည်၊ သဘာဝ လိမ္မော်ဆီ၊ အရသာ ထည့်သွင်း လိမ္မော် အနှစ်ရည်နှင့် ယို အဖြစ်လည်း စားသုံးနိုင်သည်။ လိမ္မော်သည် အဆီ၊ ဆစ်ထရစ် အက်ဆစ် နှင့်