Tuesday, August 28, 2018
လွယ်​ကူစွာ မှိုမျိုးထုတ်​လုပ်​ခြင်း
 အိမ်​နီးချင်းနိုင်​ငံများမှ မှိုစိုက်​ပျိုးသူများသည်​ ကိုယ်​တိုင်​မျိုးထုတ်​၍စိုက်​ပျိုးလာကြသည်​မှာ ဆယ်​စုနှစ်​ပင်​​ကျော်​ခဲ့​ပေပြီ၊
မှိုစိုက်​ပျိုးကြတဲ့ မိတ်​​ဆွေများ အားလုံး ကိုယ်​တိုင်​မျိုးထုတ်​လုပ်​နှိုင်​မယ့်​ နည်းလမ်း​လေးတခု​ဖော်​ပြပါမယ်​၊
ကောက်​ရိုးမှိုမျိုးတစ်​ထုတ်​ ၂၅၀ကျပ်​၊​ငွေမိုး ​ငွေနှင်းမှိုစိုက်​ထုပ်​တစ်​ထုပ်​၄၀၀ကျပ်​ ဝန်းကျင်​ဝယ်​ယူစိုက်​ပျိုး​နေကြရပါတယ်​၊မျိုးထုပ်​တွင်းပါဝင်​ပစ္စည်းများမှာ မျိုးပွားစာများသာ အဓိကပါဝင်​​နေသည်​ကို သတိပြုမိလျှင်​ ကိုယ်​တိုင်​မျိုးထုပ်​၍စိုက်​ပျိုးကြရန်​ လက်​မ​နှေးသင့်​​တော့ပါ။
   မှိုမျိုးထုပ်​လုပ်​ပုံအဆင့်​များ မှာ
၁/မှိုမှ အာဟာရပြင်​သို့ မျိုးကူးခြင်း
၂/အာဟာရပြင်​မှ မျိုးပွားပုလင်းသို့မျိုးကူးခြင်း
၃/မျိုးပွားပုလင်းမှ ​နောက်​ထပ်​မျိုးပွားပုလင်းများသို့မျိုးကူးခြင်း
၎/မျိုးပွားပုလင်းမှ မျိုးထုပ်​/စိုက်​ထုပ်​များသို့မျိုးကူးခြင်း ဟူ၍ဖြစ်​ပါသည်​။
အမှတ်​၁ အဆင့်​မှာ သန့်​ရှင်းမှု့နှင့်​ အ​တွေ့အကြုံ အထူးလိုအပ်​သဖြင့်​ စတင်​ လုပ်​ကိုင်​မည့်​သူအ​နေဖြင့်​ ​အောင်​မြင်​မှု့ နည်းပါးမည်​ဖြစ်​​သော​ကြောင့်​ ​တဖြည်းဖြည်းသာ ကြိုးစား​စေချင်​ပါသည်​။
    ကျွမ်းကျင်​သူတို့ထုတ်​လုပ်​ထား​သော ၂အဆင့်​နှင့်​၃အဆင့်​ မျိုးပွားပုလင်းများကို မျိုးထုတ်​သူများထံတွင်​ အသင့်​ ဝယ်​ယူရရှိနှိုင်​ပါသည်​၊မျိုးပွားပုလင်းတစ်​လုံးကို ၁၀၀၀ကျပ်​/၂၀၀၀ကျပ်​နှုံးဖြင့်​ ​ရောင်းချ​ပေးကြပါသည်​၊
မျိုးပွားပုလင်းတစ်​လုံးမှ ​မျိုးထုပ်​/စိုက်​ထုပ်​ ၁၀၀ထုပ်​ဝန်းကျင်​ ထုတ်​လုပ်​နှိုင်​ပါသည်​။ထုတ်​လုပ်​ရန်​လဲ လွယ်​ကူသဖြင့်​မည်​သူမဆို လက်​လှမ်းမှီနှိုင်​ပါသည်​၊
လိုအပ်​​သော ပစ္စည်​များမှာ
*သာမာန်​အဆင့်​သန့်​ရှင်း၍​လေငြိမ်​​သောမျိုးကူးခန်း(ထိုအခန်းမရနှိုင်​လျှင်​ ပိတ်​ခြင်​​ထောင်​ အသစ်​ ကြီးကြီးကို သုံးနှိုင်​ပါသည်​)
*   အဖုံးပါ​သောတိုင်​ကီတလုံး(မျိုးထုပ်​အ​ရေအတွက်​အရ အကြီး/အ​သေး ကြိုက်​ရာသုံးနှိုင်​ပါသည်​)
*အရက်​ပျံထည့်​ထွန်းရန်​မီးခွက်​တစ်​လုံး
*ပူလွယ်​​အေးလွယ်​​သောက​လော်​တံတစ်​​ချောင်း(စက်​ဘီး မားလကတ်​ တံ သုံးနှိုင်​သည်​)
*ဂွမ်း
*သား​ရေကွင်း
*အရက်​ပျံ(မီး​တောက်​နှိုင်​​သောအမျိုးအစား)
*မီးအပူခံပလပ်​စတစ်​အိပ်​များ (​ခေါက်​ချိုးကြည့်​လျှင်​ ​ခေါက်​ချိုးရာထင်​​သောအထူစားအိပ်​များသုံးသည်​၊​ကောက်​ရိုးမှိုအတွက်​ ၆×၁၂၊​ငွေမိုး ​ငွေနှင်းစိုက်​ထုပ်​အတွက်​ ၈×၁၂နှင့်​အထက်​)
*ပလပ်​စတစ်​​ကော်​လာများ
*ရက်​မလွန်​​သော မျိုးပွားပုလင်း စသည်​တို့လိုအပ်​ပါသည်​။
#တိုင်​ကီ ကို လုပ်​​ဆောင်​ထားရန်​မှာ
အဖုံးအလယ်​မှ ၄လက်​မသံဖြင့်​အ​ပေါက်​တစ်​​ပေါက်​​ဖောက်​ပါ၊
တိုက်​ကီအမြင့်​နှင့်​ချိန်​၍ နှီးရိုင်​ပါတ်​တစ်​ခုကို အတွင်းနံရံကပ်​၍​ခွေ​ပေးထားပါ(တိုင်​ကီသံသားနှင့်​ပလပ်​စတစ်​မျိုးအိပ်​များတိုက်​ရိုက်​မထိ​တွေ့​စေရန်​၊)
တိုင်​ကီနှင့်​အံဝင်​ဂွင်​ကျ ၉လက်​မအမြင့်​ သစ်​သား​ပေါင်းခံစင်​​လေးလုပ်​ပါ(စင်​​ပေါ်တွင်​ မှိုထုပ်​များတင်​ရန်​ဖြစ်​ပါသည်​)
တိုင်​ကီအဖုံးတွင်​ဝါရှာပါပါသည်​၊ထိုဝါရှာ​ကောင်းမှတိုင်​ကီလုံမည်​ကိုသတိပြုပါ၊​ပေါင်းခံစဉ်​တွင်​ ​ဖောက်​ထားသည့်​အ​ပေါက်​မှလွဲ၍ ကျန်​​​နေရာများမှ​ရေ​နွေး​ငွေ့မထွက်​​စေရပါ)
 #  မျိုးပွားစာ အပိုင်း
မျိုးပွားစာကို ရိုးပြတ်​ကိုအသုံးပြုပါမည်​၊အခြားအမျှင်​ဓာတ်​ပါပစ္စည်း​ပေါင်းစုံကို မျိုးပွားစာအဖြစ်​ အသုံးပြုနှိုင်​ပါသည်​၊
ရိုးပြတ်​နှင့်​ပြုလုပ်​ပုံကို ​ဖော်​ပြပါမည်​၊
ခြောက်​​သွေ့​သောရိုးပြတ်​များကို ​ရေအနည်းငယ်​ဆွတ်​၍ လက်​မဝက်​ခန့်​ နုတ်​နုတ်​စဉ်းပါ(လက်​ကိုဒါးခုတ်​မိမည်​ကိုဂရုစိုက်​ပါ)
*ရိုးပြတ်​​​ခြောက်​​ပေါင်​၁၀၀
*စပါး/နှံစား​ပြောင်း ၂ပြည်​ကို စာပါးစပ်​အာရုံပြုတ်​၍ အ​အေးခံထားပါ၊
*မ​ဖောက်​ထုံး ၁​ပေါင်
*ဖွဲနု တစ်​ပြီ/နှစ်​ပြီ
*​​ရေ ​(မိုး​ရေ၊ကန်​​ရေ သုံးသင့်​)
#မျိုးပွားစာပြုပြင်​ခြင်းနှင့်​အိပ်​သွပ်​ခြင်း
မျိုးပွားစာများကိုမနှပ်​​တော့ဘဲ တိုက်​ရိုက်​သုံးပါမည်​၊ရိုးပြတ်​စဉ်းပြီးသားများကို ထုံး၊စပါးပြုတ်​၊ဖွဲနု၊​ရေ တို့နှင့်​ သမ​အောင်​​မွှေပါ၊
ရေမများလွန်း​စေရန်​သတိပြု၍နဲနဲချင်းထဲ၍​မွှေ​ပေးပါ၊ရိုးပြတ်​များကိုလက်​တွင်​ထဲ့၍ ဆုပ်​ညှစ်​ကြည့်​လျှင်​ လက်​ကြားမှ ​ရေစီးမကျ​သောအ​နေသည်​ အသင့်​​တော်​ဆုံးဖြစ်​ပါသည်​၊​ရေများပါက မှိုမျှင်​ဆင်းရန်​မလွယ်​ပါ၊​အောက်​​ခြေ၌​ရေများထိုင်​ပြီးအချဉ်​​ပေါက်​၍ပျက်​စီးတတ်​ပါသည်​။
  အားလုံးပြင်​ဆင်​ပြီးလျှင်​ ပလပ်​စတစ်​အိပ်​များအတွင်း အနည်းငယ်​ဖိသိပ်​၍နဲနဲချင်းထဲ့ပါ၊လက်​ဖြင့်​ဖိသိပ်​ရာတွင်​ လက်​သဲများနှင့်​ပလပ်​စတစ်​ခြစ်​မိပြီးအိပ်​မ​ပေါက်​​စေရန်​ဂရုပြုပါ၊​အိပ်​​အောက်​​ခြေ​ဒေါင့်​ချွန်း​နေရာနှစ်​ခုကို အပြင်​မှ အတွင်းသို့ထိုးထဲ့​ပေးပါ(​အိပ်​​ထောင်​လို့ရရန်​ အလွယ်​နည်းသုံးခြင်းဖြစ်​ပါသည်​:-) :-) ) အိပ်​မ​ပေါက်​ရန်​ဂရုပြုပါ၊)
အိပ်​၏၃ပုံ၂ပုံထိထဲ့​ပေးပြီး ​ကော်​လာစွပ်​၍သား​ရေကွင်းစည်းပါ၊
ဂွမ်းကို ​ကော်​လာနှင့်​ မ​ချောင်​လွန်းမကျပ်​လွန်း ဆို့ပါ၊ဂွမ်း​ပေါ်မှ၃လက်​မပါတ်​လည်​ပလပ်​စတစ်​စအုပ်​၍ သား​ရေကွင်း​ကောင်း​ကောင်း၂ကွင်းပူးစည်း​ပေးပါ(​ပေါင်းခံစဉ်​ ဂွမ်းစများ ​ရေမဆို​စေရန်​ဖြစ်​ပါသည်​)။
# ​ပေါင်းခံခြင်း
   တိုင်​ကီတွင်း​ရေ ၈လက်​မထဲ့ပြီး သစ်​သား​ပေါင်းခံစင်​ထဲ့ပါ၊တိုင်​ကီအတွင်းနံရံကိုရိုင်​ပါတ်​ကာပါ၊ထို့​နောက်​မျိုးထုပ်​များစီ၍ထဲ့ပါ၊ပြီးလျှင်​အဖုံးကိုလုံ​အောင်​ဖုံး၍အဖုံးကျပ်​​ဂွေပါတ်​ပြီး နတ်​/ကလစ်​ ကျပ်​​ပေးပါ၊
အားလုံး​သေချာသွားလျှင်​မီးစ​ပေးပါ၊ မီး​ပေးပြီး နာရီဝက်​ခန့်​ကြာလျှင်​ ၄လက်​မသံဖြင့်​​ဖောက်​ထား​သော​အ​ပေါက်​မှ ​ရေ​နွေး​ငွေ့စတင်​ထွက်​လာပါမည်​၊ထို​ရေ​နွေး​ငွေ့သည်​ အ​ပေါက်​မှ ၁၀လက်​မအမြင့်​ထိပုံမှန်​ ပန်းထွက်​​နေရပါမည်​၊မီးမှန်​မှန်​ထိုးပါ၊အ​ငွေ့စထွက်​သည်​မှ ၃နာရီကြာသည်​ထိ ​ပေါင်းခံရပါမည်​၊​ဖောက်​ထား​သောအ​ပေါက်​မှလွဲ၍ ကျန်​အခြား​နေရာများမှအ​ငွေ့မထွက်​​စေရပါ၊ပြီးလျှင်​ အ​အေးခံပြီး မျိုးကူးမည့်​​နေရာသို့ပို့ပါ။
#မှိုမျိုးကူးခြင်း
မှိုမျိုးကူးမည့်​အခန်းသည်​ သန်းရှင်းမှု့ရှိရပါမည်​၊မမြင်​ရ​သောပိုးမွှား နှင့်​မှိုရိုင်းစပိုးများသည်​ ​နေရာတိုင်းတွင်​ အနည်းနှင့်​အများရှိ​နေကြသဖြင့်​ ​လေငြိမ်​ရန်​နှင့်​သန့်​ရှင်းရန်​လိုပါသည်​၊အခင်းတွင်​ အဝတ်​​သန့်​သန့်​များ​ရေနှစ်​၍ ဖြန့်​ခင်းထား၍​သေးမွှားသက်​ရှိအချို့နှင့်​မှိုရိုင်းစပိုးအချို့ကို ထိမ်းသိမ်းထားနှိုင်​ပါသည်​၊
မျိုးကူးမည့်​သူကိုယ်​တိုင်​သန့်​ရှင်း​အောင်​ဝတ်​ဆင်​၍ အခန်းတွင်းဝင်​ပါ၊မလိုအပ်​ဘဲ လူပိုများအဝင်​အထွက်​မလုပ်​ပါနှင့်​၊ဝယ်​ယူလာ​သောမျိုးပွားပုလင်းကို အရက်​ပျံဖြင့်​ ​ကောင်းမွန်​စွာပွတ်​တိုက်​၍သန့်​ရှင်းပါ၊သုံးမည့်​က​လော်​တံကိုလဲ အရက်​ပျံနှင့်​ဆွတ်​ထား​သောဂွမ်းစဖြင့်​ပွတ်​တိုက်​၍ အရက်​ပျံမီးခွက်​မှမီး​တောက်​တွင်းအပူ​ပေးပြီးအ​အေးခံပါ၊မျိုးပွားပုလင်းအဝကိုအရက်​ပျံဆွတ်​ထား​သောဂွမ်းစနှင့်​သန်းရှင့်​ပါ၊ အရက်​ပျံမီး​တောက်​အဝတွင်​ မျိုးပွားပုလင်းမှ ဂွမ်းဆို့ကိုချွတ်​ပြီးအထဲမှ စပါး/နှံစား​ပြောင်း/လွှစာမှုံ့. များမှိုမျှင်​နှင့်​တွဲကပ်​​နေသဖြင့်​ က​လော်​တံဖြင့်​ထိုး​မွှေပါ၊ပုလင်းအဝကို အရက်​ပျံမီး​တောက်​အနီးမှမခွာပါနှင့်​ ​​ရောဂါပိုးများဝင်​​ရောက်​မလာ​စေရန်​မီး​တောက်​နားတွင်​​ဆောင်​ရွက်​ရခြင်းဖြစ်​ပါသည်​၊မှိုမျိုးထုပ်​ဂွမ်းစကိုချွတ်​၊မျိုးပွားပုလင်းဂွမ်းစကိုမီး​တောက်​နားတွင်​ချွတ်​ပြီး မျိုးထုပ်​​ကော်​လာနုတ်​ခမ်းနှင့်​မျိုးပွားပုလင်းနှုတ်​ခမ်း​တေ့လျှက်​ လက်​ဖက်​စားဇွန်းတစ်​ဇွန်းမျှ ထဲ့ပါ၊မျိုးပွားပုလင်းဂွမ်းပြန်​ဆို့၊မျိုးထုပ်​ဂွမ်းပြန်​ဆို့ပါ၊မျိုးထုပ်​ကို​ကော်​လာမှကိုင်​၍လှုပ်​ခါ​ပေးခြင်းဖြင့်​ ထဲ့လိုက်​​သောမျိုးများအ​ပေါ်မျက်​နှာပြင်​အနှံ့​ရောက်​ရှိ​စေပါသည်​၊မျိုးကူး​နေစဉ်​တွင်​ က​လော်​တံ၊မျိုးပွားပုလင်းနှုတ်​ခမ်းတို့ကို အရက်​ပျံနှင့်​မကြာမကြာသန့်​ရှင်း​ပေးပါ ၊မျိုးထဲ့လုပ်​ငန်းပြီးပါက သာမာန်​အပူချိန်​ရှိ​သောအ​မှောင်​ခန်းတွင်​ စီထပ်​ထားပါ/စင်​များ​ပေါ်တွင်​တင်​ထားပါ(​အေးလွန်​​သောရာသီတွင်စီထပ်​ထားခြင်းက​ကောင်းပါသည်​၊
နောက်​ရက်​များတွင်​မှိုမျင်​ဆင်းမှု့အ​ခြေအ​နေကို​နေ့စဉ်​စစ်​​ဆေးပြီး အစိမ်းကွက်​ အမဲကွက်​ပါ​သော အခြားစိတ်​ကြိုက်​မရှိလှ​သောအထုပ်​များကို မီးရှို့ဖျက်​စီးပစ်​ပါ၊၁၂ရက်​ဝန်းကျင်​တွင်​မှိုမျှင်​ပြည့်​ပြီးစိုက်​ပျိုးနှိုင်​ပါပြီ။
အိမ်​နီးချင်းနိုင်​ငံများမှ မှိုစိုက်​ပျိုးသူအများစုသည်​ ကိုယ်​တိုင်​မျိုးထုတ်​၍စိုက်​ပျိုးနှိုင်​သည့်​အဆင့်​သို့​ရောက်​ရှိ​နေကြသည်​မှာ ဆယ်​စုနှစ်​တစ်​ခု မက ကြာခဲ့​ပေပြီ၊ သူတို့နိုင်​ငံများတွင်​ မျိုးပွားစာ ရှားပါးသဖြင့်​ ​နွေရာသီ ​ကောက်​ရိုးမှိုစိုက်​​သောမျိုးပွားစာအ​ဟောင်းများကို အ​ခြောက်​လှမ်းပြီး ​ငွေမိုး ​ငွေနှင်းမှိုများ စိုက်​ပျိုးကြရသည်​၊ မျိုးပွားစာများ​ပေါများလှ​သော ကျွန်​​တော်​တို့လဲ ကိုယ်​တိုင်​ မှိုမျိုးထုတ်​လုပ်​စိုက်​ပျိုးနှိုင်​ရန်​ အချိန်​တန်​ပါပြီ။
    ကိုယ်​တိုင်​မျိုးထုတ်​စိုက်​ပျိုးခြင်းဖြင့်​ရရှိနှိုင်မည့်အကျိုး​​ကျေးဇူးများမှာ
မျိုးထုတ်​ဝယ်​ယူရသည့်​ ကုန်​ကျစရိတ်​ သက်​သာသွားခြင်း
စိတ်​တိုင်းကျ မှိုမျိုးများကို စိတ်​ချစွာစိုက်​ပျိုးနှိုင်​ခြင်း
သက်​တမ်းမလွန်​​သောမျိုးထုတ်​များ ဖြင့်​စိုက်​ပျိုးနှိုင်​ခြင်း
မှိုမျိုးကို မ​ခြွေတာရဘဲ လိုသ​လောက်​သုံးနှိုင်​ခြင်း
စရိတ်​သက်​သာစွာ စိုက်​ပျိုးနှိုင်​သဖြင့်​ မှို​ဈေးနှုန်းချိုသာစွာ ​ရောင်းနှိုင်​ခြင်း
အထူးသဖြင့်​ မှိုနှင့်​ပါတ်​သက်​သည့်​ အ​တွေ့အကြုံများ ယခင်​နှင့်​မတူဘဲ ပို၍ပို၍ ရင့်​ကျက်​လာခြင်း
ကိုယ်​တိုင်​မျိုးထုတ်​စိုက်​ပျိုးသူဦး​ရေများလာပါက မှိုထွက်​နှုန်းလဲ ပိုမိုလာပြီး ပြည်​ပ​ဈေးကွက်​ များသို့ ပို့​ဆောင်​လာနှိုင်​​ပေမည်​၊
မှတ်​ချက်​။ ။ယုံကြည်​စိတ်​ချရ​သော ကျွမ်းကျင်​သည့်​မှိုမျိုးထုတ်​လုပ်​သူများထံမှ မျိုးပွားပုလင်းရယူပါ၊လိုအပ်​သည့်​အကြံဥာဏ်​များရယူပါ၊
ကိုယ်​တိုင်​မျိုးထုတ်​စိုက်​ပျိုး၍ဝင်​​ငွေတိုးတက်​ကြပါ​စေ။
No comments:
Post a Comment