စာတန်းထိုးခြင်းနှင့် ဗီဒီယိုဖိုင် ၏ မူရင်းအသံအားဖြောက်ပြီး
မိမိနှစ်သက်သော တီးလုံးနှင့်သီချင်းအား ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
ဗီဒီယိုများကို စိတ်ကူသစ်တွေနဲ့ ပုံဖော်ဖန်တီးနိုင်တဲ့
အကောင်းဆုံးမိုဘိုင်း Application တစ်ခုဆိုရင်လုံးဝမမှားပါဘူး။
ဘာလိုလည်းဆိုတော့ ကွန်ပျူတာမှာ ဗီဒီယိုများကိုတည်းဖြတ်
ရာတွင်လူသုံးများပြီး အကောင်းဆုံးဟုဆိုရမည့် CyberLink PowerDirector
လေးအား ဖုန်းမှာလည်းပုံစံတူ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အသုံးပြုနည်း Video
Clip လေးကိုလည်း အောက်ပါလင့်ခ်တွင်ပြသထား ပါသေးတယ်။
မိမိရိုတ်ကူထးတဲ့ဗီဒီယိုများကို ဖက်ရှင်ကျကျနန ပြန်လည်းပြုပြင်ဖန်တီးခြင်း
နှင့် ရှိပြီးသား ဗီဒီယိုဖိုင်များအားဖြတ်ပြီး ပြန်ဆက်ပေးနိုင်ခြင်း
ဗီဒီယိုများ တစ်ပိုင်းနှင့်တစ်ပိုင်း အပြောင်းအလဲမှာ ဖက်ရှင် ဒီဇိုင်း
များကိုလည်းထပ်မံထည့်သွင်းနိုင်ပါတယ်။
စာတန်းထိုးခြင်းနှင့် ဗီဒီယိုဖိုင် ၏ မူရင်းအသံအားဖြောက်ပြီး မိမိနှစ်သက်သော တီးလုံးနှင့်သီချင်းအား ထည့်သွင်းအသုံးပြုနိုင်ပါသေးတယ်။ ဓာတ်ပုံများစွာကိုလည်း ဖုန်းအတွင်းရှိသီချင်းများဖြင့် ဗီဒီယိုပြုလုပ်နိုင်ပြီး ဓာတ်ပုံတစ်ချင်းစီ၏ နေရာများမှလည်း စာတန်းထိုးခြင်းများ နှင့် ကာလာရွေးချယ်အသုံးပြုခြင်းများ ဓာတ်ပုံ တစ်ပုံနှင့်တစ်ပုံအကူအပြောင်းမှာလည်း ဒီဇိုင်းများထည့်သွင်းခြင်းများပြုလုပ်နိုင်ပါတယ်။ လုပ်ဆောင်ချက် များဟာထိုမိုဘိုင်းဆော့ဖ်ဝဲလ်တွင် အများအပြားပါဝင်မှာဖြစ်ပြီး ကွန်ပျူတာဆော့ဖ်ဝဲလ်တစ်ခုဖြစ်တဲ့ CyberLink PowerDirector ကဲ့သို့ ပုံစံတူအသုံးပြုနိုင်မှာပါ။ ဖုန်းနဲ့ ဗီဒီယိုတွေရိုတ်ကူးပြီး ကိုယ်ပိုင်အတွေး အခေါ်ဖြင့် အခုဘဲဖန်တီးကြည့်ရအောင်။ File Size မှာ 44 MB မျှရှိပြီး Android OS Version 4.3 နှင့်အထက် ဖုန်းများတွင်ထည့်သွင်းအသုံပြုနိုင်ပါသည်။

ဝင်းလှိုင်-နည်းပညာ
No comments:
Post a Comment