Sunday, February 18, 2018

ဘက်ထရီ နိယာမ



ဘက်ထရီအိုးမှာ အမငုတ် cathode or cation နဲ့ အဖိုငုတ် anode or anion ဆိုတဲ့ငုတ်၂ခုကိုချိတ်လိုက်ချိန်မှာ အိုးထဲမှာ ထိန်းသိန်းထားတဲ့ electron တွေက ငုတ်တွေမှာပေးကပ်ပြီး မီးအလင်းရောင် ရရှိတယ်။ cat ion ဆီ ဓာတ်ဖို ++ တွေ ပြေးကပ်ပြီးတော့ anion ဆီ ဓာတ်မ --ion တွေပြေးကပ်ကာ ဓာတ်ပြုကြပါတယ်။ အဲဒီမှာ ဓာတ်ပြုမှုကနေ ပိုလျှံတဲ့ ++ -- ion တွေဟာ ငုတ်တွေမှာ ကပ်ချိတ်ပြီး ဆားပေါက်တာတွေ အကြေးကပ်တာတွေဖြစ်ပြီး ပမာဏများလာရင် အဲဒီဘက်ထရီအိုး
ပျက်စီးစေပါတယ်။ ကြာရှည်ခံမှုအတွက် မိုးရေ ဒါမှမဟုတ် ရေသန့်ထည့်ပြီး ထိန်းသိမ်းကြပါတယ်။
အပင် အစာစုပ်ယူမှုမှာလည်း မြေကြီးဟာ ++ -- ion တွေ တည်ရှိနေတဲ့ ဘက်ထရီတလုံးလိုပါပဲ။ အမြစ်တွေဟာ cathode annode သဘောတရားအတိုင်းပဲ။ သူဆွဲယူ အသုံးချပြီး ပိုလျှံတဲ့ ionတွေကို အမြစ်ဝန်းကျင်မှာ အညစ်အကြေးအမှိုက်အဖြစ် စုပုံကျန်ရစ်စေပါတယ်။ နောက်တစ်ချက်က အပင်ရဲ့ အမြစ်တွေဟာ တစ်ဘက်သက်စိမ့်ဝင်မှု osmosics နည်းအတိုင်း စုပ်ယူလေ့ရှိပါတယ်။ အဲဒီကနေ အမြစ်တွေက အစာစုပ်ယူတဲ့အပိုင်းတွေကို အနှောင့်အယှက်ပေးလာပြီး အပင်ပတ်ဝန်းကျင်မှာ အစာရှိပြီး မစားနိုင်တဲ့ အတွက် အပင်မှာ အဟာရချို့တဲ့ပြသနာကို ရင်ဆိုင်ရပြီပေါ့။ မြေချဉ်ခြင်း ငံခြင်းဟာလည်း --ion တွေပါဝင်မှု ရာခိုင်နှုန်းများရင်ငံမယ်၊ pH မြင့်မယ်။ ++ ion ပါဝင်မှု ရာခိုင်နှုန်းများရင် pH နိမ့်လာပါလိမ့်မယ်။ ++ion တွေများတဲ့မြေကို ++ion ပါတဲ့ မြေသြဇာ သုံးစွဲမှုများလာလေ pH ကျလာလေ အပင်အတွက် ပတ်ဝန်းကျင်မှာ မြေသြဇာရှိပြီး အပင်မစားရ မြေဆီလွှာ ညံလေဖြစ်မယ်။ --ion များတဲ့မြေမှာလည်း --ion ပါတဲ့ မြေသြဇာ သုံးစွဲမှုများလာလေ pH မြင့်လာလေ အပင်အတွက် ပတ်ဝန်းကျင်မှာ မြေသြဇာရှိပြီး အပင်မစားရ မြေဆီလွှာ ငန်လာလေပေါ့ဗျာ။
တွေးမိသမျှ
Khant Zaw Htet
                          kosoeit.blogspot.com

No comments:

Post a Comment