Friday, September 18, 2020

အကျိုးကျေးဇူးများတဲ့ ပန်းသီးရှာလကာရည်


ပန်းသီးရှာလကာရည်က ပြုလုပ်ရတာလွယ်ကူသလောက် အကျိုးကျေးဇူးများစွာရှိတာကို တွေ့ရပါတယ်။ ပန်းသီးရှာလကာရည်ကို အပြင်မှာ ဈေးကြီးပေးဝယ်နေစရာမလိုပဲ  အိမ်မှာ ကိုယ်တိုင်လုပ်နိုင်အောင် လုပ်နည်လေး တင်ပေးလိုက်ပါတယ်။  ပထမဦးစွာ ပန်းသီးရှာလကာရည်ရဲ့ အသုံး ဝင်မှုများစွာကို ပြောပြပေးမယ်နော်။

    • ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို ပန်းသီးရှာလကာရည်နဲ့ ဆေးခြင်းဖြင့် ဓာတုဆေးအကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ထို့ပြင် အစားအစာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

    • ပေါင်းပင်ကို ရေမရောထားတဲ့ ပန်းသီးရှာလကာရည်နဲ့လောင်းကာ ကိုယ်တိုင်လုပ် ပေါင်းသတ်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို ဆပ်ပြာနှင့် သံပုယိုရည်ရောခြင်းဖြင့် ပိုအားကောင်းတဲ့ ပေါင်းသတ်ဆေးကို ရရှိစေနိုင်ပါတယ်။

    • အင်းဆက်ပိုးမွှား ထောင်ချောက်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ (ပန်းသီးရှာလကာရည်ထဲသို့ ပန်းကန်ဆေးဆပ်ပြာ အနည်းငယ်ထည့်၍ ပြုလုပ်နိုင်ပါတယ်။)

    • ကင်ဆာဆဲလ်တွေကို သတ်နိုင်တဲ့အတွက် ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့နည်းစေတယ်။ 

    • အစားအစာတွေကို ပိုမိုကြာရှည်ခံအောင် ပြုလုပ်ရာမှာလည်း အသုံးပြုတယ်။

    • ပန်းသီးရှာလကာရည်က သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို ကျဆင်းစေတယ်။

    • ပန်းသီးရှာလကာရည်ကို စားသုံးပေးခြင်းဖြင့် ဗိုက်ပြည့်တဲ့ခံစားချက်ကို ခံစားရစေကာ ဗိုက်အဆီနှင့် ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်တယ်လို့လည်း သိရပါတယ်။

    • ရေနဲ့ရောပြီးတော့ အနံ့အသက်ပျောက်တဲ့ ဖြန်းဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

    • ရေနဲ့ရောပြီး ပလုတ်ကျင်းပေးခြင်းဖြင့်  လည်ချောင်းနာရောဂါကို သက်သာစေနိုင်ပါတယ်။

    • အရေပြားပြဿနာတွေ ကုသဖို့ရန်နဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ရန်အတွက် ပန်းသီးရှာလကာရည်ကို toner (အလှကုန်ပစ္စည်းတစ်မျိုး)  အနေနဲ့အသုံးပြုနိုင်တယ်။ (ပြုလုပ်ဖို့ရန် ပန်းသီးရှာလကာရည်တစ်ဆကို ရေနှစ်ဆနဲ့ရောပြီး ဝါကွင်းဖတ်လေးနဲတို့ပြီး အသုံးပြုနိုင်ပါတယ်။ အထိအခိုက်မခံတဲ့ အသားအရည်မျိုးဆိုရင်တော့ ပျင်းအားပျော့သွားအောင် ရေကို ပိုထည့်ပြီး အသုံးပြုနိုင်ပါတယ်။)

    •  ဆံသားတွေ တောက်ပြောင်လှပဖို့အတွက်လဲ အသုံးပြုနိုင်ပါတယ်။ (ပန်းသီးရှာလကာရည် အနည်းငယ်ကို ရေနဲ့ရောပြီး ခေါင်းပေါ်သို့လောင်းကာ မိနစ်အနည်းငယ်ထားပြီးနောက် ရေပြန်ဆေးချခြင်းဖြင့် တောက်ပတဲ့ဆံနွယ်လေးကို ပိုင်ဆိုင်နိုင်ပါတယ်။)

ပန်းသီးရှာလကာရည်ပြုလုပ်နည်း

    • ပန်းသီးနှစ်လုံးကို ရေဆေးသန့်စင်ပြီး အစိပ်လေးတွေစိပ်ထားပါ။ အခွံနွာစရာမလိုပါ။

    • ဇလုံတစ်ခုထဲသို့ ဆား လက်ဖက်ရည်ဇွန်း(၁)ဇွန်းကို ရေဖြင့်ဖျော်ကာ ထိုရေထဲသို့ ပန်းသီးအစိတ်လေးတွေကို (၅) မိနစ်ခန့်စိမ်ထားပါ။ ထို့နောက် ပန်းသီးအစိတ်လေးတွေကို ဆားရေပြောင်တဲ့အထိ ရေပြန်ဆေးချပါ။

    • အဝကျယ်ပုလင်းထဲသို့ ပန်းသီးစိတ်တွေကိုထည့်ပြီး သကြား လက်ဖက်ရည်ဇွန်း (၉) ဇွန်း ထည့်ပါ။ ပန်းသီးစိတ်တစ်လွှာ သကြားတစ်လွှာ ထည့်ပေးလျှင် ပိုကောင်းပါသည်။

    • ပန်းသီးစိတ်ထည့်ထားသော ပုလင်းထဲသို့ ရှာလကာရည်အဖြူကို လက်ဖက်ရည်ဇွန်း (၂) ဇွန်းထည့်ပေးပါ။

    • ထိုပုလင်းထဲသို့ ရေကို ပန်းသီးစိတ်တွေမြုပ်တဲ့အထိ ထည့်ပေးပါ။ ထို့နောက် ပုလင်းဝကို အဝတ်စထူထူဖြင့် ပိတ်ပြီး ကြိုးဖြင့်စည်းနှောင်၍ နွေးပြီးမှောင်သောနေရာတွင် ပုလင်းကို (၂)ပတ်ကြာ သိမ်းဆည်းထားပါ။

    • (၂) ပတ် ပြည့်သောအခါ အမြှုပ်ထနေသော ပန်းသီးစိတ်တွေကိုဖယ်၊ အရည်သီးသန့် စစ်ယူပြီး  အခြားပုလင်းထဲသို့်ထည့်ကာ အဝတ်စထူထူဖြင့် အရင်လိုပြန်ပိတ်ပြီး နောက်ထပ် (၄) ပတ်မှ (၆) ပတ်ထိ ပြန်လည်သိမ်းဆည်းရပါမယ်။ ပြီးလျှင်တော့ လိုသလိုအသုံးပြုလို့ရတဲ့ ပန်းသီးရှာလကာရည်စစ်စစ်ကို ရရှိပြီဖြစ်ပါတယ်။

ဝတ်မှုံသင်း

 

Ref: https://www.healthline.com/nutrition/apple-cider-vinegar-uses#section1

      

 

Thursday, September 17, 2020

ချဉ်ပေါင်ဖျော်ရည် ပြုလုပ်နည်း


ဒီတစ်ခါတော့ ရိုးရှင်းလွယ်ကူပြီး အရသာအရမ်းရှိတဲ့ ချဉ်ပေါင်ဖျော်ရည်လုပ်နည်း ကို ပြောပြချင်ပါတယ်။

၁။ ချဉ်ပေါင်ဖူးတွေကို ရေစင်စင်ဆေးပါ။ တစ်ချို့တွေက ချဉ်ပေါင်ဖူးရဲ့ ပွင့်ဖတ်တွေကို ခွါပြီးမှ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ Green Way ရဲ့အတွေ့အကြုံအရ အရောင်နဲ့ အရသာက အဖူးလိုက် ပြုတ်တာလောက် မကောင်းပါဘူး။ စမ်းကြည့်စေချင်ပါတယ်။

၂။ ပြီးရင် မီးဖိုပေါ်မှာ ရေနည်းနည်းလေးနဲ့ ကျိုပါ။

၃။ ချဉ်ပေါင်တွေကို ရေများများနဲ့ကျိုရင် မီးကုန်တဲ့အပြင် ကျိုရတာလည်း အချိန်ကြာတာကြောင့် ရေနည်းနည်းနဲ့ပဲ ကျိုပါ။ ကျိုနေတုန်းမှာ ချဉ်ပေါင်ဖူးက ပွင့်ဖတ်နဲ့ အထဲက အစေ့ဖူးတို့ ကွာသွားအောင် ဖိပြီးမွှေပေးပါ။

၄။ တစ်ဖြည်းဖြည်းနဲ့ ချဉ်ပေါင်ဖူးက ပွင့်ဖတ်တွေကွာသွားတဲ့အပြင် အရောင်ပါ ထွက်လာပါလိမ့်မယ်။

၅။ ၁၀ မိနစ်လောက်ကြာတဲ့အခါ အမြှပ်ထွက်လာတဲ့ အနေအထားကို ရောက်ပါပြီ။

၆။ အရည်တွေဟာ တစ်ဖြည်းဖြည်း ပျစ်လာပါပြီ။ အဆက်မပြတ်မွှေပေးနေပါ။

၇။ အခုဆို အသီးနဲ့ ပွင့်ဖတ်တွေ သီးခြားဆီဖြစ်သွားပါပြီ။

၈။ အသီးနဲ့ ပွင့်ဖတ်နဲ့ကွာသွားတာသေခြာပြီဆိုရင် ရေထပ်ရောပေးလို့ရပါပြီ။ ရေပမာဏကတော့ ကိုယ်စိတ်ကြိုက်ထည့်လို့ရပါတယ်။ ပုံမှန်အားဖြင့်တော့             ချဉ်ပေါင် ၁ ကီလိုကို ရေ ၂ လီတာ လောက်ထည့်ပေးနိုင်ပါတယ်။

၉။ ရေထည့်ပြီးတဲ့အခါ ပွင့်ဖတ်တွေကွာသွားတဲ့ချဉ်ပေါင်ဖူးတွေကို ဖယ်ထုတ်ပစ်ရပါမယ်။ ပြီးရင် အခုလိုမျိုး ပွက်ပွက်ဆူပြီး အမြှပ်တွေထွက်လာတဲ့အထိ               တည်ပေးပါ။

၁၀။ ချဉ်ပေါင်ရည်ဆူလာတဲ့အခါ သကြားနဲ့ ဆား ထည့်ပေးလို့ရပါပြီ။ ပမာဏတွေကတော့ ကိုယ်လိုချင်တဲ့အရသာအတိုင်းထည့်ပေးလို့ ရပါတယ်။ တစ်ချို့တွေက အိုးကို မီးဖိုပေါ်ကချမှ သကြားထည့်တာမျိုးလဲရှိပါတယ်။ နှစ်မျိုးလုံး အဆင်ပြေပါတယ်။

၁၁။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာအတိုင်း ဖြစ်ပြီဆိုရင်တော့ အနည်စစ်ရပါမယ်။

၁၂။ အနည်စစ်တဲ့ဇကာနဲ့ စစ်ပြီးရင် ရလာတဲ့ အနည်ဖတ်တွေကို သကြားနဲ့ ဆားနဲ့ ပြန်ရောနယ်ပြီး မီးဖို ပေါ်မှာ ညောင်စေး ကျသည်အထိ ပြန်တည်လိုက်ရင်           ချဉ်ပေါင်ယို အခြောက် (သို့) ချဉ်ပေါင် တော်ဖီ ရပါတယ်။

၁၃။ အခုဆိုရင်တော့ အရသာရှိပြီး ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ချဉ်ပေါင်ဖျော်ရည်တစ်ခွက်ကို ရရှိပါပြီ။ အပူ ရော အအေးလိုပါ သောက်လို့ရတယ်နော်။

 

ချဉ်ပေါင်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လက်လှမ်းမီသလောက် နေပြည်တော် တိုင်းမ် မှ ကောက်နှုတ် တင်ပြပေး လိုက်ပါတယ်။

value added product

၁။ အူသိမ်၊ အူမတို့ကို ကောင်းကျိုးပြုပါသည်။

၂။ချဉ်ပေါင်ရွက်ထဲတွင် hydroxy နှင့် amino အက်ဆစ်များကြွယ်ဝစွာပါရှိသောကြောင့် ဆီးအား ကောင်းစေပါသည်။ ဆီးရွှင်၍ ဝမ်းကိုလဲ သက်စေပါသည်။

၃။Vitamin C နှင့် သတ္တုဓာတ်တို့အမြောက်အများပါရှိသောကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ကိုကျန်းမာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကိုနုပျိုစေ ခြင်း၊ ကင်ဆာရောဂါများ ဖြစ်နိုင်ချေအလားအလာနည်းပါးစေနိုင်ခြင်း၊ အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်းတို့မှလဲ ကာကွယ်ပေးခြင်း...စသည်ဖြင့် ကောင်းကျိုးပြုပါသည်။

၄။ Calcium ဓာတ် အမြောက်အများ ပါရှိသောကြောင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြောအဖွဲ့အစည်းများနှင့်ကြွက်သားများ ဖွဲ့စည်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်းမှကာကွယ်ပေးခြင်း၊ ခြေလက်များတဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့ကိုသက်သာပျောက်ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း.. စသည်ဖြင့် ကောင်းကျိုးပြုပါသည်။

၅။ချဉ်ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကိုသက်သာပျောက်ကင်းစေပါသည်။ လူကိုလန်းဆန်းစေနိုင် ပါသည်။

၆။ကိုယ်အလေးချိန်ကျစေပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါသည်။ ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလဲ ဟန့် တားကာကွယ်ပေးနိုင်ပါသည်။

၇။ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါသည်။

 

သတိပြုရန်။

• သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ သွေးပေါင်ချိန်တက်နိုင်ပါသည်။

• ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များ နှင့်လည်းမသင့် တော်ပါ။

Tuesday, September 15, 2020

“အလွယ်ကူဆုံး တစေးပြုလုပ်နည်း”

 

တစေးဆိုတာ ဘီယာချက်လုပ်ခြင်း လုပ်ငန်းတွေကနေ ပေါင်မုန့်ဖုတ်တဲ့ လုပ်ငန်းစဉ်ထိ သုံးလို့ရတဲ့ပစ္စည်းလို့ ကျွန်မတို့တွေသိကြပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကို အိမ်မှာတင် ပြုလုပ်လို့ရတယ်ဆိုတာကိုတော့ ကျွန်မတို့မသိကြသေးပါဘူး။

ကဲ...လေ့လာကြည့်ကြရအောင်ပါ။ သစ်သီးတစ်မျိုးမျိုး၊ ဒါမှမဟုတ် ဟင်းရွက်တစ်ခုခုကို ရေစိမ်ပြီး အချဉ်ဖောက်တဲ့ ဖြစ်စဉ်ပါ။ တစေးဆိုတာ ဆဲလ်တစ်ခုတည်းပါတဲ့ မှိုတစ်မျိုးဖြစ်တဲ့အတွက်မွေးမြူရတဲ့ဖြစ်စဉ်ပါ။ 

၁။ ဖန်ပုလင်းရဲ့ လေးပုံတစ်ပုံလောက်ထိ ရေထည့်လိုက်ပါ။ ရေထည့်ပြီးပြီဆိုရင်တော့ အသီးတစ်ခု ဒါမှမဟုတ် ဟင်းရွက်ကိုလည်း သုံးလို့ရပါတယ်။ ကိုယ့်ဒေသမှာပေါတာကို သုံးလို့ရပါတယ်။ ကျမတို့တောင်သူတွေအနေနဲ့ နွေရာသီမှာ လှိုင်လှိုင်ပေါတဲ့ ဇီးသီးလိုမျိုး အသီးအနှံတွေသုံးလို့ရပါတယ်။ ဂေါ်ဖီထုပ်လို ဟင်းရွက်တွေလည်း အသုံးပြုလို့ရပေမယ့် အရည်စိမ်တဲ့အတွက် ထွက်လာတဲ့အနံ့က ဆိုးပါတယ်။ဒါကြောင့် စပျစ်သီး၊ နာနတ်သီး၊ ပန်းသီး၊ ဇီးသီး စတဲ့အသီးတွေကတော့ အဆင်အပြေဆုံးဖြစ်မှာပါ။

ဒါ့အပြင် အသုံးပြုတဲ့ဖန်ဘူးတွေကလည်း သန့်နေဖို့လိုပါတယ်။ ဒါကြောင့် အသုံးမပြုခင်မှာ ရေနွေးနဲ့ပြုတ်တာမျိုးတွေ လုပ်သင့်ပါတယ်။ လတ်ဆတ်ပြီး ရောဂါကင်းတဲ့အသီးအနှံတွေဖြစ်ဖို့လည်း လိုပါတယ်ရှင့်။

၂။ ဖန်ပုလင်းရဲ့လေးပုံတစ်ပုံထိ ရေထည့်ပြီးတဲ့အခါ အသီးတွေထည့်လိုက်ပါ။ အသီးထည့်ပြီးချိန်မှာ ရေမျက်နှာပြင် မြင့်တက်သွားပုံကိုကြည့်ပြီး ဖန်ပုလင်းရဲ့တစ်ဝက်လောက်ထိ အသီးတွေထပ်ထည့်ပါ။ ရေမျက်နှာပြင်ကိုတော့ ဖန်ပုလင်းရဲ့လေးပုံပုံတစ်ပုံလောက် ချန်ထားပါ။

၃။ ပြီးရင်တော့ အဖုံးကိုသေချာဖုံးပြီး အခန်းအပူချိန်မှာပဲ သိမ်းထားလိုက်ပါ။ နောက်တစ်နေ့ရောက်တဲ့အခါ ပုလင်းကို အနည်းငယ်လှုပ်ပေးပါ။ အဖုံးဖွင့်ကြည့်တဲ့အခါ လေပူဖောင်းလေးတွေ အပေါ်ကိုတက်လာနေတာ တွေ့ ရမှာဖြစ်ပါတယ်။ တစ်ချို့အသီးတွေက ရေမျက်နှာပြင်အပေါ်ကို တက်နေတာကိုလည်းတွေ့ရပါမယ်။

(၃)ရက်မြောက်နေ့မှာဆိုရင်တော့ အသီးတွေအကုန်လုံး အပေါ်မှာပေါလောပေါ် နေမှာဖြစ်ပါ တယ်။ အဖြူရောင် အလွှာလေးတစ်လွှာကိုလည်း မြင်နေရမှာဖြစ်ပါတယ်။ ဒီအလွှာလေး နေရာအနှံရောက်အောင် ပုလင်းကို လှုပ်ပေး ရအုံးမှာပါ။ အဖုံးဖွင့်လိုက်မယ်ဆိုရင်တော့ အရမ်းကြပ်နေပြီး ဂက်စ်ထွက်နေတဲ့အသံတွေ ကြားရမှာပါ။ ပူတဲ့ရာသီ မှာဆိုရင်တော့ (၃) ရက်နေရင်ရပါပြီ။ ရာသီဥတု အနည်းငယ်အေးမယ်ဆိုရင်တော့ (၇)ရက်ထိ ထားသင့်ပါတယ်။

၄။ ရရှိလာတဲ့အသီးစိမ်ရည်ကို အရည်တွေပဲ စစ်ယူပါ။ ရလာတဲ့အရည်ကို ဂျုံမှုန့်နဲ့ရောပြီးထားရမှာပါ။

၅။ ဖန်ပုလင်းသန့်သန့်ထဲမှာ အသီးစိမ်ရည်နဲ့ ဂျုံမှုန့်ကို ရောမွှေပါ။ အရောအနှောကို ပုလင်းရဲ့လေးပုံတစ်ပုံ လောက်ပဲထည့်ပါ။ နာရီပိုင်းအတွင်းမှာ ပွလာတာကို တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ အသုံးပြုတဲ့ အသီးပေါ် မူတည်ပြီး ပွလာတဲ့နှုန်းက ကွာမှာဖြစ်ပါတယ်ရှင့်။ ပွလာတဲ့အသီးဖျော်ရည်နဲ့ ဂျုံမှုန့်အရောအနှောကိုတော့ တစေးအဖြစ် အသုံးပြုလို့ရပါပြီရှင့်။ တစေးထုတ်လုပ်တဲ့နည်း အမျိုးမျိုးရှိတဲ့အထဲကမှ ကုန်ကျစရိတ်သက်သာမယ့် နည်းလမ်းကို ရွေးချယ်ဖော်ပြခြင်းဖြစ်ပါတယ်။ တစေးကို ဂျုံမှုန့်တွေနဲ့ရောနယ်ပြီး ပေါင်မုန့်ဖုတ်စားလို့ရသလို ဝိုင်ချက်လုပ်တဲ့အခါ လိုအပ်တဲ့ ဓာတ်ကူပစ္စည်းအဖြစ်  အိမ်တွင်းမှာပဲ ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း သတင်းပါးလိုက်ရပါတယ်ရှင့်။

ကဲ...ဒီလိုဆိုရင်တော့ အသီးအနှံပေါတဲ့အချိန်တွေမှာ တန်ဖိုးမြင့်ထုတ်ကုန်တွေလုပ်မယ်ဆို ဝယ်ရခက်တဲ့တစေးကို အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်ရှင့်။

သိမ့်ဇာ

Wednesday, September 9, 2020

Desktop မှာ ယူနီကုဒ် ပြောင်းပြီး Zawgyi ကော၊ Unicode ပါ ဆက်သုံးနည်

 


ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းဖို့ ကြိုးစားခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်ကြာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို အကြိမ်ကြိမ်ပြောင်းဖို့ ကြိုးစားခဲ့တာ ဒီတစ်ခေါက်ကတော့ အောင်မြင်မှု အရှိဆုံးပါပဲ။ ဒီလိုအောင်မြင်ခဲ့တာ Facebook က Facebook app မှာ Zawgyi, Uni နှစ်မျိုးလုံးဖတ်နိုင်အောင်လုပ်ပေးလို့ အခက်အခဲမရှိ ပြောင်းနိုင်ကြတာရယ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တိုက်တွန်းစကားကြောင့်ရယ်လို့ ဆိုရင် မမှားပါဘူး။

Facebook မှာတော့ ယူနီကုဒ်ပြောင်းနည်းတွေက ဖုန်းတွေအတွက်တော့ ပေါပေါများများပါပဲ၊ ဒါပေမယ့် Desktop အတွက် ပြောင်းဖို့နည်းလမ်းကိုတော့ မတွေ့မိသေးပါဘူး။ ဒါကြောင့် ရုံးတွေ၊ ရုံးတွေမှာ ယူနီကုဒ်ပြောင်းဖို့ အခက်တွေ့နေကြမှာစိုးလို့ ဒီနည်းလမ်းလေးကို Myanmar Web Designer (MWD) Co., Ltd. က မျှဝေလိုက်ရတာပါ။

Desktop မှာ Unicode ရေးနိုင်၊ ဖတ်နိုင်ဖို့အတွက် အောက်ပါနည်းလမ်းအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ⬇⬇

➡ Zawgyi install လုပ်ထားတာရှိရင် Remove (သို့) Uninstall ပြုလုပ်ပါ။ (ဆယ်စုနှစ်တစ်ခုကျော် အင်တာနက်မှာ မြန်မာစာ အသုံးပြုခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် ဇော်ဂျီရေ)

➡ ယူနီကုဒ်ရေးဖို့ keyboard လိုပါတယ်၊ ဖတ်ဖို့အတွက် font လိုပါတယ်။ ဒါပေမယ့် software တစ်ခု download လုပ်ပြီး install လုပ်လိုက်ရုံနဲ့ ဒီ ၂ခုလုံးအဆင်ပြေပါတယ်။ http://www.unicodetoday.org/downlo…/All-in-One-Setup-5.2.exe ကို download လုပ်ပြီးတော့ install လုပ်လိုက်ပါ။ အောက်မှာဆက်ပြောတာတွေနဲ့ တူဖို့အတွက် ဘာ setting မှ အထူးတလည်မပြောင်းပါနဲ့။ Next တွေပဲနှိပ်သွားပါ။

➡ Install လုပ်ပြီးရင်တော့ keyboard အတွက် Pyidaungsu MM, ဇတ်ကုဒ် (ဇော်ကုဒ်), my-Win 2.3.0 Unicode 5.2, မြန်စံ (Smart), ဇော်ဂျီ ဆိုပြီး Keyboard (၅)မျိုး ပါပါတယ်။
Install လုပ်လိုက်ပြီဆိုရင်တော့ ရင်းနှီးပြီးသား Zawgyi လက်ကွက်နဲ့ပဲ Zawgyi ကော Unicode ပါ ရိုက်နိုင်မှာဖြစ်ပါတယ်။ အပေါ်မှာပါတဲ့ Keyboard (၅) မျိုးထဲက Unicode ရိုက်ဖို့ဆိုရင် ဇတ်ကုဒ် (ဇော်ကုဒ်) ကိုရွေးပါ။ Zawgyi ရိုက်ဖို့ဆိုရင် ဇော်ဂျီ ကိုရွေးပြီး ရိုက်ရုံပါပဲ။ Keyboard shortcut နဲ့ရွေးမယ်ဆိုရင်တော့

Ctrl + Shift
————–
အရင်ကလိုပဲ အင်္ဂလိပ်နဲ့ မြန်မာစာ အပြန်အလှန်ပြောင်းဖို့ သုံးရတဲ့ shortcut ပါ။

Ctrl + Space
—————-
ပါဝင်တဲ့ Keyboard (၅) မျိုးလုံးကို ရွေးချယ်အသုံးပြုနိုင်မှာပါ။ Keymagic မှာဆိုရင် Keyboard (၅)မျိုးတောင် ပါဝင်တာမို့ ကိုယ်မလိုအပ်တဲ့ Keyboard များကို Remove ပြုလုပ်ထားလို့ရပါတယ်။ Remove လုပ်ထားတဲ့အခါ keyboard ပြောင်းရင် Ctrl + Space ခဏခဏနှိပ်ဖို့မလိုတော့ဘူးပေါ့။

အထက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ ယူနီကုဒ်စနစ်ကြီးကို မြန်မာတစ်နိုင်ငံလုံး အသုံးပြုနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
ဒီ post ကိုဖုန်းနဲ့ဖတ်နေတာဆိုရင် computer ရှေ့ရောက်တဲ့အခါ ပြန်ကြည့်ဖို့ share လုပ်ထားလိုက်ပါ။

PC မှာ ယူနီကုဒ်မပြောင်းဖြစ်သေးတဲ့သူတွေ သင့် Friend ထဲမှာ ရှိနေမယ်ဆိုရင်လည်း Share ပေးဖို့ မမေ့နဲ့နော်။

Tuesday, September 8, 2020

ဖုန်းဘက်ထရီအကုန်မြန်နေလို့ စိတ်ညစ်နေလား



ဖုန်း ဘက်ထရီအားကို ကြာရှည်ခံစေမယ့် နည်းလမ်း(၁၁)ကို ဖော်ပြလိုက်ပါတယ်။
၁။ ဘက်ထရီအား လုံးဝကုန်သွားတဲ့အထိမသုံးပါနဲ့။ အပြည့်လည်း မသွင်းပါနဲ့။
အခုခေတ်ပေါ်ဖုန်းတွေက Lithium Ion ဘက်ထရီတွေကို အသုံးပြုထားပါတယ်။
ဒီဘက်ထရီတွေက အားကို (၁၀၀)ရာခိုင်နှုန်းအပြည့်သွင်းဖို့ မလိုသလို့ လုံးဝကုန်သွားတဲ့အထိလည်း သုံးလို့မကောင်းပါဘူး။ ဖုန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဘက်ထရီအား အနည်းဆုံး (၂၀)ရာခိုင်နှုန်းလောက်အထိပဲ သုံးပြီး (၉၀)ရာခိုင်နှုန်းလောက်အထိပဲ အားသွင်းပါ။
၂။ အားသွင်းနေစဉ် ဖုန်းမသုံးပါနဲ့။ ဖုန်းအားသွင်းကြိုးတွေ ဘာကြောင့်တိုတာလဲ
စဉ်းစားဖူးပါလား။ ဖုန်းထုတ်လုပ်သူတွေက အားသွင်းနေတုန်း ဖုန်းကို မသုံးစေချင်လို့ဖြစ်ပါတယ်။ ဒီလိုအသုံးပြုမယ်ဆိုရင် ဖုန်းရဲ့အားသွင်းစနစ်ကို ထိခိုက်စေပြီး ဘက်ထရီသက်တမ်းလျော့သွားစေပါတယ်။ ဖုန်းတွေရဲ့ဘက်ထရီဟာ သတ်မှတ်ထားတဲ့ အကြိမ်ရေသက်တမ်း ပြည့်အောင် အသုံးပြုပြီးသွားရင် အသစ်လဲပေးဖို့လိုပါတယ်။

၃။ အလင်းအမှောင် အလိုအလျောက်ချိန်ညှိစနစ်ကို မသုံးပါနဲ့။
သင့်ဖုန်းရဲ့ AMOLED မျက်နှာပြင်ဟာ ဘက်ထရီအစားဆုံးဖြစ်ပါတယ်။
Auto brightness စနစ်ကို သုံးတာက ဘက်ထရီအားကို အကုန်မြန်စေပါတယ်။
လိုအပ်ရင် လိုအပ်သလောက် အလင်းအမှောင်ကို ကိုယ်တိုင် ချိန်ညှိပေးတာ
အကောင်းဆုံးဖြစ်ပါတယ်။
၎။ Vibrate နဲ့ အခြားအသံထွက်စနစ်တွေ ပိတ်ထားပါ။
သင့်ဖုန်းရဲ့ Vibrate တုန်ခါမှုက ရေရှည်မှာကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ
သာမက ဘက်ထရီလည်း အရမ်းစားပါတယ်။ ဒါ့အပြင် ခလုပ်နှိပ်ရင် အသံမြည်
အောင်လုပ်ထားတာတို့လိုမျိုး စနစ်တွေကလည်း သုံးရတာ ဘက်ထရီကုန်တာ
ကလွဲပြီး အခြားအကျိုးမရှိပါဘူး။
၅။ အခြားအမျိုးအစား အားသွင်ကြိုးနဲ့ ဘက်ထရီတွေ ၀ယ်မသုံးပါနဲ့။
အမျိုးအစားမတူတဲ့ အားသွင်းကြိုးတွေ၊ ဘက်ထရီတွေက သင့်ရဲ့ဖုန်း အားသွင်း
စနစ်နဲ့ ကိုက်ညီမှာမဟုတ်တာ အသေအချာပါပဲ။ သက်ဆိုင်ရာအမျိုးအစားရဲ့
အော်ရီဂျင်နယ်တွေကိုပဲ သုံးပါ။
၆။ GPS၊ Wi-Fi နဲ့ Bluetooth တွေကို မသုံးရင်ပိတ်ထားပါ။
ဒီဟာတွေက အချိန်တိုင်းဖွင့်ထားဖို့ မလိုအပ်ပါဘူး။ သူတို့ကို ပိတ်ထားရုံနဲ့ ဘက်
ထရီကို ချွေတာနိုင်ပြီး ဖုန်းရဲ့ လုပ်ငန်းဆောင်တာတွေလည်း ပိုကောင်းစေပါတယ်။
ဒီစနစ်တွေက ဖုန်းကို လေးစေတာကြောင့် လိုအပ်မှသာ ဖွင့်သုံးပါ။
၇။ မျက်နှာပြင်အလိုအလျောက်ပိတ်သွားချိန်(Screen timeout)ကို နည်း
နည်းပဲထားပါ။ လေ့လာမှုတွေအရ သာမန်လူတစ်ယောက်ဟာ သူ့ရဲ့စမတ်ဖုန်း
ကို တစ်နေ့မှာအကြိမ်(၁၅၀)လောက် ဖွင့်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် Screen Timeout ကို အချိန်နည်းနည်းပဲ သတ်မှတ်ထားရင်
ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ (၁၅)
စက္ကန့်လောက်ပဲ ထားပါ။
၈။ App တွေကို Wi-Fi သုံးပြီး မကြာခဏ Update လုပ်ပေးပါ။
စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ App တော်တော်များများက လစဉ် update လုပ်ပေး
ဖို့လုပ်ပေးမယ်ဆိုရင် ဘက်ထရီအား နည်းနည်းပဲသုံးပြီး အလုပ်လုပ်နေမှာဖြစ်ပါတယ်။ Update မဖြစ်တဲ့ Apps အဟောင်းတွေကတော့ သင့်ဖုန်းရဲ့ RAM နဲ့ ဘက်ထရီကို
သုံးဖြုန်းပစ်မှာပါ။
၉။ Auto-Sync စနစ်ကိုလည်း လိုအပ်မှသုံးပါ။ သင့်ရဲ့ e-mail တွေကို မကြာခဏ
update ဖြစ်ဖို့ လိုတယ်ဆိုမှ Auto-Sync စနစ်ကို သုံးပါ။ Auto-Sync စနစ်မလိုအပ်
တဲ့ အခြား e-mail Apps တွေ ရှိပါတယ်။ သူတို့ကိုသုံးလည်းဖြစ်ပါတယ်။
၁၀။ ဖုန်းခေါ်မယ်ဆိုရင် လိုင်းဆွဲအားကောင်းမကောင်းစစ်ဆေးပါ။ ဖုန်းလိုင်းသိပ်
မမိတာမျိုးက သင့်ဖုန်းရဲ့ဘက်ထရီအားကို ပိုသုံးပြီး လိုင်းရှာရစေပါတယ်။
ဒါ့ကြောင့် လိုင်းသေချာမိတဲ့ နေရာမျိုးက ဖုန်းခေါ်တာတို့၊ လိုင်းမမိတဲ့နေရာမျိုးမှာ
Airplane mode လုပ်ထားတာမျိုးက ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။
၁၁။ မလိုအပ်ပဲ process တွေကို ရှင်းလင်းပါ စမတ်ဖုန်းတွေမှာ မလိုအပ်
ပဲ နောက်ကွယ်မှာအလုပ်လုပ်နေတတ်တဲ့ processes တွေနဲ့ App တွေရှိတတ်
ပါတယ်။ ဒီဟာတွေကို Setting > Apps ထဲမှာသွားပြီး Force stop လုပ်ပြီး
ရှင်းပစ်လိုက်လို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီ processes တွေရှင်းတဲ့
Apps တစ်ခုခုသုံးနိုင်ပါတယ်။
လေးစားစွာဖြင့်
Credit (အိုင်တီလမ်းညွှန်)

 

Monday, September 7, 2020

Samsung,Oppo,Vivo,Huawei ,Xiaomiဖုန်းအားလုံးကိုမြန်မာယူနီကုဒ်ထည့်သွင်းနိုင်မယ့် ဆော့ဝဲ

 



Samsung,Oppo,Vivo,Huawei ,Xiaomiဖုန်းအားလုံးကိုမြန်မာယူနီကုဒ်ထည့်သွင်းနိုင်မယ့် ဆော့ဝဲဒီတစ်ခါတော့ ဖုန်း Model အနိမ့်/အမြင့် အားလုံးကို လွယ်ကူစွာထည့်သွင်းနိုင်ပါတယ်။ထည့်သွင်းနည်း၊အသုံးပြုနည်း များကိုလည်း Modelအလိုက်ပြပေးထားပါတယ်။Unicode အဆင်ပြေသေးသူများဒေါင်းပြီး လုပ်ကြည့်ကြပါနော်။








ဆော့ဝဲဒေါင်းယူရန် - 

 
Credit: Developer

Sunday, September 6, 2020

iOS 8.1.2 & 8.1.3 Firmware များအားတစ်နေရာတည်းမှာ ရယူနိုင်ပါပြီ (Official)


မင်္ဂလာပါ
ကျနော် Android Device ဘက်ကိုနယ်ကျွန်လာခဲ့တာကြပါပြီ
iOS Device ဘက်ကို မလှည်ဖြစ်ဘူးဖြစ်နေတယ်
မြန်မာစာအတွက်လည်း အခက်ကြီးမဟုတ်တော့
သိပ်မတင်ဖြစ်တာပါ၊ ဒီနေ့တော့ သတိရတုန်းလေး
 iOS 8.1.2 & 8.1.3 Firmware များအားတစ်နေရာတည်းမှာ
ဒေါင်းလော့ရယူနိုင်အောင် အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

iOS 8.1.3 for iPhone, iPad and iPod touch
  • Download iOS 8.1.3 For iPad Air 2 (WiFi)
  • Download iOS 8.1.3 For iPad Air 2 (WiFi + Cellular)
  • Download iOS 8.1.3 For iPad Air (WiFi + Cellular)
  • Download iOS 8.1.3 For iPad Air (WiFi)
  • Download iOS 8.1.3 For iPad Air (CDMA)
  • Download iOS 8.1.3 For iPad 4 (CDMA)
  • Download iOS 8.1.3 For iPad 4 (GSM)
  • Download iOS 8.1.3 For iPad 4 (WiFi)
  • Download iOS 8.1.3 For iPad mini (CDMA)
  • Download iOS 8.1.3 For iPad mini (GSM)
  • Download iOS 8.1.3 For iPad mini (WiFi)
  • Download iOS 8.1.3 For iPad mini 2 (WiFi + Cellular)
  • Download iOS 8.1.3 For iPad mini 2 (WiFi)
  • Download iOS 8.1.3 For iPad mini 2 (CDMA)
  • Download iOS 8.1.3 For iPad mini 3 (WiFi)
  • Download iOS 8.1.3 For iPad mini 3 (WiFi + Cellular)
  • Download iOS 8.1.3 For iPad 3 Wi-Fi
  • Download iOS 8.1.3 For iPad 3 Wi-Fi + Cellular (GSM)
  • Download iOS 8.1.3 For iPad 3 Wi-Fi + Cellular (CDMA)
  • Download iOS 8.1.3 For iPad 2 Wi-Fi (Rev A)
  • Download iOS 8.1.3 For iPad 2 Wi-Fi
  • Download iOS 8.1.3 For iPad 2 Wi-Fi + 3G (GSM)
  • Download iOS 8.1.3 For iPad 2 Wi-Fi + 3G (CDMA)
  • Download iOS 8.1.3 For iPhone 5 (CDMA)
  • Download iOS 8.1.3 For iPhone 5 (GSM)
  • Download iOS 8.1.3 For iPhone 5c (CDMA)
  • Download iOS 8.1.3 For iPhone 5c (GSM)
  • Download iOS 8.1.2 For iPhone 5s (CDMA)
  • Download iOS 8.1.2 For iPhone 5s (GSM)
  • Download iOS 8.1.2 For iPhone 6
  • Download iOS 8.1.2 For iPhone 6 Plus
  • Download iOS 8.1.2 For iPhone 4s
  • Download iOS 8.1.2 For iPod touch 5G
 တစ်ချက်ကလစ်တာနဲ့ ဒေါင်းလော့လင့်များ
ကျလာမှာဖြစ်ပါတယ်။

iOS 8.1.2 for iPhone, iPad and iPod touch

တစ်ချက်နှိပ်လိုက်ရင် ဒေါင်းလော့လင့်များ
ကျလာမှာဖြစ်ပါတယ်။

တကယ်လို့ မဒေါင်းတတ်သေးရင်တော့
အောက်ကပုံလေးအတိုင်းဒေါင်းလော့ယူပါ

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

                                            kosoeit.blogspot.com