Tuesday, March 14, 2023

သွားတိုက်ဆေး

တွေဝါးပြီးကွမ်းကျိုးတွေများနေတဲသူတွေအတွက်ကျွန်တော်တိုပန်းရောင်မိသားစုဆိုင်မုဂျပန်နိုင်ငံထုတ်CONFIDENTသွားတိုက်ဆေးလေကိုမိတ်ဆက်ပေးလိုက်ပါတယ် ကျွန်တော်ကိုယ်တိုင်သုံးကြည့်တာတကယ်ကောင်းလိုပါ

Friday, March 3, 2023

Droprich Application

မင်္ဂလာပါ အခွင့်အလမ်းကောင်းတစ်ခုနဲမိတ်ဆက်ပေးချင်ပါတယ်
လက်ရှိအလုပ်ကနေ ထွက်စရာမလိုပဲ
စီးပွားရေးလုပ်လို့ရတဲ့အခွင့်အလမ်းတစ်ခုနဲ့
မိတ်ဆက်ပေးပါရစေ
✅1=ဈေးရောင်းစရာမလိုဘူးApplicationကြော်ညာပေးရမှာပါ
✅2=Orderကောက်စရာမလိုဘူးကိုကြော်ညာလိုက်တဲလင့်ကနေသူများတွေပစွည်းတခုဝယ်ရင်၂၅%ပေးပါတယ်
✅ 3=ပစွည်း‌‌တွေကတော
အလုအပနဲကျန်းမမာရေးအ‌ေထာက်အကူပြုပစွည်းတွေပါApplicationကိုအောက်ကလင့်မှာဒေါင်းနိုင်ပါတယ်မရရင်playstoreမှာdroprichလိုရေးပြီးဒေါင်းလိုရပါတယ်
စိတ်ဝင်စားပါက အ‌ေသးစိတ်‌cbမှာ‌ေမးလိုရပါတယ်https://app.droprich.co/registerlinks/?linkcode=yzAp6OXS7U  อาจเป็นรูปภาพของ โทรศัพท์

อาจเป็นรูปภาพของ 1 คน และ ข้อความ

Sunday, October 16, 2022

ဝက်အမျိုးအစားအလိုက် စပ်ရမည့် ဝက်စာအချိုးအစားများ

 


ဝက်စာရောစပ်ရာတွင် ဝက်များ၏ အသက်အရွယ်နှင့် လိုက်လျောညီထွေမှုရှိသည့် အာဟာရဓာတ် ပါဝင်မှုအချိုးကို ထည့်သွင်းစဉ်းစားရမည်။ ဝက်များ၏ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်း အဆီဓာတ်အစရှိသည့် ထုတ်လုပ်မှု စံနှုန်းများသည် အစာအာဟာရ ကျွေးမွေးပုံစနစ် အပေါ်များစွာ မူတည်လျက်ရှိပါသည်။

ဝက်များကို အာဟာရပြည့်စုံစွာ ပါဝင်သော အစားအစာများကို ဝလင်စွာ ကျွေးမွေးသည့်အခါ ကြီးထွားနှုန်းကောင်းမွန်ကြောင်း တွေ့ရသည်။ ထို့ကြောင့် အသားတိုး မွေးမြူသည့် ဝက်များကို အစာလုံလောက်စွာ ကျွေးမွေးပါက အရွယ်ရောက်ချိန် အသက် ၆ လသား အရွယ်တွင် ရောင်းတန်းဝင်သည့် အလေးချိန်ကို ရရှိမည်ဖြစ်ပါသည်။ အကယ်၍ ဝင်ငွေပိုရမည့် ထင်မြင်ယူဆချက်ဖြင့် ဆက်လက်မွေးမြူပါက မျှော်လင့်ချက်အတိုင်း ဖြစ်မလာဘဲ စီးပွားနစ်နာမှု ကြုံတွေ့ရမည်ဖြစ်သည်။

ဝက်များသည် နို့ခွဲချိန်မှ အရွယ်ရောက်ချိန်အထိ အစာ ၃ ပိဿာခွဲစားလျှင် အလေးချိန် ၁ ပိဿာတိုးပါသည်။ အရွဘ်ရောက်ပြီး နောက်ပိုင်း၌ ခန္ဓာကိုယ်အလေးချိန် ၁ ပိဿာ တိုးရန်အတွက် အစာ ၄ ပိဿာကုန်ပါသည်။ ထို့ကြောင့် အရွယ်ရောက်ပြီးနောက်ပိုင်းတွင် ခန္ဓာကိုယ် အလေးချိန် ၁ ပိဿာတိုးရန်အတွက် အစာ ၅၀ ကျပ်သားပိုကုန်ပါသည်။ ဤတွင် အစာဖိုးပိုကုန်သည် သာမက တိုးလာသော ခန္ဓာကိုယ်အလေးချိန်တွင် အဆီပါဝင်နှုန်းပိုများသည့်အတွက် ဝက်တစ်ကောင် လုံး ဈေးမှာလည်း ပုံမှန်ပေးသည့် အသားဈေးထက် လျော့နည်းရရှိပါသည်။

ဝက်စာစပ်ရန်ရောစပ်သည့်အချိုး

မှတ်ချက်။ အသားတိုးနှင့် မျိုးဝက်များကို အသီးအရွက်သစ်မြစ်သစ်ဥလိုသလောက်ကျွေးရန်

( တစ်နိုင်တစ်ပိုင် ဝက်မွေးမြူနည်းလမ်းညွှန်စာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှာ တစ်ပုဒ်ကိုကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

အခုလိုမျိုး 'တစ်နိုင်တစ်ပိုင် ဝက်မွေးမြူနည်းလမ်းညွှန်' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

 "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"

Thursday, June 2, 2022

တောင်သူများအတွက် အသုံးဝင်ပြီး ကုန်ကျစရိတ် သက်သာစေမည့် ဘော်ဒိုဆေးရည် ပြုလုပ်နည်း

 


08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဘော်ဒိုဆေးရည် ဖြစ်ပေါ်လာပုံ

     Bordeaux (ဘော်ဒို) ဆိုတဲ့ ဆိပ်ကမ်းမြို့တစ်မြို့မှာ စပျစ်တွေ အများကြီး စိုက်ပြီး ဝိုင်ပြုလုပ်ကြသတဲ့။ အဲဒီက ထွက်တဲ့ ဝိုင်တွေက နာမည်ကြီးလာတော့ အနီးအနားပတ်ဝန်းကျင်မှာလည်း စပျစ်ခင်းတွေချည်းပဲ ဖြစ်ကုန်ကြတယ်။ သီးနှံတစ်မျိုးတည်းကိုပဲ တစ်ကွင်းတစ်စပ် စိုက်ပျိုးခြင်း (Monoculture) ဟာ ဂေဟစနစ်ကို အခြေပျက်စေတဲ့အတွက် ပိုးမွှားရောဂါ ကပ်ဆိုးကျရောက်ဖို့ လွယ်ကူပါတယ်။ တစ်နှစ်ကျတော့ စပျစ်စိုက်ခင်းတွေမှာ ဒေါင်းနီး ရွက်ခြောက် ရောဂါ ကပ် ကျရောက်လာပါတော့တယ်။ ဒီအချိန်မှာ Uni Bordeaux (Bordeaux မြို့မှာရှိ) က ပါမောက္ခ Millardet က အဲဒီနယ်ကရောဂါကျနေတဲ့ စပျစ်ခြံတွေကို အသေးစိတ် သုတေသနလုပ်တော့ လမ်းနားနီးတဲ့စပျစ်ပင်တန်းတွေမှာ ရောဂါကျတာ မတွေ့ရပဲ စပျစ်သီးတွေရဲ့အရောင်ကထူးခြားနေလို့ ခြံရှင်ကို မေးတော့ လမ်းမှာ ဖြတ်သွားတဲ့သူတွေ ခူးမစားရဲအောင်ဒုတ္ထာနဲ့ ထုံး ရောပြီး ဖြန်းထားတာ လို့ ခြံရှင်ကပြောပါတယ်။ အဲဒီလိုနဲ့ဒုတ္ထာ ထုံး အရောက downy mildew ကိုနိုင်တာလို့ တွေ့လာတာပါ။ လယ်သမားတွေရဲ့ မစားရဲအောင် ပြုလုပ်ထားတဲ့ ခလုပ်တိုက် သုတေသနက တစ်ဆင့် တက္ကသိုလ် စမ်းသပ်ခန်းထဲထိ ရောက်သွားပြီး ဘော်ဒိုဆေးရည်က တိကျတဲ့ အညွှန်းတွေနဲ့ ဖော်ထုတ်နိုင်ခဲ့ပြီး အခုဆို တောင်သူတွေရဲ့ လက်ဆွဲ ဆေးစွမ်းကောင်း တစ်လက် ဖြစ်လာခဲ့ပါပြီ။

ဒီတော့ ဘော်ဒိုဆေးရည် ဖျော်စပ်ပုံအကြောင်းလေးကို ကြည့်ကြရအောင်လား။

ပါဝင်ပစ္စည်းများ

ဒုတ္တာ ၂၈ ကျပ်သား (၁ ပေါင်)

ထုံး   ၂၈ ကျပ်သား (၁ ပေါင်)

ရေ ၁၀ ဂါလံ (၁ ဂါလံ = ၁၀ ပေါင်)

ရောစပ်သည့် အချိုး

ဒုတ္ထာ ၁ ပေါင်- ထုံး ၁ ပေါင် - ရေ ၁၀၀ ပေါင်(၁၀ ဂါလံ)

၁ - ၁ - ၁၀၀ - ၂ %ဘော်ဒိုဆေးရည်

ဒီတော့

ဒုတ္တာ ၂၈ ကျပ်သား- ထုံး ၂၈ ကျပ်သား - ရေ၁၀ ဂါလံ

ဖျော်စပ်ပုံ

     ဒုတ္ထာ၂၈ ကျပ်သား ကိုရေ၅ဂါလံနှင့် ပုံးတစ်ပုံး တွင်ဖျော်ပါ ။နောက်ထပ် ပုံးတစ်ပုံးတွင် ထုံး ၂၈ ကျပ်သား ကိုရေ၅ဂါလံ တွင်ဖျော်ပါ။ ထိုသို့ဖျော်ပြီးနောက် ဖျော်ရည်နှစ်မျိုး ကိုပေါင်းစပ် လိုက်လျှင်ဘော်ဒိုဆေးရည် ရရှိ မည်ဖြစ်ပါ တယ် ။ဆေးရည်ကို ၂၄ နာရီ အတွင်း အသုံးပြုရမည်။ အချို့ စာအုပ်များတွင် တိုက်ရိုက်ရောစပ်ဖျော် ရန်ရေးထားတာ ကိုတွေ့ရပါတယ်။ သီးခြား ခွဲဖျော်ထားပါက လိုအပ်သည့် အချိန်တွင် လိုအပ်သလောက် စပ်ပြီး အသုံးပြုနိုင်သည့် အတွက်ဆေးရည် ဆုံးရှုံးလေလွင့်မှု သက်သာနိုင်တယ်။

     သတိပြုရန်မှာ သံ/သွပ်ပုံးများတွင် မဖျော်ရပါ။ သံ/သွပ်တို့နှင့် ဓာတ်ပြုသွားပြီး အာနိသင်သက်ရောက်မှု နည်းသွားမည် ။ဆေးရည် ကိုမွှေတဲ့နေရာမှာ လည်း သစ်သားဒုတ်၊ ပလပ်စတစ်ချောင်း တို့ဖြင့် သာမွှေပေးပါ။

ဘယ်လိုသုံးမလဲ

  • အပင်ကိုနှံစပ်အောင် ဖျန်းပေးပါ ။နေသာပြီးခြောက်သွေ့တဲ့ မနက်စောစောမှာဖြန်းနိုင်ရင်တော့ အကောင်းဆုံးပါ။
  • ဖျန်းနေစဉ် အတောတွင်း မှာ ဆေးပုံးထဲ ရှိဆေးရည်များ အနယ် ထိုင်မသွားအောင် တတ်နိုင်သလောက်လှုပ်ပေးပါ။
  • ရောစပ်ပြီး ၂၄ နာရီအတွင်း အသုံးပြုပါ။

ကာကွယ်နိုင်သည့်ရောဂါများ

  • ဘက်တီးရီးယားရွက်ခြောက်ရောဂါ
  • ဘက်တီးရီးယားပင်ညှိုးရောဂါ
  • မှိုပြောက်ရောဂါ
  • ဒေါင်းနီရွက်ခြောက်ရောဂါ
  • နှောင်းပင်နာကျရောဂါ
  • သံချေးရောဂါနှင့်
  • မှိုရောဂါများ

အခြားအသုံးပြုနိုင်သည့်နည်းလမ်းများ

ကိုင်းကူးကိုင်းဆက်ပြုလုပ်ပြီးပါက ကိုင်းဖြတ်ရာများကို သုတ်လိမ်းထားပါကရောဂါကူးဆက်ခြင်းမှ ကာကွယ်နိုင်သည်။ ကွမ်းမျိုးကိုင်းများ ကိုဘော်ဒိုဆေးရည် တွင်စိမ်ပေးခြင်းဖြင့် မှို၊ ဘက်တီးရီးယား ကူးဆက်ခြင်းမှ ကာကွယ်နိုင်သည်။

REF : Green Way သင်ရိုးစာအုပ်

 

Monday, January 31, 2022

ရာသီစာစိမ်းစားဥကြော်နည်းနှင့် ကော်ပြန့်လုပ်နည်း

 


ယခုကာလသည် စိမ်းစားဥများပေါပေါလောလောရရှိသောရာသီဖြစ်ပါသည်။ စိမ်းစားဥသည်အာလူးနှင့်မျိုးနွယ်တူသော်လည်း ရှင်သန်ကြီးထွားမှုပုံစံသည် ပဲပင်နှင့်ဆင်သောကြောင့် တစ်ချို့အရပ်များတွင်ပဲစိမ်းစားဥဟုခေါ်ဝေါ်ကြပါသည်။ စိမ်းစားဥကို‌ ပုံမှန်သစ်သီးကဲ့သို့ပင်စားသုံး၍ရရုံသာမက ကြော်စား၍လည်းရပါသေးသည်။ ထို့ကြောင့်စိမ်းစားဥကြော်နည်းနှင့် သတ်သတ်လွတ်စိမ်းစားဥ‌ကော်ပြန့်လုပ်နည်းအဆင့်ဆင့်ကိုဖော်ပြလိုက်ပါသည်။

ပါဝင်ပစ္စည်းများ

- စိမ်းစားဥ

- ဆီ

- ဆား နှင့်အချိုမှုန့်(သို့)အရသာမှုန့်

- နနွင်း

ပထမဦးစွာ စိမ်းစားဥကိုအခွံနွှာပြီး ရေစင်အောင်ဆေးပေးရပါမည်။ ပြီးနောက်အနေတော်အရွယ်အစားရအောင်လှီးပေးရပါမည်။ ပြီးလျှင်ဆားနှင့်အချိုမှုန့် (သို့မဟုတ်)ကြက်သားမှုန့်၊ နနွင်းမှုန့်များထည့်ပြီးနယ်ပေးရပါမည်။ ပြီးလျှင်ဆီပူပူ၍ ရွှေအိုရောင်သန်းသည်အထိ ကြော်ပေးရပါမည်။ ပြီးလျှင်ဆီစစ်ပြီးအရသာရှိသောစိမ်းစားဥကြော်ကို သုံးဆောင်နိုင်ပါပြီ။

သတ်သတ်လွတ်စိမ်းစားဥကော်ပြန့်ကြော် 

ပါဝင်ပစ္စည်းများ 

- စိမ်းစားဥ

- ပဲပင်ပေါက်

- ကြက်သွန်နီ

- မုန်လာဥနီ

- ဂေါ်ဖီ

- အချဉ်ရည်

- ကော်ပြန့်ရွက်

- ကြက်သားမှုန့်

- ငရုတ်ကောင်း

ပထမဦးစွာ စိမ်းစားဥများကိုအခွံနွှာ ရေဆေးပြီး အချောင်းငယ်လေးများပုံစံရအောင် လှီးပေးရပါမည်။မုန်လာဥနီများကိုလည်း ထိုနည်းအတိုင်းလှီးပေးရပါမည်။ ကြက်သွန်နီကိုအတုံးသေးသေးလေးများရအောင်တုံးပေးရပါမည်။ ပဲပင်ပေါက်ကိုလည်း ရေစင်စင်ဆေးပေးရပါမည်။ ဂေါ်ဖီကိုလည်း အနေတော်အရွယ်အစားရအောင် လှီးပေးရပါမည်။ အားလုံးလုပ်ပြီးပါက ကြက်သားမှုန့်နှင့်ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး နယ်ပေးရပါမည်။ ပြီးလျှင်ကော်ပြန့်ရွက်ဖြင့် လိပ်ပေးရပါမည်။ လိပ်ရာတွင်ကျစ်နေအောင်လိပ်ပေးရပါမည်။ ထို့နောက်ဆီပူပူတွင်မီးအေးအေးဖြင့်ရွှေအိုရောင်သန်းသည်အထိကြော်ပေးရပါမည်။ ပြီးလျှင်ဆီစစ်ပြီးကြိုက်နှစ်သက်ရာအချဉ်ရည်ဖြင့်သုံးဆောင်နိုင်ပါပြီ။

အရသာရှိလှတဲ့ စိမ်းစားဥကို ဒီနည်းလမ်းတွေနဲ့လည်း လုပ်စားကြည့်ကြပါဗျ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ငါးအငယ်စားလေးများနှင့် ပြုလုပ်ကြသောရိုးရာအစားအစာ ပါစွန်ပြုလုပ်နည်း

 



ငါးတောင်စင်း၊ ငါးစရစ်၊ ငါးလက်ကပ်၊ ဒေါင်းပဆိပ်၊ ငါးမြီးထောင်စတဲ့ ငါးအငယ်စားလေးများထဲမှ နှစ်သက်ရာငါးတစ်မျိုးမျိုးဖြင့် ပြုလုပ်ကြသော ပါစွန်မှာ အနောက်ပိုးကရင်တို့၏ ရိုးရာအစားအစာ တစ်မျိုးလည်းဖြစ်ပါသည်။

ပါစွန် ပြုလုပ်သောငါးမှာ ကလေးငယ်၏လက်သန်းမျှရှိသော ငါးအငယ်စားတစ်မျိုးမျိုးနှင့် ပြုလုပ်လေ့ရှိကြပါသည်။ အနောက်ပိုးကရင်တို့ကမူ ပါစွန်ကို ငါးမြီးထောင်ငါးသေးသေးလေးနှင့်ပြုလုပ်ကြပြီး ထိုငါးလေး၏အရောင်မှာ မည်းနက်နေပြီး ရွံ့နွံ ထူထပ်သောအရပ်နှင့် သစ်ရွက်ဆွေးများရှိသောအရပ်တွင် အုပ်စုဖွဲ့နေတတ်ကြပါသည်။ ငါးပုံသဏ္ဍန်မှာ အရုပ်ဆိုးသည်ထင်ရသော်လည်း ငါးကျောက်ဖားကဲ့သို့ပင် အလွန်ချိုသဖြင့် အမြင်ဆိုးသော်လည်း အမျိုးကရွှေဟူ၍ တင်စားခေါ်ဝေါ်ကြကြောင်း သိရှိရပါသည်။ ထို့ပြင် ငါးမြီးထောင်ငါးဖြင့် ပြုလုပ်သော ငါးပိမှာလည်း မွှေးဆိမ့်ပြီး ရှားပါး၍စျေးကြီးကြောင်း ဒေသခံများ ပြောပြချက်အရသိရပါသည်။

ပါစွန်ပြုလုပ်ဖို့အတွက်ဆို ငါးအငယ်စား(တစ်မျိုးမျိုး)၊ ဆန်ကွဲ၊ ဆားနှင့် ငှက်ပျောဖက်(သို့) တောင်စွန်ဖက်တို့ လိုအပ်ပါသည်။ ဆန်ကွဲကိုလှော်ရပါသည်။

ပြုလုပ်နည်းမှာ-

၁။ ငါးတောင်စင်း(သို့)ငါးမြီးထောင်(သို့) ငါးအငယ်စားတစ်မျိုးမျိုးတို့ကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။

၂။ ရေစစ်ပြီးသော ငါးလေးများကို ဆားအနည်းငယ်နှင့်နီရဲအောင်လှော်ထားသော ဆန်ကွဲတို့ဖြင့် ရောနယ်ရပါမည်။ (တစ်ချို့မှာ ဆန်ကွဲအစိမ်းကိုသုံးကြပါသည်။)

၃။ ပြီးလျှင် ငှက်ပျောဖက်(သို့)တောင်စွန်ဖက်များဖြင့် လေလုံအောင် တင်းကျပ်စွာ ထုပ်ပိုးထားရပါမည်။

၄။ ၃ရက်ပြည့်သောအခါ စား၍ရသော ပါစွန်ချဥ်ကို ရပြီဖြစ်ပါသည်။

ပါစွန်ချဥ်ကို ကြက်သွန်နီ ပါးပါးလှီး၍ ပဲဆီမွှေးမွှေးဆမ်းကာ ငရုတ်သီးစိမ်း၊ နံနံပင်၊ ရှမ်းနံနံတို့ဖြင့် သုပ်စားကြပါသည်။ အရသာချဥ်ချဥ်ဆိမ့်ဆိမ့်မွှေးမွှေး ပါစွန်ချဥ်သုပ်နှင့် ပီလောရွက်ဟင်းချိုကို ပင်စိမ်းလေးခပ်ပြီး တွဲဖက်စားသောက်ပါက အလွန်ထမင်းမြိန်လှပါသည်။ ပါစွန်ချဥ်သည် ခံတွင်းပျက်နေသူများ၊ အစာအိမ်မကောင်းသူများအတွက် ဆေးတစ်ခွက်လည်း ဖြစ်ပါသည်။

မှီငြမ်း-နော်ဒိုင်းနာ(ကော့လှိုက်)၏ရိုးရာအစားအစာ ပါစွန် ပြုလုပ်နည်း

ငါးတောင်စင်း၊ ငါးစရစ်၊ ငါးလက်ကပ်၊ ဒေါင်းပဆိပ်၊ ငါးမြီးထောင်စတဲ့ ငါးအငယ်စားလေးများထဲမှ နှစ်သက်ရာငါးတစ်မျိုးမျိုးဖြင့် ပြုလုပ်ကြသော ပါစွန်မှာ အနောက်ပိုးကရင်တို့၏ ရိုးရာအစားအစာ တစ်မျိုးလည်းဖြစ်ပါသည်။

ပါစွန် ပြုလုပ်သောငါးမှာ ကလေးငယ်၏လက်သန်းမျှရှိသော ငါးအငယ်စားတစ်မျိုးမျိုးနှင့် ပြုလုပ်လေ့ရှိကြပါသည်။ အနောက်ပိုးကရင်တို့ကမူ ပါစွန်ကို ငါးမြီးထောင်ငါးသေးသေးလေးနှင့်ပြုလုပ်ကြပြီး ထိုငါးလေး၏အရောင်မှာ မည်းနက်နေပြီး ရွံ့နွံ ထူထပ်သောအရပ်နှင့် သစ်ရွက်ဆွေးများရှိသောအရပ်တွင် အုပ်စုဖွဲ့နေတတ်ကြပါသည်။ ငါးပုံသဏ္ဍန်မှာ အရုပ်ဆိုးသည်ထင်ရသော်လည်း ငါးကျောက်ဖားကဲ့သို့ပင် အလွန်ချိုသဖြင့် အမြင်ဆိုးသော်လည်း အမျိုးကရွှေဟူ၍ တင်စားခေါ်ဝေါ်ကြကြောင်း သိရှိရပါသည်။ ထို့ပြင် ငါးမြီးထောင်ငါးဖြင့် ပြုလုပ်သော ငါးပိမှာလည်း မွှေးဆိမ့်ပြီး ရှားပါး၍စျေးကြီးကြောင်း ဒေသခံများ ပြောပြချက်အရသိရပါသည်။

ပါစွန်ပြုလုပ်ဖို့အတွက်ဆို ငါးအငယ်စား(တစ်မျိုးမျိုး)၊ ဆန်ကွဲ၊ ဆားနှင့် ငှက်ပျောဖက်(သို့) တောင်စွန်ဖက်တို့ လိုအပ်ပါသည်။ ဆန်ကွဲကိုလှော်ရပါသည်။

ပြုလုပ်နည်းမှာ-

၁။ ငါးတောင်စင်း(သို့)ငါးမြီးထောင်(သို့) ငါးအငယ်စားတစ်မျိုးမျိုးတို့ကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။

၂။ ရေစစ်ပြီးသော ငါးလေးများကို ဆားအနည်းငယ်နှင့်နီရဲအောင်လှော်ထားသော ဆန်ကွဲတို့ဖြင့် ရောနယ်ရပါမည်။ (တစ်ချို့မှာ ဆန်ကွဲအစိမ်းကိုသုံးကြပါသည်။)

၃။ ပြီးလျှင် ငှက်ပျောဖက်(သို့)တောင်စွန်ဖက်များဖြင့် လေလုံအောင် တင်းကျပ်စွာ ထုပ်ပိုးထားရပါမည်။

၄။ ၃ရက်ပြည့်သောအခါ စား၍ရသော ပါစွန်ချဥ်ကို ရပြီဖြစ်ပါသည်။

ပါစွန်ချဥ်ကို ကြက်သွန်နီ ပါးပါးလှီး၍ ပဲဆီမွှေးမွှေးဆမ်းကာ ငရုတ်သီးစိမ်း၊ နံနံပင်၊ ရှမ်းနံနံတို့ဖြင့် သုပ်စားကြပါသည်။ အရသာချဥ်ချဥ်ဆိမ့်ဆိမ့်မွှေးမွှေး ပါစွန်ချဥ်သုပ်နှင့် ပီလောရွက်ဟင်းချိုကို ပင်စိမ်းလေးခပ်ပြီး တွဲဖက်စားသောက်ပါက အလွန်ထမင်းမြိန်လှပါသည်။ ပါစွန်ချဥ်သည် ခံတွင်းပျက်နေသူများ၊ အစာအိမ်မကောင်းသူများအတွက် ဆေးတစ်ခွက်လည်း ဖြစ်ပါသည်။

မှီငြမ်း-နော်ဒိုင်းနာ(ကော့လှိုက်)၏ရိုးရာအစားအစာ ပါစွန် ပြုလုပ်နည်း

Saturday, January 15, 2022

ဝိုင် ပြုလုပ်နည်း (၁၂) မျိုး စုစည်းမှု

 

စိုက်ပျိုးရေးမှာ ကုန်ကြမ်းတွေမဟုတ်ဘဲ ကုန်ချောတွေရောင်းချနိုင်ဖို့ ကြိုးစားလာကြတာတွေ့ရပါတယ်။ ပုံစံတွေပြောင်းလိုက်ခြင်းအားဖြင့် တန်ဖိုးတွေမြင့်သွားတာကြောင့် သီးနှံစျေးကွက်ပျက်တဲ့အချိန်မှာ ဒီနည်းလမ်းတွေက အသက်ရှူချောင်စေမှာပါ။

လေလွင့်တာတွေမဖြစ်တော့ဘဲ ကုန်ချောတွေထုတ်နိုင်ဖို့ ဒီတစ်ပတ်မှာတော့ ကုန်ချောအမျိုးအစားများစွာရှိတဲ့အထဲက ဝိုင်လုပ်နည်းတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

၁။ ချင်း (ဂျင်း) ဝိုင်

၂။ နဂါးမောက်ဝိုင် ပြုလုပ်နည်း

၃။ လိမ္မော်သီးဝိုင် ပြုလုပ်နည်း

၄။ ပြောင်းဖူးဝိုင် ပြုလုပ်နည်း

၅။ မက်မန်းဝိုင် ပြုလုပ်နည်း

၆။ ဆန်စပါကလင်ဝိုင် ပြုလုပ်နည်း

၇။ ဖရဲသီးဝိုင် ပြုလုပ်နည်း

၈။ သီဟိုဠ်သီးဝိုင် ပြုလုပ်နည်း

၉။ စပျစ်သီးဝိုင် ပြုလုပ်နည်း

၁၀။ နာနတ်ဝိုင် ပြုလုပ်နည်း

၁၁။ ဝိုင်ထုတ်လုပ်ခြင်းရဲ့သော့ချက်