Saturday, April 10, 2021
Burmese English Translator APK
USA VPN Get IP New Application for Android
USA VPN - Get free USA IP
Tags :
Android ApplicationsFriday, March 26, 2021
ဖော့စ်ပရပ်(စ်) မီးစုန်းမြေသြဇာ ဆိုတာ



အပင်များအတွက် အဓိကအာဟာသုံးမျိုး တွင် နိုက်ထရိုဂျင်(N)၊ ဖော့စ်ပရပ်(စ်) (ခေါ်) မီးစုန်း P၊ ပိုတက်စီယမ် (ခေါ်) ပြာဓာတ် (K) တို့ပါဝင်သည်။ အပင်များ၏ ပင်ပိုင်းအင်္ဂါဖြစ်သော အရွက်၊ အညွှန့်၊ အကိုင်းတို့ ဖွံ့ဖြိုးကြီးထွားရန်အတွက် နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို အဓိကအသုံးပြုကြသကဲ့သို့ အပင်များ၏လိင်အင်္ဂါများဖြစ်သော အပွင့်၊ အသီး၊ အစေ့များ ကြီးထွားဖွံ့ဖြိုးရန်အတွက် ဖော့်စ်ပရပ်(စ်) (ခေါ်) မီးစုန်းမြေသြဇာများကို အသုံးပြုကြမြဲဖြစ်သည်။ ပိုတက်စီယမ်မှာကား အပင်များ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ရောဂါပိုးမွှားဒဏ်၊ ဝန်းကျင်ဖိစီးမှုအမျိုးမျိုး၏ ဒဏ်ခံနိုင်ရည်ရှိရန် အသုံးပြုကြသည်။ မြန်မာ့စိုက်ပျိုးသူအချို့သည် ထိုအဓိကမြေသြဇာသုံးမျိုးအနက်မှ ပင်ပိုင်းအင်္ဂါကြီးထွားရန် နိုက်ထရိုဂျင်မြေသြဇာကို အသုံးပြုပြီး လိင်ပိုင်းအင်္ဂါများဖြစ်သော ပွင့်သီးခြင်းအတွက် ဖော့စ်ပရပ်(စ်) ခေါ် မီးစုန်းမြေသြဇာကို အသုံးပြုကြသည်။
ဖော့စ်ပရပ်(စ်)၏တာဝန်မှာ သီးနှံပင်များပွင့်သီးရန်တာဝန်ရှိသော်လည်း အခြားအလွန်အရေးကြီးသော တာဝန်များလည်း ရှိနေသးသည်။ ထိုတာဝန်များအပေါ် အလေးထား မစဉ်းစားခြင်းက စိုက်ပျိုးရေးလုပ်ငန်းကို ကြီးမားစွာ ထိခိုက်စေတော့သည်။
ဖော့စ်ပရပ်(စ်) ခေါ် မီးစုန်း၏ အဓိကတာဝန်တစ်ရပ်မှာ နေရောင်ခြည်၏ အလင်းစွမ်းအင်မှ အပင်အတွင်း ဓာတုစွမ်းအင်အဖြစ်ရှိနေသော မီးစုန်းတို့မှာ အပင်အတွက် ဇီဝကိစ္စများအတွက်လိုအပ်သော လုပ်ငန်းများဖြစ်မြောက်ရန် ဇီဝစွမ်းအင်အဖြစ်သို့ ကူးပြောင်းအသုံးပြုရသည်။ တစ်နည်းအားဖြင့် အပင်များအတွက် လိုအပ်သော ဇီဝကိစ္စအဝဝဆောင်ရွက်ရန် မီးစုန်းမှာ ထောက်ပံ့ရာဖြစ်သည်။
အပင်များ၏ ဘဝအစမှ အစေ့များအညှောက်ပေါက်ပြီး မြေတစ်နေရာ၌ အခြေချရှင်သန်ခြင်း အောင်မြင်မှသာ နောင်ကာလကြာရှည်စွာ ဆက်လက်အသက်ရှင်ခြင်းကို ဖြစ်စေနိုင်မည်ဖြစ်သည်။ ထိုသို့ မြေတစ်နေရာတွင် အစေ့မှအပင်ပေါက်လာသော အပင်ငယ် အခြေမချနိုင်ပါက ဆက်လက်ရှင်သန်ရန် အကြောင်းမရှိတော့ပေ။
အပင်ငယ်တစ်ပင် မြေတစ်နေရာတွင် အခြေချနိုင်ရေးတွင် အဓိကလိုအပ်ချက်မှာ ထိုအပင်ငယ်မှ အမြစ်များ ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီး ဆိုးဝါးခက်ခဲသော ဝန်းကျင်အခြေအနေ မကျရောက်မီ ကောင်းစွာအခြေချနိုင်ရန်ဖြစ်သည်။ ဤနေရာ၊ ဤအခြေအနေမျိုး၌ လိုအပ်ဆုံးမှာ အပင်ငယ်တွင် အမြစ်များ ကောင်းစွာကြီးထွားဖွံ့ဖြိုးရန် လိုအပ်သည်။ မြေပေါ်ပိုင်းအင်္ဂါများ ရှင်သန်ရန်မှာ မြေဆီလွှာအတွင်း ကောင်းစွာ အခြေချထားသော အမြစ်အပေါ်မူတည်နေသည်။ အမြစ်အဖွဲ့အစည်းမကောင်းပါက ထိုအပင်ငယ် ဆက်လက်ရှင်သန်ရန်ခက်ခဲမည်ဖြစ်သည်။
ဖော့စ်ပရပ်(စ်) ၏ အခြားသော အဓိကတာဝန်တစ်ရပ်မှာ အမြစ်များကြီးထွားဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေခြင်းဖြစ်သည်။ ဖော့စ်ပရပ်(စ်) လုံလောက်စွာ ဖွံ့ဖြိုးကြမည်ဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာမြေဆီလွှာ၌ စတင်အခြေချမည့် အပင်ငယ်များကို ဖော့စ်ပရပ်(စ်)လုံလောက်စွာ ထောက်ပံ့ကျွေးမွေးပေးရန် လိုအပ်သည်။
ကမ္ဘာ့မြေထုတွင်ပါဝင်သော ဒြပ်စင်များအနက် ဖောစ်ပရပ်(စ်)ခေါ် မီးစုန်း၏ပါဝင်မှုမှာ ၁၁ ခုမြောက် အများဆုံးဒြပ်စင်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့မြေသားနှင့် စိုက်ပျိုးမြေများတွင် ဖော့စ်ပရပ်(စ်)များ အထိုက်အလျောက်ရှိနေသည်။ သို့သော် စိုက်ပျိုးပင်များစွာတို့မှာ ဖော့စ်ပရပ်(စ်)များ ချို့တဲ့မှုကြောင့် ကြီးထွားနှုန်းများနှင့် အထွက်နှုန်းကျဆင်းမြဲဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ မြေသားများအတွင်း သဘာဝအတိုင်းရှိနေသော ဖော့စ်ပရပ်(စ်)တို့မှာ အပင်၏ အမြစ်များစုပ်ယူစားသုံးခြင်းမပြုနိုင်သော ရေမပျော်သည့်အဆင့်မျိုးတွင် ရှိနေခြင်းကြောင့်ဖြစ်သည်။
အပင်ငယ်၏အမြစ်များမှ ထုတ်လွှတ်သော စစ်ရည်များ မြေဆီလွှာအတွင်းရှိ အဏုဇီဝရုပ်များနှင့် အခြားဓာတုဗေဒဆိုင်ရာ ဓာတ်ပြုမှုများကြောင့် ရေမပျော်သော ဖော့စဖိတ်များ ရေပျော်လာနိုင်သည်။ ထိုသို့ ရေပျော်လာသောအခါ ဖော့စ်ပရပ်(စ်)များကို အပင်များအမြစ်များက စုပ်ယူစားသုံးနိုင်သည်။ သို့သော် ထိုသို့ရေပျော်ပြီး စုပ်ယူစားသုံးနိုင်သော ဖော့စ်ပရပ်(စ်)များမှာ ရေပျော်သော အနေအထားတွင် ကြားရှည်တည်တံ့မနေဘဲ ပြောင်းလဲသွားသည်။ အထူးသဖြင့် ကယ်လ်ဆီယမ် ခေါ် ထုံး၊ အိုင်းရွန်းခေါ် သံဓာတ်၊ အလူမီနီယမ်တို့နှင့် ပေါင်းစပ်ပြီး ရေမပျော်သောပစ္စည်းများအဖြစ်သို့ ရောက်ရှိသွားသည်။ ထိုသို့ရေမပျော်သော ဖော့စ်ပရပ်(စ်)ဓာတ်ပေါင်းများစွာမှာ မြေသားအတွင်း၌ မာကျောသောကျောက်သားကဲ့သို့ အမာလွှာအဖြစ်ပြောင်းလဲသွားသည်။
ထိုသို့ အမာလွှာများဖြစ်ပေါ်ခြင်းမှာ အပင်များအတွက် ဖော့စ်ပရပ်(စ်) ရရှိရန် ခက်ခဲရုံသာမက ထိုအမာလွှာတွင် အမြစ်များဖွံ့ဖြိုးရန်ခက်ခဲသော ဖော့စ်ပရပ်(စ်)မြေသြဇာများ ကာလကြာရှည်စွာ နည်းမှန်လမ်းမှန် မသုံးမိသောအခါ နောင်အခါ၌ ထိုမြေမျိုး၌ စိုက်ပျိုးရေးမလုပ်နိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်စေတော့သည်။ ထိုမြေမျိုး၌ အသစ်အသစ်သော ဖော့စ်ပရပ်(စ်) မြေသြဇာများ အသုံးပြုခြင်းမှာ အဖြေမဟုတ်ပေ။ ထိုသို့ပျက်စီးသွာသောမြေများကို ကုစားရန်မှာ မြေဆီလွှာအတွင်း ပိတ်လှောင်နေသော ဖော့စ်ပရပ်(စ်)များကို အရည်ပြန်ဖျော်ပြီး ပြိုကွဲသွားမည့်နည်းများကိုသာ အသုံးပြုရန်လိုအပ်သည်။
မြေဆီလွှာအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရေမပျော်နိုင်ဘဲ ပိတ်လှောင်နေသော ဖော့စ်ပရပ်(စ်)များကို ရေဖျော်ပြီး အပင်များစားသုံးနိုင်သည့်အဆင့်သို့ ပြောင်းပေးရန်အကောင်းဆုံး လုပ်ရပ်မှာ မြေဆီလွှာအတွင်းသို့ သစ်ဆွေးမြေများ၊ အော်ဂဲနစ်မြေသြဇာများဖြစ်သော နွားချေး၊ ကြက်ချေး၊ သစ်ရွက်စိမ်းမြေသြဇာများ အသုံးပြုခြင်းဖြစ်သည်။ အကယ်၍ မြေချဉ်ဖြစ်နေပါက ထုံးအသုံးပြုပေးရန် လိုအပ်သည်။
ဦးဖရက်သိန်းဖေ - လယ်ယာစီးပွား ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
Friday, September 18, 2020
အကျိုးကျေးဇူးများတဲ့ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်က ပြုလုပ်ရတာလွယ်ကူသလောက် အကျိုးကျေးဇူးများစွာရှိတာကို တွေ့ရပါတယ်။ ပန်းသီးရှာလကာရည်ကို အပြင်မှာ ဈေးကြီးပေးဝယ်နေစရာမလိုပဲ အိမ်မှာ ကိုယ်တိုင်လုပ်နိုင်အောင် လုပ်နည်လေး တင်ပေးလိုက်ပါတယ်။ ပထမဦးစွာ ပန်းသီးရှာလကာရည်ရဲ့ အသုံး ဝင်မှုများစွာကို ပြောပြပေးမယ်နော်။
• ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို ပန်းသီးရှာလကာရည်နဲ့ ဆေးခြင်းဖြင့် ဓာတုဆေးအကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ထို့ပြင် အစားအစာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။
• ပေါင်းပင်ကို ရေမရောထားတဲ့ ပန်းသီးရှာလကာရည်နဲ့လောင်းကာ ကိုယ်တိုင်လုပ် ပေါင်းသတ်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို ဆပ်ပြာနှင့် သံပုယိုရည်ရောခြင်းဖြင့် ပိုအားကောင်းတဲ့ ပေါင်းသတ်ဆေးကို ရရှိစေနိုင်ပါတယ်။
• အင်းဆက်ပိုးမွှား ထောင်ချောက်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ (ပန်းသီးရှာလကာရည်ထဲသို့ ပန်းကန်ဆေးဆပ်ပြာ အနည်းငယ်ထည့်၍ ပြုလုပ်နိုင်ပါတယ်။)
• ကင်ဆာဆဲလ်တွေကို သတ်နိုင်တဲ့အတွက် ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့နည်းစေတယ်။
• အစားအစာတွေကို ပိုမိုကြာရှည်ခံအောင် ပြုလုပ်ရာမှာလည်း အသုံးပြုတယ်။
• ပန်းသီးရှာလကာရည်က သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို ကျဆင်းစေတယ်။
• ပန်းသီးရှာလကာရည်ကို စားသုံးပေးခြင်းဖြင့် ဗိုက်ပြည့်တဲ့ခံစားချက်ကို ခံစားရစေကာ ဗိုက်အဆီနှင့် ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်တယ်လို့လည်း သိရပါတယ်။
• ရေနဲ့ရောပြီးတော့ အနံ့အသက်ပျောက်တဲ့ ဖြန်းဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
• ရေနဲ့ရောပြီး ပလုတ်ကျင်းပေးခြင်းဖြင့် လည်ချောင်းနာရောဂါကို သက်သာစေနိုင်ပါတယ်။
• အရေပြားပြဿနာတွေ ကုသဖို့ရန်နဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ရန်အတွက် ပန်းသီးရှာလကာရည်ကို toner (အလှကုန်ပစ္စည်းတစ်မျိုး) အနေနဲ့အသုံးပြုနိုင်တယ်။ (ပြုလုပ်ဖို့ရန် ပန်းသီးရှာလကာရည်တစ်ဆကို ရေနှစ်ဆနဲ့ရောပြီး ဝါကွင်းဖတ်လေးနဲတို့ပြီး အသုံးပြုနိုင်ပါတယ်။ အထိအခိုက်မခံတဲ့ အသားအရည်မျိုးဆိုရင်တော့ ပျင်းအားပျော့သွားအောင် ရေကို ပိုထည့်ပြီး အသုံးပြုနိုင်ပါတယ်။)
• ဆံသားတွေ တောက်ပြောင်လှပဖို့အတွက်လဲ အသုံးပြုနိုင်ပါတယ်။ (ပန်းသီးရှာလကာရည် အနည်းငယ်ကို ရေနဲ့ရောပြီး ခေါင်းပေါ်သို့လောင်းကာ မိနစ်အနည်းငယ်ထားပြီးနောက် ရေပြန်ဆေးချခြင်းဖြင့် တောက်ပတဲ့ဆံနွယ်လေးကို ပိုင်ဆိုင်နိုင်ပါတယ်။)
ပန်းသီးရှာလကာရည်ပြုလုပ်နည်း
• ပန်းသီးနှစ်လုံးကို ရေဆေးသန့်စင်ပြီး အစိပ်လေးတွေစိပ်ထားပါ။ အခွံနွာစရာမလိုပါ။
• ဇလုံတစ်ခုထဲသို့ ဆား လက်ဖက်ရည်ဇွန်း(၁)ဇွန်းကို ရေဖြင့်ဖျော်ကာ ထိုရေထဲသို့ ပန်းသီးအစိတ်လေးတွေကို (၅) မိနစ်ခန့်စိမ်ထားပါ။ ထို့နောက် ပန်းသီးအစိတ်လေးတွေကို ဆားရေပြောင်တဲ့အထိ ရေပြန်ဆေးချပါ။
• အဝကျယ်ပုလင်းထဲသို့ ပန်းသီးစိတ်တွေကိုထည့်ပြီး သကြား လက်ဖက်ရည်ဇွန်း (၉) ဇွန်း ထည့်ပါ။ ပန်းသီးစိတ်တစ်လွှာ သကြားတစ်လွှာ ထည့်ပေးလျှင် ပိုကောင်းပါသည်။
• ပန်းသီးစိတ်ထည့်ထားသော ပုလင်းထဲသို့ ရှာလကာရည်အဖြူကို လက်ဖက်ရည်ဇွန်း (၂) ဇွန်းထည့်ပေးပါ။
• ထိုပုလင်းထဲသို့ ရေကို ပန်းသီးစိတ်တွေမြုပ်တဲ့အထိ ထည့်ပေးပါ။ ထို့နောက် ပုလင်းဝကို အဝတ်စထူထူဖြင့် ပိတ်ပြီး ကြိုးဖြင့်စည်းနှောင်၍ နွေးပြီးမှောင်သောနေရာတွင် ပုလင်းကို (၂)ပတ်ကြာ သိမ်းဆည်းထားပါ။
• (၂) ပတ် ပြည့်သောအခါ အမြှုပ်ထနေသော ပန်းသီးစိတ်တွေကိုဖယ်၊ အရည်သီးသန့် စစ်ယူပြီး အခြားပုလင်းထဲသို့်ထည့်ကာ အဝတ်စထူထူဖြင့် အရင်လိုပြန်ပိတ်ပြီး နောက်ထပ် (၄) ပတ်မှ (၆) ပတ်ထိ ပြန်လည်သိမ်းဆည်းရပါမယ်။ ပြီးလျှင်တော့ လိုသလိုအသုံးပြုလို့ရတဲ့ ပန်းသီးရှာလကာရည်စစ်စစ်ကို ရရှိပြီဖြစ်ပါတယ်။
ဝတ်မှုံသင်း
Ref: https://www.healthline.com/nutrition/apple-cider-vinegar-uses#section1
Thursday, September 17, 2020
ချဉ်ပေါင်ဖျော်ရည် ပြုလုပ်နည်း
ဒီတစ်ခါတော့ ရိုးရှင်းလွယ်ကူပြီး အရသာအရမ်းရှိတဲ့ ချဉ်ပေါင်ဖျော်ရည်လုပ်နည်း ကို ပြောပြချင်ပါတယ်။
၁။ ချဉ်ပေါင်ဖူးတွေကို ရေစင်စင်ဆေးပါ။ တစ်ချို့တွေက ချဉ်ပေါင်ဖူးရဲ့ ပွင့်ဖတ်တွေကို ခွါပြီးမှ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ Green Way ရဲ့အတွေ့အကြုံအရ အရောင်နဲ့ အရသာက အဖူးလိုက် ပြုတ်တာလောက် မကောင်းပါဘူး။ စမ်းကြည့်စေချင်ပါတယ်။
၂။ ပြီးရင် မီးဖိုပေါ်မှာ ရေနည်းနည်းလေးနဲ့ ကျိုပါ။
၃။ ချဉ်ပေါင်တွေကို ရေများများနဲ့ကျိုရင် မီးကုန်တဲ့အပြင် ကျိုရတာလည်း အချိန်ကြာတာကြောင့် ရေနည်းနည်းနဲ့ပဲ ကျိုပါ။ ကျိုနေတုန်းမှာ ချဉ်ပေါင်ဖူးက ပွင့်ဖတ်နဲ့ အထဲက အစေ့ဖူးတို့ ကွာသွားအောင် ဖိပြီးမွှေပေးပါ။
၄။ တစ်ဖြည်းဖြည်းနဲ့ ချဉ်ပေါင်ဖူးက ပွင့်ဖတ်တွေကွာသွားတဲ့အပြင် အရောင်ပါ ထွက်လာပါလိမ့်မယ်။
၅။ ၁၀ မိနစ်လောက်ကြာတဲ့အခါ အမြှပ်ထွက်လာတဲ့ အနေအထားကို ရောက်ပါပြီ။
၆။ အရည်တွေဟာ တစ်ဖြည်းဖြည်း ပျစ်လာပါပြီ။ အဆက်မပြတ်မွှေပေးနေပါ။
၇။ အခုဆို အသီးနဲ့ ပွင့်ဖတ်တွေ သီးခြားဆီဖြစ်သွားပါပြီ။
၈။ အသီးနဲ့ ပွင့်ဖတ်နဲ့ကွာသွားတာသေခြာပြီဆိုရင် ရေထပ်ရောပေးလို့ရပါပြီ။ ရေပမာဏကတော့ ကိုယ်စိတ်ကြိုက်ထည့်လို့ရပါတယ်။ ပုံမှန်အားဖြင့်တော့ ချဉ်ပေါင် ၁ ကီလိုကို ရေ ၂ လီတာ လောက်ထည့်ပေးနိုင်ပါတယ်။
၉။ ရေထည့်ပြီးတဲ့အခါ ပွင့်ဖတ်တွေကွာသွားတဲ့ချဉ်ပေါင်ဖူးတွေကို ဖယ်ထုတ်ပစ်ရပါမယ်။ ပြီးရင် အခုလိုမျိုး ပွက်ပွက်ဆူပြီး အမြှပ်တွေထွက်လာတဲ့အထိ တည်ပေးပါ။
၁၀။ ချဉ်ပေါင်ရည်ဆူလာတဲ့အခါ သကြားနဲ့ ဆား ထည့်ပေးလို့ရပါပြီ။ ပမာဏတွေကတော့ ကိုယ်လိုချင်တဲ့အရသာအတိုင်းထည့်ပေးလို့ ရပါတယ်။ တစ်ချို့တွေက အိုးကို မီးဖိုပေါ်ကချမှ သကြားထည့်တာမျိုးလဲရှိပါတယ်။ နှစ်မျိုးလုံး အဆင်ပြေပါတယ်။
၁၁။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာအတိုင်း ဖြစ်ပြီဆိုရင်တော့ အနည်စစ်ရပါမယ်။
၁၂။ အနည်စစ်တဲ့ဇကာနဲ့ စစ်ပြီးရင် ရလာတဲ့ အနည်ဖတ်တွေကို သကြားနဲ့ ဆားနဲ့ ပြန်ရောနယ်ပြီး မီးဖို ပေါ်မှာ ညောင်စေး ကျသည်အထိ ပြန်တည်လိုက်ရင် ချဉ်ပေါင်ယို အခြောက် (သို့) ချဉ်ပေါင် တော်ဖီ ရပါတယ်။
၁၃။ အခုဆိုရင်တော့ အရသာရှိပြီး ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ချဉ်ပေါင်ဖျော်ရည်တစ်ခွက်ကို ရရှိပါပြီ။ အပူ ရော အအေးလိုပါ သောက်လို့ရတယ်နော်။
ချဉ်ပေါင်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လက်လှမ်းမီသလောက် နေပြည်တော် တိုင်းမ် မှ ကောက်နှုတ် တင်ပြပေး လိုက်ပါတယ်။
၁။ အူသိမ်၊ အူမတို့ကို ကောင်းကျိုးပြုပါသည်။
၂။ချဉ်ပေါင်ရွက်ထဲတွင် hydroxy နှင့် amino အက်ဆစ်များကြွယ်ဝစွာပါရှိသောကြောင့် ဆီးအား ကောင်းစေပါသည်။ ဆီးရွှင်၍ ဝမ်းကိုလဲ သက်စေပါသည်။
၃။Vitamin C နှင့် သတ္တုဓာတ်တို့အမြောက်အများပါရှိသောကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ကိုကျန်းမာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကိုနုပျိုစေ ခြင်း၊ ကင်ဆာရောဂါများ ဖြစ်နိုင်ချေအလားအလာနည်းပါးစေနိုင်ခြင်း၊ အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်းတို့မှလဲ ကာကွယ်ပေးခြင်း...စသည်ဖြင့် ကောင်းကျိုးပြုပါသည်။
၄။ Calcium ဓာတ် အမြောက်အများ ပါရှိသောကြောင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြောအဖွဲ့အစည်းများနှင့်ကြွက်သားများ ဖွဲ့စည်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်းမှကာကွယ်ပေးခြင်း၊ ခြေလက်များတဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့ကိုသက်သာပျောက်ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း.. စသည်ဖြင့် ကောင်းကျိုးပြုပါသည်။
၅။ချဉ်ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကိုသက်သာပျောက်ကင်းစေပါသည်။ လူကိုလန်းဆန်းစေနိုင် ပါသည်။
၆။ကိုယ်အလေးချိန်ကျစေပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါသည်။ ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလဲ ဟန့် တားကာကွယ်ပေးနိုင်ပါသည်။
၇။ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါသည်။
သတိပြုရန်။
• သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ သွေးပေါင်ချိန်တက်နိုင်ပါသည်။
• ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များ နှင့်လည်းမသင့် တော်ပါ။
Tuesday, September 15, 2020
“အလွယ်ကူဆုံး တစေးပြုလုပ်နည်း”
တစေးဆိုတာ ဘီယာချက်လုပ်ခြင်း လုပ်ငန်းတွေကနေ ပေါင်မုန့်ဖုတ်တဲ့ လုပ်ငန်းစဉ်ထိ သုံးလို့ရတဲ့ပစ္စည်းလို့ ကျွန်မတို့တွေသိကြပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကို အိမ်မှာတင် ပြုလုပ်လို့ရတယ်ဆိုတာကိုတော့ ကျွန်မတို့မသိကြသေးပါဘူး။
ကဲ...လေ့လာကြည့်ကြရအောင်ပါ။ သစ်သီးတစ်မျိုးမျိုး၊ ဒါမှမဟုတ် ဟင်းရွက်တစ်ခုခုကို ရေစိမ်ပြီး အချဉ်ဖောက်တဲ့ ဖြစ်စဉ်ပါ။ တစေးဆိုတာ ဆဲလ်တစ်ခုတည်းပါတဲ့ မှိုတစ်မျိုးဖြစ်တဲ့အတွက်မွေးမြူရတဲ့ဖြစ်စဉ်ပါ။
၁။ ဖန်ပုလင်းရဲ့ လေးပုံတစ်ပုံလောက်ထိ ရေထည့်လိုက်ပါ။ ရေထည့်ပြီးပြီဆိုရင်တော့ အသီးတစ်ခု ဒါမှမဟုတ် ဟင်းရွက်ကိုလည်း သုံးလို့ရပါတယ်။ ကိုယ့်ဒေသမှာပေါတာကို သုံးလို့ရပါတယ်။ ကျမတို့တောင်သူတွေအနေနဲ့ နွေရာသီမှာ လှိုင်လှိုင်ပေါတဲ့ ဇီးသီးလိုမျိုး အသီးအနှံတွေသုံးလို့ရပါတယ်။ ဂေါ်ဖီထုပ်လို ဟင်းရွက်တွေလည်း အသုံးပြုလို့ရပေမယ့် အရည်စိမ်တဲ့အတွက် ထွက်လာတဲ့အနံ့က ဆိုးပါတယ်။ဒါကြောင့် စပျစ်သီး၊ နာနတ်သီး၊ ပန်းသီး၊ ဇီးသီး စတဲ့အသီးတွေကတော့ အဆင်အပြေဆုံးဖြစ်မှာပါ။
ဒါ့အပြင် အသုံးပြုတဲ့ဖန်ဘူးတွေကလည်း သန့်နေဖို့လိုပါတယ်။ ဒါကြောင့် အသုံးမပြုခင်မှာ ရေနွေးနဲ့ပြုတ်တာမျိုးတွေ လုပ်သင့်ပါတယ်။ လတ်ဆတ်ပြီး ရောဂါကင်းတဲ့အသီးအနှံတွေဖြစ်ဖို့လည်း လိုပါတယ်ရှင့်။
၂။ ဖန်ပုလင်းရဲ့လေးပုံတစ်ပုံထိ ရေထည့်ပြီးတဲ့အခါ အသီးတွေထည့်လိုက်ပါ။ အသီးထည့်ပြီးချိန်မှာ ရေမျက်နှာပြင် မြင့်တက်သွားပုံကိုကြည့်ပြီး ဖန်ပုလင်းရဲ့တစ်ဝက်လောက်ထိ အသီးတွေထပ်ထည့်ပါ။ ရေမျက်နှာပြင်ကိုတော့ ဖန်ပုလင်းရဲ့လေးပုံပုံတစ်ပုံလောက် ချန်ထားပါ။
၃။ ပြီးရင်တော့ အဖုံးကိုသေချာဖုံးပြီး အခန်းအပူချိန်မှာပဲ သိမ်းထားလိုက်ပါ။ နောက်တစ်နေ့ရောက်တဲ့အခါ ပုလင်းကို အနည်းငယ်လှုပ်ပေးပါ။ အဖုံးဖွင့်ကြည့်တဲ့အခါ လေပူဖောင်းလေးတွေ အပေါ်ကိုတက်လာနေတာ တွေ့ ရမှာဖြစ်ပါတယ်။ တစ်ချို့အသီးတွေက ရေမျက်နှာပြင်အပေါ်ကို တက်နေတာကိုလည်းတွေ့ရပါမယ်။
(၃)ရက်မြောက်နေ့မှာဆိုရင်တော့ အသီးတွေအကုန်လုံး အပေါ်မှာပေါလောပေါ် နေမှာဖြစ်ပါ တယ်။ အဖြူရောင် အလွှာလေးတစ်လွှာကိုလည်း မြင်နေရမှာဖြစ်ပါတယ်။ ဒီအလွှာလေး နေရာအနှံရောက်အောင် ပုလင်းကို လှုပ်ပေး ရအုံးမှာပါ။ အဖုံးဖွင့်လိုက်မယ်ဆိုရင်တော့ အရမ်းကြပ်နေပြီး ဂက်စ်ထွက်နေတဲ့အသံတွေ ကြားရမှာပါ။ ပူတဲ့ရာသီ မှာဆိုရင်တော့ (၃) ရက်နေရင်ရပါပြီ။ ရာသီဥတု အနည်းငယ်အေးမယ်ဆိုရင်တော့ (၇)ရက်ထိ ထားသင့်ပါတယ်။
၄။ ရရှိလာတဲ့အသီးစိမ်ရည်ကို အရည်တွေပဲ စစ်ယူပါ။ ရလာတဲ့အရည်ကို ဂျုံမှုန့်နဲ့ရောပြီးထားရမှာပါ။
၅။ ဖန်ပုလင်းသန့်သန့်ထဲမှာ အသီးစိမ်ရည်နဲ့ ဂျုံမှုန့်ကို ရောမွှေပါ။ အရောအနှောကို ပုလင်းရဲ့လေးပုံတစ်ပုံ လောက်ပဲထည့်ပါ။ နာရီပိုင်းအတွင်းမှာ ပွလာတာကို တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ အသုံးပြုတဲ့ အသီးပေါ် မူတည်ပြီး ပွလာတဲ့နှုန်းက ကွာမှာဖြစ်ပါတယ်ရှင့်။ ပွလာတဲ့အသီးဖျော်ရည်နဲ့ ဂျုံမှုန့်အရောအနှောကိုတော့ တစေးအဖြစ် အသုံးပြုလို့ရပါပြီရှင့်။ တစေးထုတ်လုပ်တဲ့နည်း အမျိုးမျိုးရှိတဲ့အထဲကမှ ကုန်ကျစရိတ်သက်သာမယ့် နည်းလမ်းကို ရွေးချယ်ဖော်ပြခြင်းဖြစ်ပါတယ်။ တစေးကို ဂျုံမှုန့်တွေနဲ့ရောနယ်ပြီး ပေါင်မုန့်ဖုတ်စားလို့ရသလို ဝိုင်ချက်လုပ်တဲ့အခါ လိုအပ်တဲ့ ဓာတ်ကူပစ္စည်းအဖြစ် အိမ်တွင်းမှာပဲ ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း သတင်းပါးလိုက်ရပါတယ်ရှင့်။
ကဲ...ဒီလိုဆိုရင်တော့ အသီးအနှံပေါတဲ့အချိန်တွေမှာ တန်ဖိုးမြင့်ထုတ်ကုန်တွေလုပ်မယ်ဆို ဝယ်ရခက်တဲ့တစေးကို အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်ရှင့်။
သိမ့်ဇာ
Wednesday, September 9, 2020
Desktop မှာ ယူနီကုဒ် ပြောင်းပြီး Zawgyi ကော၊ Unicode ပါ ဆက်သုံးနည်

ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းဖို့ ကြိုးစားခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်ကြာခဲ့ပြီဖြစ်ပါတယ်။ အဲဒီလို အကြိမ်ကြိမ်ပြောင်းဖို့ ကြိုးစားခဲ့တာ ဒီတစ်ခေါက်ကတော့ အောင်မြင်မှု အရှိဆုံးပါပဲ။ ဒီလိုအောင်မြင်ခဲ့တာ Facebook က Facebook app မှာ Zawgyi, Uni နှစ်မျိုးလုံးဖတ်နိုင်အောင်လုပ်ပေးလို့ အခက်အခဲမရှိ ပြောင်းနိုင်ကြတာရယ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တိုက်တွန်းစကားကြောင့်ရယ်လို့ ဆိုရင် မမှားပါဘူး။
Facebook မှာတော့ ယူနီကုဒ်ပြောင်းနည်းတွေက ဖုန်းတွေအတွက်တော့ ပေါပေါများများပါပဲ၊ ဒါပေမယ့် Desktop အတွက် ပြောင်းဖို့နည်းလမ်းကိုတော့ မတွေ့မိသေးပါဘူး။ ဒါကြောင့် ရုံးတွေ၊ ရုံးတွေမှာ ယူနီကုဒ်ပြောင်းဖို့ အခက်တွေ့နေကြမှာစိုးလို့ ဒီနည်းလမ်းလေးကို Myanmar Web Designer (MWD) Co., Ltd. က မျှဝေလိုက်ရတာပါ။
Desktop မှာ Unicode ရေးနိုင်၊ ဖတ်နိုင်ဖို့အတွက် အောက်ပါနည်းလမ်းအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။
Zawgyi install လုပ်ထားတာရှိရင် Remove (သို့) Uninstall ပြုလုပ်ပါ။
(ဆယ်စုနှစ်တစ်ခုကျော် အင်တာနက်မှာ မြန်မာစာ အသုံးပြုခွင့်ပေးလို့
ကျေးဇူးတင်ပါတယ် ဇော်ဂျီရေ)
ယူနီကုဒ်ရေးဖို့ keyboard လိုပါတယ်၊ ဖတ်ဖို့အတွက် font လိုပါတယ်။ ဒါပေမယ့်
software တစ်ခု download လုပ်ပြီး install လုပ်လိုက်ရုံနဲ့ ဒီ
၂ခုလုံးအဆင်ပြေပါတယ်။ http://www.unicodetoday.org/downlo…/All-in-One-Setup-5.2.exe ကို
download လုပ်ပြီးတော့ install လုပ်လိုက်ပါ။ အောက်မှာဆက်ပြောတာတွေနဲ့
တူဖို့အတွက် ဘာ setting မှ အထူးတလည်မပြောင်းပါနဲ့။ Next တွေပဲနှိပ်သွားပါ။
Install လုပ်ပြီးရင်တော့ keyboard အတွက် Pyidaungsu MM, ဇတ်ကုဒ်
(ဇော်ကုဒ်), my-Win 2.3.0 Unicode 5.2, မြန်စံ (Smart), ဇော်ဂျီ ဆိုပြီး
Keyboard (၅)မျိုး ပါပါတယ်။
Install လုပ်လိုက်ပြီဆိုရင်တော့
ရင်းနှီးပြီးသား Zawgyi လက်ကွက်နဲ့ပဲ Zawgyi ကော Unicode ပါ
ရိုက်နိုင်မှာဖြစ်ပါတယ်။ အပေါ်မှာပါတဲ့ Keyboard (၅) မျိုးထဲက Unicode
ရိုက်ဖို့ဆိုရင် ဇတ်ကုဒ် (ဇော်ကုဒ်) ကိုရွေးပါ။ Zawgyi ရိုက်ဖို့ဆိုရင်
ဇော်ဂျီ ကိုရွေးပြီး ရိုက်ရုံပါပဲ။ Keyboard shortcut နဲ့ရွေးမယ်ဆိုရင်တော့
Ctrl + Shift
————–
အရင်ကလိုပဲ အင်္ဂလိပ်နဲ့ မြန်မာစာ အပြန်အလှန်ပြောင်းဖို့ သုံးရတဲ့ shortcut ပါ။
Ctrl + Space
—————-
ပါဝင်တဲ့
Keyboard (၅) မျိုးလုံးကို ရွေးချယ်အသုံးပြုနိုင်မှာပါ။ Keymagic
မှာဆိုရင် Keyboard (၅)မျိုးတောင် ပါဝင်တာမို့ ကိုယ်မလိုအပ်တဲ့ Keyboard
များကို Remove ပြုလုပ်ထားလို့ရပါတယ်။ Remove လုပ်ထားတဲ့အခါ keyboard
ပြောင်းရင် Ctrl + Space ခဏခဏနှိပ်ဖို့မလိုတော့ဘူးပေါ့။
အထက်ပါနည်းလမ်းတွေကို
အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ ယူနီကုဒ်စနစ်ကြီးကို
မြန်မာတစ်နိုင်ငံလုံး အသုံးပြုနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
ဒီ post ကိုဖုန်းနဲ့ဖတ်နေတာဆိုရင် computer ရှေ့ရောက်တဲ့အခါ ပြန်ကြည့်ဖို့ share လုပ်ထားလိုက်ပါ။
PC မှာ ယူနီကုဒ်မပြောင်းဖြစ်သေးတဲ့သူတွေ သင့် Friend ထဲမှာ ရှိနေမယ်ဆိုရင်လည်း Share ပေးဖို့ မမေ့နဲ့နော်။