Monday, September 7, 2020

Samsung,Oppo,Vivo,Huawei ,Xiaomiဖုန်းအားလုံးကိုမြန်မာယူနီကုဒ်ထည့်သွင်းနိုင်မယ့် ဆော့ဝဲ

 



Samsung,Oppo,Vivo,Huawei ,Xiaomiဖုန်းအားလုံးကိုမြန်မာယူနီကုဒ်ထည့်သွင်းနိုင်မယ့် ဆော့ဝဲဒီတစ်ခါတော့ ဖုန်း Model အနိမ့်/အမြင့် အားလုံးကို လွယ်ကူစွာထည့်သွင်းနိုင်ပါတယ်။ထည့်သွင်းနည်း၊အသုံးပြုနည်း များကိုလည်း Modelအလိုက်ပြပေးထားပါတယ်။Unicode အဆင်ပြေသေးသူများဒေါင်းပြီး လုပ်ကြည့်ကြပါနော်။








ဆော့ဝဲဒေါင်းယူရန် - 

 
Credit: Developer

Sunday, September 6, 2020

iOS 8.1.2 & 8.1.3 Firmware များအားတစ်နေရာတည်းမှာ ရယူနိုင်ပါပြီ (Official)


မင်္ဂလာပါ
ကျနော် Android Device ဘက်ကိုနယ်ကျွန်လာခဲ့တာကြပါပြီ
iOS Device ဘက်ကို မလှည်ဖြစ်ဘူးဖြစ်နေတယ်
မြန်မာစာအတွက်လည်း အခက်ကြီးမဟုတ်တော့
သိပ်မတင်ဖြစ်တာပါ၊ ဒီနေ့တော့ သတိရတုန်းလေး
 iOS 8.1.2 & 8.1.3 Firmware များအားတစ်နေရာတည်းမှာ
ဒေါင်းလော့ရယူနိုင်အောင် အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

iOS 8.1.3 for iPhone, iPad and iPod touch
  • Download iOS 8.1.3 For iPad Air 2 (WiFi)
  • Download iOS 8.1.3 For iPad Air 2 (WiFi + Cellular)
  • Download iOS 8.1.3 For iPad Air (WiFi + Cellular)
  • Download iOS 8.1.3 For iPad Air (WiFi)
  • Download iOS 8.1.3 For iPad Air (CDMA)
  • Download iOS 8.1.3 For iPad 4 (CDMA)
  • Download iOS 8.1.3 For iPad 4 (GSM)
  • Download iOS 8.1.3 For iPad 4 (WiFi)
  • Download iOS 8.1.3 For iPad mini (CDMA)
  • Download iOS 8.1.3 For iPad mini (GSM)
  • Download iOS 8.1.3 For iPad mini (WiFi)
  • Download iOS 8.1.3 For iPad mini 2 (WiFi + Cellular)
  • Download iOS 8.1.3 For iPad mini 2 (WiFi)
  • Download iOS 8.1.3 For iPad mini 2 (CDMA)
  • Download iOS 8.1.3 For iPad mini 3 (WiFi)
  • Download iOS 8.1.3 For iPad mini 3 (WiFi + Cellular)
  • Download iOS 8.1.3 For iPad 3 Wi-Fi
  • Download iOS 8.1.3 For iPad 3 Wi-Fi + Cellular (GSM)
  • Download iOS 8.1.3 For iPad 3 Wi-Fi + Cellular (CDMA)
  • Download iOS 8.1.3 For iPad 2 Wi-Fi (Rev A)
  • Download iOS 8.1.3 For iPad 2 Wi-Fi
  • Download iOS 8.1.3 For iPad 2 Wi-Fi + 3G (GSM)
  • Download iOS 8.1.3 For iPad 2 Wi-Fi + 3G (CDMA)
  • Download iOS 8.1.3 For iPhone 5 (CDMA)
  • Download iOS 8.1.3 For iPhone 5 (GSM)
  • Download iOS 8.1.3 For iPhone 5c (CDMA)
  • Download iOS 8.1.3 For iPhone 5c (GSM)
  • Download iOS 8.1.2 For iPhone 5s (CDMA)
  • Download iOS 8.1.2 For iPhone 5s (GSM)
  • Download iOS 8.1.2 For iPhone 6
  • Download iOS 8.1.2 For iPhone 6 Plus
  • Download iOS 8.1.2 For iPhone 4s
  • Download iOS 8.1.2 For iPod touch 5G
 တစ်ချက်ကလစ်တာနဲ့ ဒေါင်းလော့လင့်များ
ကျလာမှာဖြစ်ပါတယ်။

iOS 8.1.2 for iPhone, iPad and iPod touch

တစ်ချက်နှိပ်လိုက်ရင် ဒေါင်းလော့လင့်များ
ကျလာမှာဖြစ်ပါတယ်။

တကယ်လို့ မဒေါင်းတတ်သေးရင်တော့
အောက်ကပုံလေးအတိုင်းဒေါင်းလော့ယူပါ

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

                                            kosoeit.blogspot.com

Monday, June 29, 2020

မိမိဖုန်းကို Unicode အဖြစ်သို့ပြောင်းသုံးနည်း




မိမိဖုန်းကို Unicode အဖြစ်သို့ပြောင်းသုံးနည်း။ပြောင်းနည်းကတော့ အရမ်းလွယ်ကူပါတယ်Zfont ကိုအသုံးပြု ပြီးပြောင်းမှာဖြစ်ပါသည် ။
ဘယ်ဖုန်းတွေအလွယ်တကူပြောင်းလို့ရမလဲဆိုရင် Samsung ,Oppo,Vivo ,Realme, Huawei (EMUI), Xioaomi (MIUI) တွေအလွယ်တကူပြောင်းလို့ရပါမယ် ။
ကျွန်တော်ကတော့ Mi Phone နဲ့ လုပ်ပြထားပါတယ်
Keyboard ကိုတော့ ကျွန်တော်ကတော့ Bagan နဲ့ပဲသုံးပါတယ် ။
အခုနောက်ထွက်လာတဲ့ Bagan Keyboard မှာ Unicode ရော Zawgyi အလွယ်တကူပြောင်းရိုက်နိုင်ပါတယ် ။
ပီးရင် စာရိုက်တဲ့အခါမှာ လက်နဲ့ရေးစရာမလို့ပဲ အသံ
ဖြင့်ပြောလိုက်ရုံနဲ့ စာရေးလို့ရနေပါပြီ ။ နောက်အားသာချက်တစ်ခုက အရင်တုန်းက Zawgyi ဖြင့်

Wednesday, April 1, 2020

PayPal အကောက် Verify အလွယ်တကူ လုပ်နည်း




PayPal အကောက်ကို Verify ဖြစ်အောင် လုပ်မယ် ဆိုရင် အရင်က ကျွန်တော်ပြောခဲ့သလို VisaCard တို့  Master card တို့ လိုအပ်ပါတယ် ကျွန်တော်က အခု ထိုင်းမှာ နေတဲ့ အတွက် ထိုင်းနိုင်ငံက ကဒ်တွေကို အခြေခံပြီး ပြောပြပေးသွားပါမယ်.. ကျွန်တော်ကတော့ ထိုင်းဘဏ် တစ်ခုဖြစ်တဲ့ K-Bank မှာ VISA card တစ်ခု ကျွန်တော့် နာမည်နဲ့ လုပ်လိုက်ပါတယ် ..။ ရိုးရိုးက ဘတ် ၃၀၀ အာမခံနဲ့က ဘတ် ၈၀၀ ဖြစ်ပါတယ်..။ ဒါပေမဲ့ ကဒ်လုပ်ပြီးတာနဲ့ တစ်ခါတည်း အင်တာနက်မှာ သုံးလို့ မရသေးပါဘူး အင်တာနက်မှာ သုံးလို့ ရဖို့အတွက် Bank service ထဲဝင်ပြီးတော့ internet shopping  ပြန်လုပ်ရပါတယ်။

Wednesday, February 12, 2020

Radio တစ်ခုဘယ်လိုလုပ်လဲ




 

Radio တစ်ခု Run တာခက်ခဲတယ့် အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဓိက အချိန်နဲ့ လူအင်အား ရှိဖို့တော့ လိုပါတယ်။ ကျွန်တော်ဒီ Tutorial ကိုကိုယ့်ဘာသာ Online Radio လုပ်ချင်ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေကို ကိုယ်ဆီက သီချင်းတွေ ပို့စရာမလိုပဲ နားထောင်စေ ချင်တာလောက်ပဲ ဖြစ်ဖြစ် memory မစား၊ လွယ်လွယ်ကူကူနဲ့ Free လုပ်နိုင်မယ့်နည်းနဲ့ ကိုယ့်စိတ်ကြိုက် Radio တစ်ခုလုပ်ချင်တဲ့ ပြည်ပရောက် မြန်မာ Generation တွေအတွက် ရည်ရွယ်ပြီး လုပ်လိုက်တာပါ။ Free ဆိုတဲ့အတိုင်း ကန့်သတ်ချက် တစ်ခုကတော့ မြန်မာပြည်က အသုံးပြုသူတွေ အတွက်တော့ မရပါဘူး။ အဓိက Port အခက်အခဲကြောင့်ပါ။ Free ဖြစ်တာကြောင့် Sign Up လုပ်တဲ့အခါ ကိုယ်လိုချင်တဲ့ Port ပေးတာမျိုး မဟုတ်ပဲ သူတို့ချပေးတာပဲ ယူရတော့ Port 80 နဲ့ Port 443 ပဲပွင့်တယ့် မြန်မာ Internet အတွက် အဆင်ပြေ လှပါဘူး။ ဒါကို ကျော်ပြီး လုပ်လို့ရတဲ့ နည်းလမ်းတွေ မရှိဘူးလာဆိုတော့ မဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမဲ့ အဓိကဒီ Tutorial မှာလွယ်လွယ်နဲ့ တိုက်ရိုက် လုပ်နိုင်အောင်ပဲ ပြချင်တာမို့လို့ တခြား Software တွေသုံးရမယ့် အပိုင်းတွေကို ချန်လှပ်ထားခဲ့ပါတယ်။ စလိုက်ကြရအောင်။
ပထမဆုံး ဘာမှမလုပ်ခင်မှာ www.freeshoutcast.com မှာ Acct ကို Register လုပ်ပါ။ အခု Radio ထောင်မယ့်နေရာမှာ အသုံးပြုမှာ Shoutcast Server ပါ။ Shoutcast နဲ့ပတ်သက်ပြီး Free ပေးနေတယ့် Shoutcast Host တွေအများကြီး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခု နားထောင်နိုင်တဲ့ Listener အရေအတွက်၊ Radio လွှင့်မယ့် Quality အတွက် Encoding စသဖြင့် ကွဲပြားပါတယ်။ Port 80 ကို Free မှာချပေးမယ့် Shoutcast Hosting တွေရှိကောင်း ရှိပါလိမ့်မယ်။ ကိုယ်ကြွမ်းကျင်သလို Google မှာရှာဖွေ နိုင်ပါတယ်။ အဓိက ပြောချင်တာ အသုံးပြုမဲ့ Server အမျိုးအစား ကတော့ Shoutcast ပါ။ Freeshoutcast.com မှာတော့ Listener အယောက် ၁၀၀ထိ အလကားပေး ထားတာဖြစ်ပြီး လွှင့်တဲ့နေရာမှာလဲ Quality ကို 64 Kbps အထိ Bitrate ကိုသွားနိုင်ပါတယ်။ ဒီ Tutorial မှာ freeshoutcast.com ကိုအသုံးပြုထားပါတယ်။ အဓိက ဘယ်လိုလုပ်ရလဲ ဆိုတာနားလည်သွားရင် ဘယ် Hosting သုံးသုံး အခြေခံကတော့ အတူတူပါပဲ။ Register လုပ်ပြီး Email ကနေ Activate လုပ်ပြီးရင် http://cp.freeshoutcast.com/cp.php ကနေ ကိုယ် Register လုပ်ထားတုံးက အသုံးပြုတဲ့ Username နဲ့ Password သုံးပြီး Log In လုပ်ပါ။ ၀င်လိုက်တာနဲ့ ပုံ၁မှာ ပြထားတဲ့ အတိုင်းမြင်ရမှာပါ။

1

ဒါက ကိုယ်ရဲ့ Shoutcast အတွက် ထိမ်းချုပ်နိုင်တဲ့ Control Panel ပေါ့။ ဘယ်မှ ဆက်မသွား သေးခင်မှာ ပုံ၁မှာ မြင်ရတဲ့ အပေါ်နားလေးက "Your FreeSHOUTCAST" ကိုတစ်ချက် နှိပ်လိုက်ပါ။ Shoutcast ကို run ဖို့အတွက် လိုအပ်တဲ့ အခြေခံ Information တွေဒီက ယူရမှာ ဖြစ်ပါတယ်။ ပုံ၂မှာ မြင်ရတဲ့ Host ကတော့ အကုန်အတူတူပါ။ Portbase မှာတစ်ယောက်နဲ့ တစ်ယောက် မတူသလို Password လည်းမတူနိုင်ပါဘူး။ နောက်ပိုင်း Password ပြောင်းဖို့ ပြပေးပါမယ်။ ဒီအဆင့်ထိ ရောက်ပြီးဆိုရင်တော့ ခဏရပ်ပြီး လိုအပ်တဲ့ Software လေးတွေ Download လိုက်ကြရအောင်။

2

အသုံးပြုမယ့် Software ကတော့ တစ်မျိုးထဲပါ။ ဒါပေမဲ့ Shoutcast လုပ်နိုင်ဖို့အတွက် Plugin ထည့်ပေးရမှာ ဖြစ်လို့ စုစုပေါင်း နှစ်ခု Install ရပါမယ်။ Software က Music Player ဖြစ်တဲ့ Winamp ပါ။ တော်တော်များများ သိပြီးသား ဖြစ်မှာပါ။ Winamp က Microsoft Windows မှာပါပြီးသား Windows Media ကိုကောင်းကောင်း အစားထိုးနိုင်ပါတယ်။ နောက်တစ်ခုကတော့ Radio လွှင့်ဖို့ လိုအပ်တဲ့ DSP Plugin ပါ။ တစ်ခြားနည်းတွေ ရှိပေမဲ့ DSP Plugin နဲ့လုပ်ရတာ အလွယ်ကူဆုံးပါ။

Winamp ကို Install လုပ်တဲ့ နေရာမှာ တခြားမလိုအပ်တဲ့ Toolbar တွေမှားပြီး မသွင်းမိစေဖို့ သတိထားပြီး Install လုပ်ပါ။ Installation step by step တော့ မပြောတော့ ပါဘူး။ ဒါပေမဲ့ Install လုပ်တဲ့အခါ Yes ပဲဆက်တိုက် မလုပ်ပဲ တစ်ဆင့်ချင်းမှာ သေချာဖတ်ပြီး လုပ်ဖို့ အကြံပေး ပါရစေ။ ဘာအန္တရာယ်မှ မရှိပေမဲ့ မလိုအပ်တဲ့ Junk Software တွေ Computer ထဲမှာ မရှိရင် အကောင်းဆုံးပါ။ Winamp ကိုသွင်းပြီးရင် DSP Plugin ကိုဆက်ပြီး Install လုပ်ပါ။ မလုပ်ခင်မှာတော့ Winamp ကိုပိတ်လိုက်ပါ။ DSP Plugin ကတော့ လွယ်ပါတယ်။ တောက်လျှောက် Next နှိပ်ပြီး Install အလွယ်တကူ လုပ်နိုင်ပါတယ်။ Winamp မှာ Install လုပ်ပြီးရင် Skin ရွေးတဲ့အခါ  Bento, Winamp Modern, Winamp Classic ဆိုပြီး ရှိတာပြောရရင် Winamp Modern Skin ကကျွန်တော့် အမြင်မှာ ရှင်းပြီး လုပ်ရတာ လွယ်ပါတယ်။ ကိုယ်ကတခြား Skin ရွေးမိလို့ ပြန်ပြောင်းချင်တယ် ဆိုရင်တော့ Winamp ရဲ့ Menu မှာ Options > Skins ကနေ ရွေးနိုင်ပါတယ်။
3

လိုအပ်တဲ့ Software တွေလည်း ရပြီ၊ ထည့်ဖို့ Information လည်းသိပြီ ဆိုတော့ အောက်မှာ ဆက်ကြည့်ကြတာပေါ့။

အပေါ်မှာ ကိုယ့် Server Information ပေးထားတဲ့ နေရာမှာ Host ရဲ့ free.freeshoutcast.com ဆိုတဲ့ Domain ကို IP အရင်ပြောင်းတာပေါ့။ မပြောင်းချင်လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီ Domain ကြီးပါနေတာကို သဘောမကျလို့ IP ပြောင်းလိုက်တော့ ကြည့်ရတာ ပိုအဆင်ပြေသလို ခံစားရလို့ပါ။ ပြောင်းချင်တဲ့ သူတွေအတွက် 188.165.229.150 ကိုသုံးနိုင်ပါတယ်။ ကျွန်တော့် Tutorial မှာတော့ 188.165.229.150 ကို Host အတွက်သုံးထားပါတယ်။ သတိပြုဖို့ 188.165.229.150 ဆိုတာ free.freeshoutcast.com နဲ့အတူတူပါပဲ။ ပုံ၎မှာ ပြထားသလို ကျွန်တော် အနီနဲ့ ၀ိုင်းထားတဲ့ နေရာမှာ အချပ်အလက်တွေ ဖြည့်ပါ။ Address မှာ Host ကိုထည့်ပြီး Port နဲ့ Password မှာ ကိုယ့်မှာ ရှိတာကိုယ်ဖြည့်ပါ။ use SHOUTcast V1 mode ကို Check လုပ်ထားပါ။ အရေးကြီးပါတယ်။ ပြီးရင် Yellow Pages ဆိုတဲ့ Tab ကိုတစ်ချက် ကူးပြီး ပုံ၅မှာ ဖြည့်သလို ဖြည့်နိုင်ပါတယ်။ ပြီးရင် Encoder ကိုသွားပြီး အောက်က Encoder Type ကို MP3 Encoder ပြောင်းပါ။ Encoder Settings မှာဆွဲချရင် 64kbps, 22050 Hz, Stereo ကိုရွေးလိုက်ပါ။ 64 ထက်ပိုရွေးပြီး Stream မိတယ်ဆိုရင် တစ်ရက် အပိတ်ခံရပါတယ်။ 64 ထက်လျော့ပြီး 56 ဖြစ်ဖြစ် တခြားဟာဖြစ်ဖြစ် ရွေးနိုင်ပါတယ်။ အဓိက 64 Kbps ထက်မကျော်ဖို့ပါ။
4
5
6
အကုန်လုံးထည့်ပြီးပြီ အဆင့်သင့် ဖြစ်ပြီဆိုရင်တော့ ခုနက Control Panel ရဲ့ Your FreeSHOUTCast မှာ Action အောက်က Start ကိုတစ်ချက်နှိပ်လိုက်ပါ။ Shoutcast ကိုစ Run ဖို့ Server ကိုစလိုက်တဲ့ သဘောပါ။ ဒီအတိုင်းမ Run ခင်မှာ Server ကအမြဲတမ်း offline ပါ။ ကိုယ်စမ Run ခင်မှာ Offline လား Online လား အမြဲ Check ပါ။ Server ကို start လုပ်ပြီးသွားရင် Control Panel အောက်နားမှာ မြင်ရတဲ့ Status က On ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။
7
8

Server လည်း Start လုပ်ပြီးရင်တော့ Winamp Player ကိုသွားပါ။ ပြီးရင်ပုံ၉မှာ မြင်ရသလို Connect ကိုနှိပ်လိုက်တဲ့အခါ Bytes တွေတက်လာတာ မြင်ရရင် အကုန်အဆင်ပြေပြီး Online ရေဒီယို တစ်ခုကိုယ့်ဟာနဲ့ ကိုယ် Run နေပြီလို့ ပြောနိုင်ပါပြီ။
9
FreeSHOUTCast ရဲ့ Control Panel ပြန်သွားရင် Your FreeSHOUTCast အထဲမှာ Action အောက်က Manage ကိုတစ်ချက်နှိပ် လိုက်ပါ။ Admin Password နဲ့ Password ဆိုပြီး ပြောင်းလို့ရတာလေး နှစ်ခုကို တွေ့မိပါလိမ့်မယ်။ ကိုယ်ကနဂိုသူ ပေးထားတဲ့ Password ကိုမကြိုက်လို့ ပြောင်းချင်တယ် ဆိုရင် ဒီကပြောင်းလို့ ရပါတယ်။ သတိပြုပါ။ ဒါက Shoutcast ကိုဖွင့်ဖို့ သုံးတဲ့ Password ကိုပြောင်းတာပါ။ ဒီ Control Panel ထဲဝင်တယ့် Password မဟုတ်ပါဘူး။ Control Panel ထဲဝင်တာကို Account ကနေတဆင့် ပြောင်းနိုင်ပါတယ်။ အခု Manage မှာကြည့်လိုက်ရင် Admin Password ဆိုပြီး စဉ်းစားစရာ တစ်ခုတွေ့မိ ပါလိမ့်မယ်။ Shoutcast ကို Server ပေါ်တင်တဲ့အခါ နဂိုသူရဲ့ Shoutcast Panel တစ်ခုပါပါတယ်။ ဒါပေမဲ့ Hosting တွေက သူတို့ကိုယ်တိုင် လုပ်ထားတဲ့ Control Panel တွေနဲ့ အုပ်ထားတော့ ဒီ Panel ကိုသိပ်မသွား ဖြစ်တော့တာပါ။ အဲဒါကို သွားဖို့အတွက် http://188.165.229.150:43472 ဆိုပြီး 43472 နေရာမှာ ကိုယ့်ရဲ့ ရထားတဲ့ Port နံပတ်နဲ့ ပြောင်းပေးပြီး Address ကို Browser မှာရိုက်ထည့်လိုက်ရင် အောက်က အတိုင်းမြင်ရမှာပါ။
10
ပုံထဲမှာ မမြင်ရပေမဲ့ အဲစာမျက်နှာ ရောက်သွားရင် ညာဖက်အစွန်ဆုံး Admin Log in မှာတစ်ချက် နှိပ်လိုက်ရင် user name နဲ့ password တောင်းတဲ့ Windows တစ်ခု တက်လာပါလိမ့်မယ်။ Username က admin ပါ။ Password ကအပေါ်မှာ ပြောထားတဲ့ Manage မှာ ကြည့်ရင် မြင်ရတဲ့ Admin Passowrd ဆိုပြီးပေးထားတာနဲ့ အတူတူပါပဲ။ Log In လုပ်ပြီးသွားရင်အောက်က ပုံအတိုင်း မြင်ရမှာပါ။ ကိုယ့် Listener တွေရဲ့ IP အဓိက ကြည့်နိုင်မှာ ဖြစ်ပြီးတခြား Information တွေပါ မြင်ရမှာပါ။ ဒါဆိုရင်အဆင် ပြေလောက်ပြီပေါ့။ ကိုယ့် Radio နားထောင်ဖို့ Link ပေးချင်တယ်ဆိုရင် FreeSHOUTCast Panel ထဲက WebPlayer အောက်က Link ကိုအလွယ်တကူ ပေးနိုင်သလို ကိုယ်က တိုက်ရိုက် နားထောင်ချင်တဲ့ Link ပေးချင်ရင် http://188.165.229.150:43472/listen.pls ဆိုပြီး 43472 နေရာမှာ ကိုယ့် Port ပြောင်းပြီး ပေးနိုင်ပါတယ်။
11
ကျွန်တော်ရေးထားတာ မပြည့်စုံပါဘူး။ နောက်ပြီး Computer အခြေခံ မရှိရင် နားလည်ဖို့ ခက်ပါလိမ့်မယ်။ အကုန်လုံးကို အစအဆုံး လိုက်ရှင်းပြဖို့အတွက် အဆင်မပြေလှပါဘူး။ ဘာဖြစ်ဖြစ် ဒီလောက်ဆိုရင် ဘယ်လိုလုပ်လဲ ဆိုတာအနည်းနဲ့ အများ သဘောပေါက်မှာပါ။ မရှင်းတာတွေ အောက်မှာ Comment ထားခဲ့ပါ။ ကျွန်တော်တို့ Reply လုပ်ပေးပါမယ်။ MYMC Facebook Wall မှာလည်း မေးခဲ့လို့ ရပါတယ်။ ကျွန်တော် Facebook ကို Message ပိုပြီးလည်း မေးနိုင်ပါတယ်။ ကူညီလို့ရသလောက် အဆင်ပြေအောင် ကျွန်တော်ကူညီပေးမှာပါ။ ပြည့်စုံတဲ့ Tutorial မဟုတ်ပေမဲ့ ယူသုံးမယ်ဆိုရင်တော့ Credit ပြန်ထားပေးပါ။ ၅မိနစ်လောက် Copy လုပ်သွားတာလေး အတွက် ကျွန်တော်တို့ ၅နာရီစာလောက် လုပ်ထားရတာပါ။
 Credit to MYMC    (http://phyozinlinblogger.blogspot.com/2013/06/radio.html ) မှကူးယူဖော်ပြပါသည်။

Friday, January 10, 2020

ဆားဝက်ခြံအတွက် သဘာဝ နည်းလမ်းကောင်းများ




 ဒီဆောင်းပါးလေးမှာတော့ ဆားဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေနိုင်တဲ့ ရိုးရှင်း လွယ်ကူတဲ့ သဘာဝနည်းလမ်း လေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။


မုန်လာဥနီကိုအနှစ်ဖြစ်အောင်ကျိတ်ပြီးမျက်နှာမှာလူးပါ။ဆားဝက်ခြံတွေသိသိသာသာ ပျောက်ကင်းသွားတာ

တွေ့ရမှာ ဖြစ်ပါတယ်။

လိမ္မော်သီးအခွံကို ကျိတ်ပြီး ရေနဲ့ပျစ်ပျစ်လေး ရောမွှေ ပေးပါ။ ဆားဝက်ခြံရှိတဲ့ နေရာတွေကို သုတ်လိမ်းပြီး တစ်ည ထားလိုက်ပါ။ ပျောက်ကင်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
 
ပူဒီနာရွက် အရည်နဲ့ နနွင်းမှုန်ကို ရောပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေကို လိမ်းပေးပါ။ မိနစ် ၃ဝ လောက် ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ 


ဆားဝက်ခြံရှိတဲ့ နေရာမှာ သွားတိုက်ဆေး သုတ်လိမ်းပြီး ခြောက်သွားတဲ့အခါ ခွာချလိုက်ရင်လည်း ဆားဝက်ခြံတွေ ပျောက်ကင်း သွားမှာဖြစ်ပါတယ်။

Monday, December 23, 2019

အင်္ဂလိပ်စာလေ့လာသူများအတွက် အရမ်းကောင်းတဲ့ ဆော့ဝ်ဖြစ်


Zawgyi နှင့် Unicode
နှစ်မျိုးဖြင့် ဖတ်နိုင်သည့် Application ပါ။

အင်္ဂလိပ်စာလေ့လာသူများအတွက် ဒီApplication ကို သုံးခြင်းအားဖြင့်ဖုန်းထဲတွင် ScreenShort များနဲ့ Save ထားစရာမလိုဘဲ ဒီApplication အတွင်းတွင်လေ့လာနိုင်ပါတယ်။
ဘယ်နေရာရောက်ရောက် အင်္ဂလိပ်စာသင်ယူဖို့ဒီ App ကို Install လုပ်ထားပါ။

1.Basic Level အတွက် Speaking သင်ခန်းများ