Friday, April 27, 2018

ရေတက်ရေကျနှင့် ရေလွှမ်းနစ်မြုပ်သော နေရာများအတွက် သင့်လျော်သော မိုးစပါးစိုက်ပျိုးနည်း စနစ်များ




၁။သင့်လျော်သောစပါးမျိုးရွေးချယ်ခြင်း
- စားသုံးမှုအရေအသွေးနှင့် အထွက်နှုန်း ကောင်းမွန်သော ရေမြုပ်ခံ စပါးမျိုးသန့်ကို ရွေးချယ် စိုက်ပျိုးပါ။ ရေတက်၊ရေကျ၊ရေလွှမ်းနစ်မြုပ်သောနေရာများအတွက် အသင့်တော်ဆုံးမျိုးကို အောက်တွင်ဖော်ပြပေးထားပါသည်။

၂။ ပျိုးဘောင်ပြင်ဆင်ခြင်း
- ဒေသအလိုက် ရေတက်ရေကျ မှတ်တမ်းများအရ စိုက်ခင်းရေလွှမ်းချိန်နှင့် ရွှေ့ပြောင်းစိုက်ပျိုးချိန် မတိုက်ဆိုင်စေရန် ပျိုးထောင်ချိန်ကို ချိန်ဆပျိုးထောင်ပါ။
- ပျိုးခင်းနေရာကို မြှင့်သော၊ ရေမမြုပ်သော၊ သွင်းရေအတွက် ရေချိုအရင်းအမြစ်နှင့်နီးသော၊ လမ်းမီးရောင်နှင့်ဝေးသော၊ ရောဂါနှင့်ပေါင်းမြတ်တို့ကင်းစင်သော၊ မြေဆီမြေသြဇာထက်သန်သော၊ မြေနေရာကိုရွေးချယ်ပါ။
- အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ကို ပြာတီးသန့်စင်၍ ဆားရည်စိမ်ရွေးချယ်ပီးမှ အသုံးပြုပါ။
- မျိုးစေအား ၁ရက် ရေစိမ်ပီးမှ ၁ ရက်(သို့) ၂ရက်၊ စာပါးစပ်ပြုချိန်အထိ မျိုးအုပ်ပါ။
- မျိုးစေ့မချမှီ ၂-၃ရက် အလိုတွင် ပျိုးဘောင်ပြင်ဆင်ပါ။
- တစ်ဧကစိုက်ခင်းအတွက် မျိုးစေ့ ၈ ပြည်မှ ၁ တင်းနှင့် ပျိုးဘောင်ဧရိယာ ဝ.၁ဧကအတွက် (စိမ့်မြောင်းဧရိယာမပါ) လိုအပ်ပါသည်။
- မြေပြင်ချိန်တွင် ပျိုးဘောင်ဧရိယာ ဝ.၁ဧက အတွက် မြေဆွေး (သို့) နွာချေးဆွေး လှည်းတစ်စီး ညီညာစွာထည့်ပါ။
- ၃ပေခြားတိုင်း ၁ပေ (သို့) ၁ပေခွဲ စိမ့်မြောင်းတစ်ကြောင်း ဖော်ပါ။
- ပျိုးဘောင်မြေမျက်နှာပြင်ကိုညီညာစွာညှိပါ။
- ပျိုးဘောင်ဧရိယာ ဝ.၁ ဧကအတွက် ၁၅ပတ်လည် (N 15;P2 O5 15; K2O15 ) ကွန်ပေါင်းမြေသြဇာ ၄ပြည်၊ နို့ဆီဘူး ၂ဘူး ညီညာစွာထည့်ပါ။
- အညှောင့်ဖောက်ထားသောမျိုးစေ့များအား ပျိုးဘောင်ပေါ်သို့ ခပ်ခပ်ကြဲကြဲချပြီး (ပျိုးသက် ၃၅မှ ၄၀ရက်သား အတွက် ၃ပေပတ်လည် ပျိုးဘောင်ပေါ်တွင်မျိုးစေ့နို့ဆီဘူး ၁ဘူးခွဲနှုန်း)၊ မြေဆွေး/ နွားချေးဆွေး/ စပါးခွံဖွဲပြာ ခပ်ပါးပါးအုပ်ပါ။
- ပျိုးဘောင်ကို အမြဲရေစိုအောင်ရေထိန်းထားပါ။ပျိုးကြဲပြီး ၅ ရက် ၇ရက်မှစ၍ ပျိုးပင်သက်တမ်းတစ်လျှောက်အပင်အမြင့်ပေါ်မူတည်၍ရေခပ်ပါးပါးထား၍ရေသွင်းရေထုတ်ပြုလုပ်ပါ။ဆားငန် ရေမဟုတ်သောရေချိုသွင်းပေးရန်ဖြစ်သည်။
- လိုအပ်ပါက ပိုးမွှား၊ရောဂါကိုစနစ်တကျကာကွယ်နှိမ်နင်းပါ။
- ပျိုးမနှုတ်မှီ ၇-၁၀ရက်ခန့်အလိုတွင် ပျိုးဘောင်ဧရိယာဝ.၁၅ဧကအတွက် ယူရီးယားဓာတ်မြေသြဇာ၂ပြည် နို့ဆီဘူး ၂ဘူးနှင့် ဇီဖာ ၁.၅ ကီလိုဂရမ်ကို ရေဖျော်လောင်း (သို့) ကြဲပတ်ကြွေးပါ။
- ရွေ့ပြောင်းမစိုက်မှီ လက်ပေါင်းလိုက်ခြင်းဖြင့် ပျိုးဘောင်ကို ပေါင်းကင်းစင်အောင်ဆောင်ရွက်ပါ။
- ပျိုးနှုတ်ခါနီး အချိန်တွင် ရေသွင်းပေးခြင်းဖြင့် ပျိုးနှုတ်ရလွယ်ကူစေပြီး ပျိုးပင်များ ဒဏ်ရာရမှုသက်သာစေပါသည်။
- ပျိုးနှုတ်ရာတွင် အမြစ်များ မပြတ်ရန် သတိထားရမည်။ဒဏ်ရာရသောအမြစ်များမှတစ်ဆင့် စပါးပင်အတွင်းသို့ ဆားများ အလွယ်တကူ စုပ်ယူဝင်ရောက်စေနိင်သောကြောင့် ဖြစ်ပါသည်။
၃။ စိုက်ခင်းမြေပြင်ခြင်း
- စပါးပြောင်းရွှေ့မစိုက်မီ ၁လခန့်ကြိုတင်၍ မြေပြင်ပါ။
- မိုးရွာပြီး (သို့မဟုတ်) လုံလောက်သည့်အစိုဓာတ်ရရှိချိန်တွင် ထယ်အနက် ၆-၈ လက်မခန့်ထယ်ထိုးပါ။
- ထယ်ထိုးပြီးတစ်ပါတ်ခန့်အကြာတွင် ဒုတိယအကြိမ်ထွန်နှစ်စက်မွှေပါ။
- ဒုတိယအကြိမ်ထွန်မွှေပြီး တစ်ပါတ်ခန့် (သို့မဟုတ်) ပြောင်းရွှေ့မစိုက်မှီတစ်ရက်အလိုတွင် နောက်ဆုံးအကြိမ်ထွန် ၂စပ်မွှေပါ။
- နောက်ဆုံးထွန်နှစ်စက်ကြားတွင် မြေခံမြေသြဇာကို ညီညာစွာကြဲပတ်ပါ။
- ကြမ်တုံးရိုက်၍ မြေကိုညီညာအောင် ညှိပါ။
၎။ စိုက်စနစ်
(က) ရွှေ့ပြောင်းစိုက်ပျိုးခြင်း
သက်လက်စပါးမျိုးများအတွက် ပျိုးသက် ၃၀ရက်သား၊ ရေမြုပ်မည်ဆိုလျှင် ၃၅ရက်သား စိုက်ပါ။
သက်ကြီးစပါးမျိုးများအတွက် ပျိုးသက် ၃၅- ၄၀ ၊ ရေမြုပ်မည်ဆိုလျှင် ၄၅ ရက်သားစိုက်ပါ။
မြေခံမြေသြဇာ မထည့်သွင်းမီနှင့် ရွှေ့ပြောင်းမစိုက်မီ အချိန်တို့တွင် ကွင်းအတွင်းမှရေထုတ်ပါ။
ရေအလွန်နက်၍ ကွင်းအတွင်းမှရေမထုတ်နိင်မှသာလျှင် စူးထိုး၍စိုက်ပါ။
ပျိုးနှုတ်ပြီး တစ်ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးပါ။
ပျိုးပင်အမြင့်သည်စိုက်ခင်းအတွင်းရှိ ရေမျက်နှာပြင်ထက် ပိုမြင့်နေရမည်။
ကောက်ကွက်တစ်ကွက်လျှင် ပျိုးပင်လက်ဆ ၂ - ၃ ပင် သုံး၍ သမန်း အတွင်းသို့ ၁ - ၁.၅ လက်မထက် ပိုမနင်စေဘဲ စိုက်ပျိုးပါ။
တန်းကြား ပင်ကြားကို ၈လက်မ x ၆လက်မ(သို့) ၈လက်မ x ၈လက်မဖြင့် စိုက်ပျိုးပါ။
စိုက်ပြီးတစ်ပတ်အတွင်း ကောက်ပင်ဖော်ပါ။
(ခ)အစိုသမန်းပြင်တွင် တိုက်ရိုက်အစေ့ချခြင်း
ကောင်းမွန်သော မျိုးသန့်မျိုးစေ့ကို အသုံးပြ၍ မျိုးစေ့ နှုန်းထားမှာ တစ်ဧကလျှင် ဒေသမျိုးများအတွက် ၁ တင်းနှင့် အထွက်ကောင်းမျိုးများအတွက် ၁ တင်းခွဲနှုန်း အသုံးပြုပါ။
မျိုးစေ့အား ၂၄ နာရီ ရေစိမ်၍ မျိုးညှောင့်ထွက်အောင် ၄၈မှ၇၂ နာရီမျိုးအုပ်ပါ။ သမန်းစားခြင်းမှ သက်သာရန် ဖြစ်သည်။
အပင်သက်တမ်း(၂၅ - ၃၀) ရက် နောက်ပိုင်းတွင် ရေလွှမ်းဒဏ်ကို ပို၍ ခံနိင်ရည်ရှိခြင်းကြောင့် စိုက်ချိန်ကို လိုအပ်သလို ချိန်ဆ စိုက်ပျိုးပါ။
ကြဲပတ်စိုက်ပျိုးရာတွင် သမန်းကောင်းအောင် ပြုပြင်ပြီး ရေထုတ်ပီးစ(သို့) ရေစပ်စပ်အခြေအနေတွင်စိုက်ပျိုးပါ။
၅။မြေသြဇာကျွေးခြင်း

၆။ ရေသွင်းရေထုတ် ပြုလုပ်ခြင်း
တာရိုး၊ တမံနှင့် ရေသွင်းရေထုတ် ရေတံခါးများကို တစ်ကွင်းတစ်စပ်အတွင်းရှိ တောင်သူများပူးပေါင်း၍ တစ်ပိုင် တစ်နိုင် ပြုလုပ်၊ ပြင်ဆင် မွမ်းမံပါ။
ရေသွင်း၊ ရထုတ်လွယ်ကူစေရန် လယ်ကြားမြောင်းများ ပြုလုပ်ပါ။
ရေစီမံခန့်ခွဲမှုကို လိုအပ်သလို ဆောင်ရွက်နိင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို ညီအောင်ညှိပါ။
ကန်သင်းများကို ခိုင်ခန့်အောင့်ပြုလုပ်ပြီး ကြွက်တွင်းများ မရှိစေရန် ဂရုစိုက်ပါ။
ရေလွှမ်းနေစဉ်အတွင်း ဒီရေကျချိန်တွင် ကွင်းအတွင်းမှ ရေထုတ်ပါ။ မရိတ်မီ ၂ပတ်အလိုတွင် ရေဖောက်ထုတ်ပါ။
၇။ပေါင်းမြတ်ကာကွယ်နှိမ်နင်းခြင်း
မြေကို ပေါင်းကင်းစင်အောင် ထယ်ထိုးထွန်ယက်ပါ။ ပထမအကြိမ်နှင့်ဒုတိယအကြိမ် မြေပြင်ချိန်အတွင်း ပေါင်း မြက်များစုံလင်အောင် ပေါက်ပါစေ။ မြေကို ၇-၁၀ ရက်ခြား၍ ထယ်ထိုးထွန်မွှေပါ။
ရွေ့ပြောင်းမစိုက်မီ သမန်းပြင်ပြီး မြတ်ခေါင်းကောက်ပါ။
အတန်းလိုက်စိုက်ပါက ရေထုတ်ပြီး သမန်းနိုးကိရိယာဖြင့် ကြားပေါင်းလိုက်ပါ။
ပေါင်းနှိမ်ခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို စပါးစိုက်ပြီး ၃၀ - ၄၅ ရက်မတိုက်မီ အပြီးဆောင်ရွက်ပါ။
ရေလွှမ်းနစ်မြုပ်သော နေရာအများစုတွင် ပေါင်းပြဿနာ ကျရောက်မှုနည်းသော်လည်း တိုက်ရိုက်အစေ့ချစနစ်ကို အသုံးပြုပြီး ပေါင်းမြက်ဆိုးရွားစွာ ကျရောက်လေ့ရှိပါက ပေါင်းအမျိုးအစားအပေါ်မူတည်၍ မှတ်ပုံတင်ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းတွင်ပါဝင်သော ညွှန်ကြားချက်များနှင့် ထောက်ခံနှုန်းထားအတိုင်း စနစ်တကျ အသုံးပြုပါ။ ဥပမာ - အဓိကကျရောက်သော ပေါင်းအမျိုးအစားသည် မြက်နှင့် မြက်မုံညှင်းမျိုးရင်းဖြစ်ပါက အောက်ဖော်ပြပါ ပေါင်းသတ်ဆေးတို့ကို အသုံးပြုနိင်ပါသည်။

၈။ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း
ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှု ရှိ/ မရှိကို အမြဲမပြတ် ကွင်းဆင်း၊ ကင်းထောက်၊ စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာ အသုံးပြုပါ။
စပါးပင်ဖြစ်ထွန်းမှု အစောပိုင်းကာလ (၃၀-၄၀) ရက်အတွင်း ပိုးမွှားကျရောက်မှုကြောင့် အရွက်များပျက်စီးမှု ဖြစ်ပေါ်ပါက စပါးပင်မှ အစားထိုးပြန်လည်ရှင်သန်နိုင်ပါသည်။
ပိုးမွှားရောဂါများ ရှင်သန်ခိုအောင်းရာ နေရာဖြစ်သော ပေါင်းပင်များနှင့်ပင်ကြွင်း၊ ပင်ကျန်များကို သုတ်သင်ရှင်း လင်းပါ။
ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်
(က) ပတ်ဝန်းကျင် သီးနှံခင်းများနှင့် စိုက်ချိန်/ ရိတ်ချိန် ညီအောင်ဆောင်ရွက်ပါ။
(ခ) စိုက်ခင်းနှင့် ဘေးပတ်ဝန်းကျင်တွင် ပေါင်မြက်ကင်းစင်အောင် ရှင်းလင်းပါ။
(ဂ) ကြွက်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို သားမပေါက်ခင်အချိန်တွင် လက်ဦးမှုရယူ နှိမ်နင်းရန်အတွက် စစိုက်ချိန်တွင်တစ်ကြိမ် သီးနှံမပေါ်ခင်တွင် တစ်ကြိမ် မဖြစ်မနေဆောင်ရွက်သင့်ပါသည်။
(ဃ) ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်တွင်းများ တူးဖော်၍ ကြွက်ဖမ်းခြင်း၊ ကြွက်များအား လူအင်အား ဖြင့် ခြောက်လှန့်ဖမ်းဆီးခြင်း၊ ကြွက်ကာပစ္စည်းများအသုံးပြုခြင်း၊ ထောင်ချောက်သီးနှံဖြင့် ကြွက်ကာကွယ်နှိမ် နင်ခြင်း(Trap Barrier System)၊ ကြွက်တို့၏ သားရဲကောင်များ မွေးမြူခြင်း၊ ကြွက်မုဆိုးများ၏ အကူအညီ ရယူ၍ ကြွက်ဖမ်းခြင်း၊ ကြွက်ဆေးချခြင်း လုပ်ငန်းများကို လူထုလှုပ်ရှားမှု အသွင်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဆောင်ရွက်သင့်ပါသည်။
၉။ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန်နည်းစနစ်များ
မောင်းညိုချိန်(စပါးအနှံ၏ ၈၀-၈၅ ရာခိုင်နှုန်း ရင့်မှည့်ချိန်)တွင် ရိတ်သိမ်းပြီး ချက်ချင်းခြွေလှေ့ပါ။
၂ - ၃ ရက် နေဖြင့်အခြောက်လှန်းပါ။ လိုအပ်ပါက အခြောက်ခံကိရိယာ အသုံးပြုပြီး အပူချိန်ကို ၄၃ဒီဂရီ စင်တီဂရိတ်ခန့် ထား၍အခြောက်ခံပါ။
ကွန်ကရစ်တလင်း (သို့) မိုကာခင်းတွင် နေလှန်းပါက အထူ ၂လက်မထက် မပိုဘဲ ခပ်ပါးပါးလှန်းပါ။
ခြောက်သွေ့မှုညီညာစေရန် နာရီဝက်ခြားတစ်ကြိမ် အထက်အောက်လှန်ပေးပါ။
မြင့်မားသောအပူချိန် (၅၄.၄စင်တီဂရိတ်နှင့်အထက်) တွင် အခြောက်မခံသင့်ပါ။
စပါးစေ့အစိုဓာတ်သည် မျိုးစပါးအတွက် ၁၂% နှင့် ကြိတ်ခွဲစားသုံးမည့်စပါးအတွက် ၁၄% ထားရှိရန် လိုအပ်ပါ သည်။
မျိုးစေ့ကိုသန့်စင်ပြီး လေလုံစွာ ပိတ်ထားနိုင်သော ပုံး၊ ပေပါ၊ အိတ်စသည့်ပစ္စည်းများ (ဥပမာ - ဟာမက်တစ် အိတ်) ထဲသို့ ထည့်သွင်းပါ။
ထို့နောက် လေဝင်လေထွက်ကောင်းပြီး ပိုးမွှား၊ ကြွက်၊ ငှက် တို့မှ ကာကွယ်ထားသော သိုလှောင်ရုံအတွင်း စနစ်တ ကျ သိုလှောင်ပါ။
စပါးသိုလှောင်ထားရာ ပတ်ဝန်းကျင်တွင် ဖိတ်စင်ကျန်ရစ်ခဲ့သော စပါးစေ့များကို ချက်ချင်းသန့်စင် ဖယ်ရှားပါ။
သိုလှောင်ရုံကို ခြောက်သွေ့သန်းရှင်းအောင် ထားပါ။
ကိုးကား - စိုက်ပျိုးရေးဦးစီးဌာန

ကာရာအိုကေသီးချင်းတွေဆိုနိုင်ပြီးအသံတွေပါဖမ်းယူထားနိုင်မယ့်- Sing! by Smule 5.4.7 APK


အခုတင်ပေးလိုက်တဲ့ Application လေးကတော့  Version သစ်ဖြစ်တဲ့ သီချင်းဆိုဝါသနာပါတဲ့သူငယ်ချင်းများအတွက် သင့်တော် မယ့် Application လေးတစ်ခုပါဗျာ။ သီချင်းတွေကို Sing! Karaoke by Smule ဆိုတဲ့ Apk လေးနဲ့ဖွင့်ပြီး ကာရာအိုအေဆိုသလိုမျိုး ဆိုနိုင်မှာပါ။ တခါတည်းမှာပဲ မိမိဆိုထားတဲ့သီချင်းတွေကိုပါ အသံဖမ်းပြီးသိမ်းထား နိုင်ပါသေးတယ်ဗျာ။ ဒါဆိုရင်တော့လန်းတယ်နော် KTV တွေ Studio တွေမှာသွားပြီး အသံသွင်းစရာမလို ဘူးပေါ့ဗျာ။

Thursday, April 26, 2018

Effect ကောင်းကောင်း subtitles စာတန်းတို့နဲ့ Video ပြုလုပ်မယ်-VivaVideo: Free Video Editor 6.3.6 APK


Android ဖုန်းကိုင်းဆောင်းထားသော ဘော်ဒါတို့အတွက် မိမိကြိုက်နှစ်သက်တဲ့ Video လေးတွေကို အကောင်းဆုံး တည်းဖြတ်, Effect ကောင်းကောင်း subtitles စာတန်းတို့နဲ့ Video ပြုလုပ်မယ် Android application လေးတစ် နောက်ဆုံးထွက် ဗားရှမ်သစ်လေးကို တင်ပေးလိုက်ပါတယ်။တည်းဖြတ်နိုင်ပြီး မိမိကြိုက်တဲ့ video တွေထဲက မိမိကြိုက်နှစ်သက်တဲ့အခန်းလေးတွေကို ဓာတ်ပုံတွေအဖြစ်နဲ့ပါထုတ်နိုင်ပြီး

Facebook နဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို ဖြေရှင်းပေးမယ့် Facebook ToolBox ဆော့ဝဲလ်


Facebook အကောင့် လုံခြုံဖို့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေလုံခြုံဖို့ တစ်နေရာထဲမှာ စီမံထိန်းချုပ်လို့ရတဲ့ ဆော့ဝဲလ်အသစ်ကို (နည်းပညာချစ်သူ)Pageကနေ ပြုလုပ်ထားပါတယ်။ ဒီဆော့ဝဲလ်ရဲ့ နာမည်ကတော့ Facebook ToolBox ဖြစ်ပါတယ်။
  Facebook ToolBox ဆော့ဝဲလ်မှာ အသုံးပြုသူအားလုံး အဆင်ပြေအောင်/ နားလည်ရလွယ်ကူအောင်

မိမိဖုန်းမှာ စာတန်းထိုးပြီး-အကောင်းဆုံးတည်းဖြတ်နိုင်တဲ့ -VideoShow Video Editor, Video Maker, Beauty Camera 5.0 APK


မနေ့က အစ်ကိုတစ်ယောက် လာတောင်းထားတာတွေ့လို့ ဗားရှမ်းသစ်ကို ထွက်လာတာနဲ့တင်ပေးလိုက်တာပါ။ နောက် သုံးချင်းတဲ့ဘော်ဒါတို့ Update သုံးရင်လည်းအဆင်ပြေသွားတာပေါ့ဗျာ။ဒီကောင်လေး၏ အသုံးဝင်းပုံမသိတဲ့သူများအတွက်တော့ ကျနော်နည်းနည်းပြောပြပါမယ်။ကိုယ်

ဖုန်းထဲမှာ Virus တွေကြောက်ကြောက်နေသူများအတွက် Virus ကာကွယ်မယ့် -CM Security Antivirus 4.5.1 APK


Android OS ကိုင်ဆောင်ထားသော်ဘော်ဒါတို့အတွက် ဖုန်းထဲမှာ Virus တွေ ကြောက်ကြောက်နေသူများအတွက် Virus ကာကွယ်မယ့် Security Antivirus နောက်ဆုံးထွက်လေးကိုတင်ပေးလိုက်ပါတယ်။ ဖုန်းမှာ Virus ဝင်းလာမှာကြောက်နေတဲ့ဘော်ဒါတွေ ဒီကောင်းလေးကိုသုံးထားသင့်ပါတယ်။ နောက်ပြီး ဒီကောင်းလေးမှာတော့ lock apps တွေများများပါဝင်းလာပါတယ်ဗျာ။ ဥပမာ-Lock Contacts, WhatsApp, Facebook messenger,Lock

ဖုန်းမှာ Virus တွေကို ကာကွယ်သတ်ပေးမယ့်-Avast Mobile Security & Antivirus 6.10.6 APK


Androidဖုန်းမှာ Virus တွေကိုသတ်တဲ့မြောက်များစွာသော software တွေထဲက အကြိုက်တွေ့စေမဲ့ Avast Mobile Security & Antivirus 6.10.4 APK Updated လေးကိုတင်ပေးလိုက်ပါတယ်နော် ။ Avast ဆိုတာက ကျွန်တော်တို့computer တွေမှာတန်ဖိုးမဖြတ်နိုင်တဲ့ Antivirus software လေးဆိုတာသုံးဖူးတဲ့လူတိုင်းသိပါလိမ့်မေ ။ခုကတော့ ဖုန်းအတွက်ထွက်လာတာပါ virus